လုံးဝတွဲဖက်မစားသုံးသင့်တဲ့ အစားအစာ(၅)မျို:


၁။ ရေအေးနဲ့ ထမင်း

 

ထမင်းစားရင်း ရေသောက်လေ့ရှိသူတွေကို မြင်ဖူးကြမှာပါ။ တချို့က အစာစားရင်း ရေသောက်ရင် အစာပိုကြေလွယ်မယ်လို့ထင်ကြတယ်။ ဒါက တကယ်တော့မမှန်ပါဘူး။ ထမင်းစားရင်း ရေသောက်မိရင် မိမိစားထားတဲ့ အစာက ရေနဲ့ ရောထွေးသွားပြီး အူလမ်းကြောင်းမှာ အစိုင်အခဲအဖြစ် ကျန်ရှိနေမှာပါ။ ဒါက အစာချေဖျက်မှုကို နှောင့်နှေးစေပြီး ခန္ဓာကိုယ်ကို မအီမသာဖြစ်စေပါတယ်။

၂။ သခွားသီးနဲ့ ခရမ်းချဉ်သီး

 

သခွားသီးမှာ ပါတဲ့ enzyme(အန်ဇိုင်း) တစ်မျိုးဟာ ခရမ်းချဉ်သီးမှာပါတဲ့ ဗီတာမင် စီ(အချဉ်ဓာတ်) နဲ့ လုံးဝမတည့်ပါဘူး။ ဒါကြောင့် ဒီနှစ်ခုကို တွဲစားမိရင် ကိုယ်လက်မအီမသာဖြစ်ပြီး မူးဝေးအော့အန်တာတွေ ဖြစ်ပွားစေပါလိမ့်မယ်။

၃။ ဘီယာနဲ့ မြေပဲဆားလှော်

ဘီယာကို အငန်ဓာတ်ပါတဲ့ မြေပဲဆားလှော်နဲ့ တွဲဖက်ပြီးမစားသုံးသင့်ပါဘူး။ ဘီယာနဲ့ မြေပဲဆားလှော် တွဲဖက်စားသုံးတဲ့အခါ သင့်ခန္ဓာကိုယ်ကို အလိုလိုနေရင်းရေဓာတ်ခမ်းခြောက်စေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘီယာကို မြေပဲဆားလှော်နဲ့ မြည်းမိတဲ့အခါတိုင်း ရေငတ်သလို ခံစားချက်မျိုးတွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

 

၄။ ထမင်းစားပြီး အသီးအနှံစားခြင်း

ထမင်းစားပြီး အသီးအနှံစားလို့ရှိရင် အသီးတွေက ချေဖျက်ရလွယ်ကူတာကြောင့် အရင် အစာကြေသွားပြီး အညစ်အကြေးအဖြစ် စွန့်ထုတ်ဖို့ ပမာဏ နည်းသေးတဲ့အတွက် မကြေနိုင်သေးတဲ့ ထမင်း၊ဟင်း အစာတွေကို စောင့်ဆိုင်းရပါတယ်။ အဲ့လို စောင့်ဆိုင်းနေရင်းက အက်ဆစ်(အချဉ်ဓာတ်) များစွာ ပါဝင်တဲ့ အသီးအနှံတွေဟာ အစာအိမ်ထဲမှာ အချဉ်ပေါက်သွားနိုင်ပါတယ်။ (မျိုးစုံသော အသီးအနှံများမျာ သူမတူနဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်နေတတ်ပါသည်။)

၅။ နို့နှင့် အချဉ်သီးများ

 

နို့နဲ့ အက်ဆစ်ဓာတ်ကြွယ်ဝတဲ့ အချဉ်သီးတွေကို တွဲဖက်မစားသုံးသင့်ပါဘူး။ နို့အေး(သို့) နို့နဲ့ပြုလုပ်ထားတဲ့ ခရင်မ်တွေ နဲ့ဆိုရင်တော့ ကိစ္စသိပ်မရှိပေမယ့် ကျိုချက်ထားတဲ့ နို့ပူပူလေးနဲ့ အချဉ်သီး တွဲဖက်စားသုံးမိရင်တော့ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ ဝမ်းပျက်ဝမ်းလျောခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ တွဲဖက်မစားသုံးသင့်တဲ့ အစားအစာ (၅) မျိုးအကြောင်းပဲဖြစ်ပါတယ်။

