နေ့စဉ်ဖွင့်နေတဲ့ ရွှေတစ်ကျပ်သားဈေးကို ဘယ်သူတွေ သတ်မှတ်တာလဲ၊ ဘယ်လိုတွက်ပြီး ဈေးဖွင့်နေသလဲ
မြန်မာနိုင်ငံမှာ ရွှေဈေးနှုန်းကို ၁ ကျပ်သား အခေါက်ဈေးနှုန်းနဲ့ ပြောကြတယ်။ မီးလင်းနဲ့ အခေါက်ရွှေ အခေါ်ကွဲတာ အတူတူပဲ။
ရွှေဈေးကို အကယ်ဒမီတံဆိပ် ရွှေပေါ်မှာ စံထား ဈေးသတ်မှတ်တယ်။ ရွှေဈေးလို့ပြောတာနဲ့ အကယ်ဒမီဈေးကို ပြောတယ်ဆိုတာ ရွှေလောက ကလူတွေက အော်တိုသိပီးသား..
ဘာလို့ အကယ်ဒမီကို စံအဖြစ်ထားလည်းဆိုတော့ သူက နာမည်ရှိပြီးသား လူအများကလက်ခံလို့။ တစ်ပိုင်းကို တစ်ဆယ်သား။
တစ်ထုပ်ကို ၁ ပိဿာလို့ခေါ်ကြတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ကို တစ်ပိုင်းကစ အနည်းဆုံးလုပ်ကြတယ်။ အခြားတံဆိပ်တွေကို ကြား လို့ခေါ်ကြတယ်။
ဆိုင်သမားအများစုကတော့ ကျိုပီးအထည်ခတ်မှာဆိုတော့ ကြားတံဆိပ်ပဲသုံးကြတယ်။
ရွှေဈေးကို ဘယ်သူသတ်မှတ်တာလဲ.. ရွှေဈေးကို အကယ်ဒမီရွှေဆိုင်ကလည်း သတ်မှတ်တာမဟုတ်ဘူး။ ဘယ်ရွှေဆိုင်၊ ဘယ်သူကမှ သတ်မှတ်ပေးတာမဟုတ်ဘူး။
ရွှေဈေးကို ရွှေအသင်းမှာ ရောင်းမယ့်သူ ဝယ်မယ့်သူ ပွဲစားတွေ တွေ့ဆုံပီး ကမ္ဘာ့ရွှေဈေး ဒေါ်လာဈေးနဲ့တွက် ရောင်းလိုအား ဝယ်လိုအားပေါ်မူတည်ပီး ဈေးဖွင့်ကြ အရောင်းအဝယ်စဖြစ်သွားတဲ့ဈေးကို အဲ့နေ့ရွှေဈေးအဖြစ် စသတ်မှတ်တယ်။
ကမ္ဘာ့ဈေး ဒေါ်လာဈေးအပြောင်းအလဲ ဝယ်လိုအားရောင်းလိုအားပေါ်မူတည် ဈေးတိုးရောင်း ဈေးလျော့ရောင်းကျရင်း ဈေးအတက်အကျ ဖြစ်တယ်။ အကြမ်းဖျင်းအားဖြင့် ရန်ကုန်ရွှေဈေး မနက် ၁၁ လောက်ဆို အရင်ကစဖွင့်ပီ။
ခုနောက်ပိုင်းကတော့ ၁၂ ကျော်မှ ဖွင့်တော့တယ်။ ရွှေဆိုင်တွေ မနက်ခင်းဖွင့်ကြတဲ့ဈေးတွေက မနေ့က ပိတ်ဈေး ၊ မနက်ခင်းကမ္ဘာ့ရွှေဈေးပေါ်မူတည် တွက်ပီးအကြမ်းဖွင့်ရောင်းဝယ်ကြတာ။
ကမ္ဘာရွှေဈေးနှုန်းကို တစ်အောင်စဈေးနဲ့ပြောတယ်။ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးနဲ့ မြှောက် = 1.875 နဲ့စားလိုက်ရင် အကြမ်းမြန်မာ့ဈေး မီးလင်း ၁ ကျပ်သားဈေးရတယ်။ (ပြည်တွင်းရောင်းလိုအား ဝယ်လိုအားပေါ်မူတည်ပြီး အတိုးအလျော့ရှိပါတယ်)
ဥပမာ – ဒီနေ့ ကမ္ဘာ့ရွှေ ၁ အောင်စဈေးက 1717 ။ ဒေါ်လာဈေးက 3600 ဆို နိုင်ငံခြာငွေနှစ်ခုမြှောက် 1.875 နဲ့စား = 3295000 ကျပ် မီးလင်း ၁၆ ပဲရည် ၁ ကျပ်သားဈေးရတယ်။ (ဈေးကွက် ရောင်းလိုအားဝယ်လိုအားပေါ်မူတည် အနည်းအများပြောင်းတယ်)
1.875 နဲ့ ဘာလို့စားရသလဲဆိုတော့ ရွှေတစ်အောင်စမှာ 1.875 ကျပ်သားရှိလို့ ၁ ကျပ်သားဈေးလိုချင်တော့ အနည်းလိုအများစားခြေနည်းနဲ့တွက်တာ။
