
ပိုက်ဆံတစ်ရာဆိုတာ လက်ကောက် တစ်တောင်ဆစ်နဲ့ လူတွေအတွက် ဘာမှမဟုတ်ပေမယ့် အဘအတွက်

တော့မောင်လေးကိုကျောင်းပို့ပြီး မေမေကဈေးဝယ်ချင်တယ်ဆိုလို့ စံပြဈေးထဲဝင်ပို့ပေးတာ သပြေပန်းဝယ်နေကြအဖိုးဆီ အမေသပြေပန်းရွေးနေတဲ့ ၅ မိနစ်အတွင်းလေးမှာ လာဝယ်သမျှလူတွေဟာ

အဘ သပြေတစ်စည်းဘယ်လောက်လဲ ၃ ရာသမီး ၂ စည်း ၅ ရာမရဘူးလားတဲ့မရပါဘူးသမီးရယ် အဘအဲ့ဒီတစ်ရာလေးဘဲမြတ်တာ ၆ ယောက်မှာ ၅ ယောက်ကအိုက်တစ်ရာလေးကို

မရမကဆစ်နေကြတာအဲ့ဒီထဲမှာ တစ်ယောက်ကဆို လက်ကောက်တစ်တောင်ဆစ်လောက်နဲ့ ကြည့်နေရင်းကြည့်နေရင်း ကုသိုလ်တွေများလာလိုက်တာ

မနေနိုင်မထိုင်နိုင်ဝင်ပြောမိပါလေရောအမယူသွားလိုက်နော် အိုက်တစ်ရာ ညီမစိုက်ပေးလိုက်မယ်လို့ အဲ့တော့ ဘုကြည့်ပြန်ကြည့်တယ် သူမတက်နိုင်ဘူးထင်လို့ ကိုယ်စိုက်ပေးတာလေ အဖိုးလဲရောင်းရအောင်ပါ

အဲ့လိုကျတော့လဲမဟုတ်ဖူး မယူတော့ဘူးဆိုပြီးထွက်သွားတယ်လူတွေအရမ်းဆိုးတယ် လူရှင်းတဲ့ထိစောင့်ပြီးမှ အမေကသပြေပန်းဖိုးရှင်းတော့ အဖိုးကပြောရှာတယ်သမီးရယ်တဲ့

အဘကအရင်ကဆို အဲ့တစ်ရာကိုမမြင်ဘူး လျှော့ပေးနေကြပါတဲ့ ဒါပေမဲ့ တစ်ယောက်ကိုတစ်ရာ တစ်ရာနဲ့ လူတွေအရမ်းများလာတော့ အိမ်ရောက်လို့ ပိုက်ဆံတွက်ရင် အဘမှာပိုက်ဆံက

မပိုတော့ဘူးတဲ့ အဘအသက် ၈၀ ပြည့်တော့မှာတဲ့ အလုပ်ကအရင်လိုသိပ်မလုပ်နိုင်တော့တော့ မလျှော့ပေးနိုင်တော့တာပါတဲ့ကြည့်နေရင်းက စိတ်တွေမကောင်းတော့ဘူး ပြောချင်တာက လူတွေရဲ့စိတ်ကိုပါ

ပိုက်ဆံတစ်ရာဆိုတာ ကိုယ်တွေအတွက်ဘာမှမဟုတ်ပေမဲ့ အဖိုးတို့လိုအသက်ကြီးတဲ့ထိပင်ပင်ပန်းပန်း ရှာဖွေစားသောက်နေရတဲ့လူတွေအတွက်က

အရမ်းတန်ဖိုးရှိပါတယ် ကိုယ်ကတော့လေ ခြေတွေလက်တွေအကောင်းကြီးနဲ့ တောင်းရမ်းစားသောက်နေတဲ့လူတွေကိုသာ

ပိုက်ဆံမထည့်ရင်နေမယ် ဒီလိုသက်ကြီးရွယ်အိုတွေဈေးရောင်းစားနေတာမြင်ရင် ဈေးဆစ်ရက်ဖို့ဆိုတာဝေလာဝေး မလိုအပ်တာတွေတောင် တွေ့ရင်တွေ့သလိုဝယ်ပါတယ်

နောက်ပြီး ကျွန်မကအစားအသောက်ဝယ်တဲ့အခါ ဘယ်‌ေတာ့မှဈေးမဆစ်ပါဘူး ကိုယ်ဝယ်နိုင်တဲ့ဈေးနဲ့ရောင်းတဲ့ဈေး ကွာဟနေတာကို မရမကဈေးဆစ်ပြီးစားတဲ့ အလုပ်ဘယ်တော့မှမလုပ်ပါဘူး

မတန်ဘူးထင်ရင်မဝယ်ပါဘူး မစားနိုင်ရင်မစားပါဘူးမတန်တဆဈေးဆစ်နေတာကိုသိရဲ့နဲ့ မရောင်းရမှာဆိုးလို့ ဈေးရင်းမရသေးလို့ဆိုပြီး မကျေမနပ်နဲ့ရောင်း

လိုက်ရတဲ့ဈေးသည်တွေရဲ့ မသထာရေစာမျိုးကိုလဲ မစားရက်ပါဘူး ဈေးဆစ်တယ်ဆိုတာနေရာတိုင်းမေကာင်းပါဘူး ကျွန်မကတော့အစားအစာနဲ့ သက်ကြီးရွယ်အိုတွေရောင်းတဲ့ပစ္စည်း

ဘယ်သောအခါမှဈေးမဆစ်ပါဘူးနောက်ဆုံးပြောချင်တာက အဖိုးတွေအဖွားတွေ ဈေးရောင်းနေတာမြင်ရင် ကိုယ်လိုတာလေးတွေဆို ဝယ်ပေးကြပါ ဈေးမဆစ်ကြပါနဲ့လို့

ခရက်ဒစ်

zawgyi












နောက်ပြီး ကျွန်မကအစားအသောက်ဝယ်တဲ့အခါ ဘယ်‌တော့မှဈေးမဆစ်ပါဘူး ကိုယ်ဝယ်နိုင်တဲ့ဈေးနဲ့ရောင်းတဲ့ဈေး ကွာဟနေတာကို မရမကဈေးဆစ်ပြီးစားတဲ့ အလုပ်ဘယ်တော့မှမလုပ်ပါဘူး




ခရက်ဒစ်

Leave a Comment