Zawgyi

၁။ ေရေအးနဲ႔ ထမင္း

ထမင္းစားရင္း ေရေသာက္ေလ့ရွိသူေတြကို ျမင္ဖူးၾကမွာပါ။ တခ်ိဳ႕က အစာစားရင္း ေရေသာက္ရင္ အစာပိုေၾကလြယ္မယ္လို႔ထင္ၾကတယ္။ ဒါက တကယ္ေတာ့မမွန္ပါဘူး။ ထမင္းစားရင္း ေရေသာက္မိရင္ မိမိစားထားတဲ့ အစာက ေရနဲ႔ ေရာေထြးသြားၿပီး အူလမ္းေၾကာင္းမွာ အစိုင္အခဲအျဖစ္ က်န္ရွိေနမွာပါ။ ဒါက အစာေခ်ဖ်က္မႈကို ေႏွာင့္ေႏွးေစၿပီး ခႏၶာကိုယ္ကို မအီမသာျဖစ္ေစပါတယ္။

၂။ သခြားသီးနဲ႔ ခရမ္းခ်ဥ္သီး

သခြားသီးမွာ ပါတဲ့ enzyme(အန္ဇိုင္း) တစ္မ်ိဳးဟာ ခရမ္းခ်ဥ္သီးမွာပါတဲ့ ဗီတာမင္ စီ(အခ်ဥ္ဓာတ္) နဲ႔ လုံးဝမတည့္ပါဘူး။ ဒါေၾကာင့္ ဒီႏွစ္ခုကို တြဲစားမိရင္ ကိုယ္လက္မအီမသာျဖစ္ၿပီး မူးေဝးေအာ့အန္တာေတြ ျဖစ္ပြားေစပါလိမ့္မယ္။

၃။ ဘီယာနဲ႔ ေျမပဲဆားေလွာ္

ဘီယာကို အငန္ဓာတ္ပါတဲ့ ေျမပဲဆားေလွာ္နဲ႔ တြဲဖက္ၿပီးမစားသုံးသင့္ပါဘူး။ ဘီယာနဲ႔ ေျမပဲဆားေလွာ္ တြဲဖက္စားသုံးတဲ့အခါ သင့္ခႏၶာကိုယ္ကို အလိုလိုေနရင္းေရဓာတ္ခမ္းေျခာက္ေစမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဘီယာကို ေျမပဲဆားေလွာ္နဲ႔ ျမည္းမိတဲ့အခါတိုင္း ေရငတ္သလို ခံစားခ်က္မ်ိဳးေတြ ျဖစ္ေပၚလာတာပဲျဖစ္ပါတယ္။

၄။ ထမင္းစားၿပီး အသီးအႏွံစားျခင္း

ထမင္းစားၿပီး အသီးအႏွံစားလို႔ရွိရင္ အသီးေတြက ေခ်ဖ်က္ရလြယ္ကူတာေၾကာင့္ အရင္ အစာေၾကသြားၿပီး အညစ္အေၾကးအျဖစ္ စြန႔္ထုတ္ဖို႔ ပမာဏ နည္းေသးတဲ့အတြက္ မေၾကႏိုင္ေသးတဲ့ ထမင္း၊ဟင္း အစာေတြကို ေစာင့္ဆိုင္းရပါတယ္။ အဲ့လို ေစာင့္ဆိုင္းေနရင္းက အက္ဆစ္(အခ်ဥ္ဓာတ္) မ်ားစြာ ပါဝင္တဲ့ အသီးအႏွံေတြဟာ အစာအိမ္ထဲမွာ အခ်ဥ္ေပါက္သြားႏိုင္ပါတယ္။ (မ်ိဳးစုံေသာ အသီးအႏွံမ်ားမ်ာ သူမတူနဲ႔ အက္ဆစ္ဓာတ္ေတြ ပါဝင္ေနတတ္ပါသည္။)

၅။ ႏို႔ႏွင့္ အခ်ဥ္သီးမ်ား

ႏို႔နဲ႔ အက္ဆစ္ဓာတ္ႂကြယ္ဝတဲ့ အခ်ဥ္သီးေတြကို တြဲဖက္မစားသုံးသင့္ပါဘူး။ ႏို႔ေအး(သို႔) ႏို႔နဲ႔ျပဳလုပ္ထားတဲ့ ခရင္မ္ေတြ နဲ႔ဆိုရင္ေတာ့ ကိစၥသိပ္မရွိေပမယ့္ က်ိဳခ်က္ထားတဲ့ ႏို႔ပူပူေလးနဲ႔ အခ်ဥ္သီး တြဲဖက္စားသုံးမိရင္ေတာ့ က်န္းမာေရးနဲ႔ ပတ္သတ္တဲ့ဆိုးက်ိဳးေတြရွိလာႏိုင္ပါတယ္။ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးေတြကေတာ့ ဝမ္းပ်က္ဝမ္းေလ်ာျခင္း၊ ကိုယ္လက္မအီမသာျဖစ္ျခင္း တို႔ပဲျဖစ္ပါတယ္။

အခုတင္ဆက္ေပးသြားတာကေတာ့ တြဲဖက္မစားသုံးသင့္တဲ့ အစားအစာ (၅) မ်ိဳးအေၾကာင္းပဲျဖစ္ပါတယ္။

crd

Leave a Comment