နီပေါနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်တွေကို ရောင်းထုတ်ပြီး ငွေရှာခဲ့တာကြောင့် စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ ဒီကျေးရွာမှာ နေထိုင်ကြတဲ့ အရွယ်ရောက်သူအားလုံးဟာ ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာကြောင့် ရွာအမည်ကို ကျောက်ကပ်ရွာလို့တောင် အမည်ပေးထားပါတယ်။
ဟော့ဆီလို့ အမည်ရတဲ့ ရွာလေးမှာ နေထိုင်သူတွေဟာ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေကို မှောင်ခို ရောင်းချနေသူတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်တွေ ရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုရောင်းထုတ်တဲ့အထဲမှာ အသက် (၃၇)နှစ်အရွယ်အမျိုးသမီး ဂီတာလည်း ပါဝင်ခဲ့ပါတယ်။ ယောက်မဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်ကို ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ခွဲထုတ်မှုကို အိန်္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဟော့ဆီရွာဟာ မြို့တော် ခတ္တုမန္ဒူ ကနေ (၁၂)မိုင်သာဝေးတဲ့ နေရာမှာရှိနေတာပါ။ ဂီတာဟာ ကျောက်ကပ်ကို ရောင်းခဲ့တာကြောင့် ပေါင်( ၁၂၀၀) ရရှိခဲ့ပါတယ်။ ရလာတဲ့ငွေကြေးကို နေအိမ်တစ်လုံး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးခဲ့ပြီး နေအိမ်ဟာ မကြာမီက လှုပ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။
ဂီတာ အတွက် ဝမ်းနည်းစရာဖြစ်သွားပါတယ်။ အသက်ကိုရင်းပြီး ကျောက်ကပ်ကို ရောင်းခဲ့ပေမယ့် အရာအားလုံးပျက်စီးမှုနဲ့ ကြုံခဲ့ရပါတယ်။ ကလေးလေးယောက်အမေ အိမ်ခြေမဲ့ တစ်ဦးဖြစ်တဲ့ ဂီတာဟာ ကျောက်ကပ်ကို မသိနားမလည်မှုနဲ့ ရောင်းခဲ့တာကြောင့် နောင်တရမဆုံးဖြစ်ခဲ့ပါတယ်။
ဟော့ဆီ ကျေးရွာမှာ နေထိုင်အများစုဟာ ခန္ဓာကိုယ် အတွင်းပိုင်းကလီစာတွေကို မှောင်ခိုရောင်းချ နေသူတွေရဲ့ လိမ်လည်ပြောဆိုမှုတွေကို ယုံကြည်ခဲ့ပါတယ်။ ကျောက်ကပ်ကို ရောင်းပါက ဘာမှဖြစ်မှာမပာုတ်ဘဲ ကျောက်ကပ်က အလိုအလျောက်ပြန်ရရှိလိမ့်မယ်လို့ လိမ်ညာပြောဆိုခဲ့တာဖြစ်ပါတယ်။
ရွာသားတွေဟာ ပိုက်ဆံရလိုတာကတစ်ကြောင်း၊ လိမ်ညာပြောဆိုမှုတွေကို ယုံကြည်တာက တစ်ကြောင်း ကျောက်ကပ်တွေကို ရောင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဟော့ဆီရွာဟာ တစ်ရွာလုံးပျက်စီးသွားခဲ့တာကြောင့် ကျောက်ကပ်ရောင်းပြီး ငွေကြေး ရှာဖွေထားသူတွေအတွက် လက်ထဲမှာ ဘာမှမကျန်တော့တဲ့ အခြေအနေကို ရောက်သွာခဲ့ပါတယ်။ နှစ်စဉ် ကျောက်ကပ် (၇၀၀၀) ခန့် တရားမဝင်ရောင်းချမှုတွေရှိနေပြီး ခန္ဓာကိုယ်အတွင်းပိုင်းကလီစာတွေ ရောင်းချရာမှာ တစ်နှစ်ကိုပေါင် သန်း (၆၅၀) အထိရှိနေတယ်လို့ သိရပါတယ်။Credit