ကမ္ဘာ့ဈေးကို အင်တာနက်မှာ gold price လို့ရိုက်ရှာလိုက်ရင် တွေ့တယ်။ ၁ ပဲ = ၈ ရွေး။ ၁ ကျပ်သား = ၁၆ ပဲ = ၁၂၈ ရွေးရှိတယ်။
၁၅ ပဲရည် (ပဲစပ်).. ဘာလို့ ၁၅ ပဲရည် (ပဲစပ်)လို့ ခေါ်သလဲဆိုတော့ ကြေးနီ ၁ ပဲစပ်ထားလို့ ရွှေ ၁၅ ပဲ ဘဲပါတော့လို့။ ၁၄ ပဲရည်ဆို ၂ ပဲစပ်။ ၁၃ ပဲ ရည်ဆို ၃ ပဲစပ်။
ပဲစပ်ဈေး လိုချင်ရင် 16 ကို 17 နဲ့စား၊ မီးလင်းဈေးနဲ့ မြှောက်။ (ဘာလို့ 17 နဲ့စားရသလဲဆိုတော့ ကြေး ၁ ပဲစပ်ထားလို့။ ၁၅ ပဲရည်ဈေးလိုချင်တော့ အနည်းလို အများစားခြေစနစ်နဲ့တွက်တာ)
၁၄ ပဲ ၂ ပြား ဒင်္ဂါးဈေးလို့ချင်ရင် 16 ကို 17.5 နဲ့စား၊ မီးလင်းဈေးနဲ့မြှောက်။ ဘာလို့ 17.5 နဲ့စားရသလဲဆိုတော့ တစ်ပဲခွဲ ၁၂ ရွေးစပ်တာမလို့။ အပေါ်နည်းအတိုင်း။
ဥပမာ – ပဲစပ်ဈေးတွက်မယ်ဆို။ 16 ကိုတည် 17 နဲ့စားတော့ 0.941176…. ရတယ်။ ရတာကို ဒီနေ့မီးလင်းဈေး ၃၁ သိန်းမြှောက် 2917000 ရတယ်။ အဲ့တာ ၁၅ ပဲရည် တစ်ကျပ်သားဈေးပဲ။ ၁၃ ပဲရည်လိုချင်ရင် သူက ၃ ပဲစပ်ဆိုတော့ 16 ကိုတည် 19 နဲ့စား မီးလင်းဈေးနဲ့မြှောက် ဒါပဲ။
နိုင်ငံခြားကလာတဲ့ အထည်တွေမှာရေးထားတဲ့ 24K ဆို အခေါက်ရွှေ၊ 22K ပဲစပ်၊ 18K ၁၂ ပဲရည်လို့ သတ်မှတ်ခေါ်တယ်။ မြန်မာရွှေဈေးကွက်က နည်းစနစ်တကျ ဖွဲ့စည်းလုပ်ကိုင်တဲ့ ခိုင်မာမှန်ကန်တဲ့ဈေးကွက်တော့ မရှိသေးဘူး။
လူယုံကြည်မှု လေနဲ့လုပ်ကြတာများတယ်။ ဒါ့ကြောင့် ဈေးကမောက်ကမဖြစ်တယ် ရှုံးရင် ခဏခဏထွက်ပြေးကြတယ်။
တစ်ချိန်မှာ လူတိုင်းလုပ်ရလွယ်ကူတဲ့ အချိန်မရွေးရောင်းဝယ်လို့ရတဲ့ ခိုင်မာတဲ့ E Trade ရွှေဈေးကွက်တစ်ခုဖြစ်လာဖို့လိုတယ်။ ဒါမှနိုင်ငံတော်လည်း အခွန်ရ အားလုံးလည်း အာမခံရှိအဆင်ပြေမှာ။
အကယ်ဒမီရွှေနဲ့အခြားရွှေဘာကွာလဲ.. ယေဘူယအားဖြင့် ဘာမှမကွာကြဘူးလို့ ပြောလို့ရတယ်။ အကယ်ဒမီက သက်တမ်းကြာပီ နာမည်ရှိတယ် ရွှေရည်ကောင်းတယ်စိတ်ချရတယ်ဆိုပီး အများလက်ခံလို့ အကယ်ဒမီတံဆိပ်ကို စံအဖြစ်ထားလုပ်လိုက်တာ။ စံထား အရောင်းအဝယ်လုပ်သူများတော့ အခြားတံဆိပ်တွေထက် ဈေး တစ်သောင်း ပတ်ဝန်းကျင်ခန့် ပိုတက်ပါတယ်။
ဒါကြောင့်ဈေးကွက်ဖွင့် အကယ်ဒမီရွှေဈေးနဲ့ ရွှေဆိုင်တွေပေါက်ဈေးက သောင်းဂဏန်းကွာနေတတ်တယ်။ ၁ ကျပ်သား ၂ ကျပ်သား ဖြတ်စအတုံးဝယ်မယ်ဆိုရင်တော့ ဘာတံဆိပ်ဝယ်ဝယ် အတူတူပါပဲ။
နိုင်ငံခြားမှာတော့ အခေါက်ရွှေမီးလင်းဆို အကုန်အတူတူပဲ။ ကျနော်နေ့စဉ်တင်ပေးနေတဲ့ဈေးက ဈေးကွက်ကစဖွင့်တဲ့ အကယ်ဒမီရွှေပေါက်ဈေးအမှန်ပါ။ ဟိုဆိုင်နဲ့ကွာတယ် ဒီဆိုင်နဲ့ကွာတယ် လာလာပြောနေကြလို့။
ကျေးဇူးပါ.. ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကြပါစေ.. ကျော်ကြီး (MDY)