Zawgyi
တစ္႐ြာလုံးနီးပါး ေက်ာက္ကပ္ေတြ ထုတ္ေရာင္းခဲ့တာေၾကာင့္ ေက်ာက္ကပ္႐ြာလို႔ အမည္တြင္သြားတဲ့႐ြာ
နီေပါနိုင္ငံမွာရွိတဲ့ ေက်း႐ြာတစ္႐ြာဟာ ခႏၶာကိုယ္မွာရွိတဲ့ ေက်ာက္ကပ္ေတြကို ေရာင္းထုတ္ၿပီး ေငြရွာခဲ့တာေၾကာင့္ စိတ္ဝင္စားစရာျဖစ္ခဲ့ပါတယ္။ ဒီေက်း႐ြာမွာ ေနထိုင္ၾကတဲ့ အ႐ြယ္ေရာက္သူအားလုံးဟာ ေက်ာက္ကပ္ေတြ ေရာင္းထုတ္ခဲ့တာေၾကာင့္ ႐ြာအမည္ကို ေက်ာက္ကပ္႐ြာလို႔ေတာင္ အမည္ေပးထားပါတယ္။
ေဟာ့ဆီလို႔ အမည္ရတဲ့ ႐ြာေလးမွာ ေနထိုင္သူေတြဟာ ခႏၶာကိုယ္အတြင္းပိုင္း ကလီစာေတြကို ေမွာင္ခို ေရာင္းခ်ေနသူေတြရဲ႕ ဆြဲေဆာင္မႈေၾကာင့္ ေက်ာက္ကပ္ေတြ ေရာင္းထုတ္ခဲ့တာျဖစ္ပါတယ္။ ဒီလိုေရာင္းထုတ္တဲ့အထဲမွာ အသက္ (၃၇)ႏွစ္အ႐ြယ္အမ်ိဳးသမီး ဂီတာလည္း ပါဝင္ခဲ့ပါတယ္။ ေယာက္မျဖစ္သူရဲ႕ ဆြဲေဆာင္မႈေၾကာင့္ ေက်ာက္ကပ္ကို ေရာင္းခ်ခဲ့ျခင္း ျဖစ္ပါတယ္။ ေက်ာက္ကပ္ခြဲထုတ္မႈကို အိန္ၵိယနိုင္ငံမွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ေဟာ့ဆီ႐ြာဟာ ၿမိဳ႕ေတာ္ ခတၱဳမႏၵဴ ကေန (၁၂)မိုင္သာေဝးတဲ့ ေနရာမွာရွိေနတာပါ။ ဂီတာဟာ ေက်ာက္ကပ္ကို ေရာင္းခဲ့တာေၾကာင့္ ေပါင္( ၁၂၀၀) ရရွိခဲ့ပါတယ္။ ရလာတဲ့ေငြေၾကးကို ေနအိမ္တစ္လုံး တည္ေဆာက္ခဲ့ပါတယ္။ ဒါေပမဲ့ ကံဆိုးခဲ့ၿပီး ေနအိမ္ဟာ မၾကာမီက လႈပ္သြားတဲ့ ငလ်င္ေၾကာင့္ ပ်က္စီးသြားခဲ့ပါတယ္။
ဂီတာ အတြက္ ဝမ္းနည္းစရာျဖစ္သြားပါတယ္။ အသက္ကိုရင္းၿပီး ေက်ာက္ကပ္ကို ေရာင္းခဲ့ေပမယ့္ အရာအားလုံးပ်က္စီးမႈနဲ႕ ႀကဳံခဲ့ရပါတယ္။ ကေလးေလးေယာက္အေမ အိမ္ေျခမဲ့ တစ္ဦးျဖစ္တဲ့ ဂီတာဟာ ေက်ာက္ကပ္ကို မသိနားမလည္မႈနဲ႕ ေရာင္းခဲ့တာေၾကာင့္ ေနာင္တရမဆုံးျဖစ္ခဲ့ပါတယ္။
ေဟာ့ဆီ ေက်း႐ြာမွာ ေနထိုင္အမ်ားစုဟာ ခႏၶာကိုယ္ အတြင္းပိုင္းကလီစာေတြကို ေမွာင္ခိုေရာင္းခ် ေနသူေတြရဲ႕ လိမ္လည္ေျပာဆိုမႈေတြကို ယုံၾကည္ခဲ့ပါတယ္။ ေက်ာက္ကပ္ကို ေရာင္းပါက ဘာမွျဖစ္မွာမပာုတ္ဘဲ ေက်ာက္ကပ္က အလိုအေလ်ာက္ျပန္ရရွိလိမ့္မယ္လို႔ လိမ္ညာေျပာဆိုခဲ့တာျဖစ္ပါတယ္။
႐ြာသားေတြဟာ ပိုက္ဆံရလိုတာကတစ္ေၾကာင္း၊ လိမ္ညာေျပာဆိုမႈေတြကို ယုံၾကည္တာက တစ္ေၾကာင္း ေက်ာက္ကပ္ေတြကို ေရာင္းခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ေဟာ့ဆီ႐ြာဟာ တစ္႐ြာလုံးပ်က္စီးသြားခဲ့တာေၾကာင့္ ေက်ာက္ကပ္ေရာင္းၿပီး ေငြေၾကး ရွာေဖြထားသူေတြအတြက္ လက္ထဲမွာ ဘာမွမက်န္ေတာ့တဲ့ အေျခအေနကို ေရာက္သြာခဲ့ပါတယ္။ ႏွစ္စဥ္ ေက်ာက္ကပ္ (၇၀၀၀) ခန႔္ တရားမဝင္ေရာင္းခ်မႈေတြရွိေနၿပီး ခႏၶာကိုယ္အတြင္းပိုင္းကလီစာေတြ ေရာင္းခ်ရာမွာ တစ္ႏွစ္ကိုေပါင္ သန္း (၆၅၀) အထိရွိေနတယ္လို႔ သိရပါတယ္။Credit