ယနေ့ ရွှေစျေး ၂၈ သိန်းကျပ် ဝန်းကျင်အထိ ဈေးပြန်ကျ
ယနေ့ ရွှေစျေး ၂၈ သိန်းကျပ် ဝန်းကျင်အထိ ဈေးပြန်ကျ
စက်တင်ဘာ ၁၄
ကျပ် ၃၅ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေစျေးနှုန်းဟာ ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက် ၁၀နာရီခွဲ စျေးကွက်စဖွင့်ချိန်မှာတော့
အခေါက်ရွှေတစ်ကျပ်သားကို ၂၈ သိန်းဝန်းကျင်နဲ့ စျေးကွက်စဖွင့်လာတယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေဆီက သိရပါတယ်။
“ဒီမနက် ၁၆ ပဲရည်တစ်ကျပ်သားကို ၂၈ သိန်း ၇ သောင်းရောင်းပြီး ၂၈ သိန်းနဲ့ ပြန်ဝယ်ပါတယ်။ ရောင်းစျေးဝယ်စျေးအကွာ ၇ သောင်းပါ”လို့ ရန်ကုန်မြို့က ရွှေဆိုင်တစ်ဆိုင်ကဖြေကြားထားပြီး
“ ဒီမနက်ရွှေအဖွင့်စျေးက ၁၆ ပဲရည် ၂၈ သိန်းဝန်းကျင်ပါ၊ ၁၅ ပဲရည်က ၂၆ သိန်း ၈ သောင်းဝန်းကျင်ပါ မနေ့ကစျေးထက် တစ်သိန်းဝန်းကျင်လောက် ပြန်ကျလာပါတယ်”လို့ ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်တာကာလအတွင်း အခေါက်ရွှေစျေးနှုန်းဟာ သိန်း ၃၀ အထက်မှာပဲရှိနေခဲ့တာဖြစ်ပေမယ့် ဒီနေ့မှာတော့ ၂၈ သိန်း ၀န်းကျင်နဲ့ စျေးဖွင့်လာခဲ့တာဖြစ်ပါတယ်။
အခုတစ်ပတ် စက်တင်ဘာ ၁၂ ရက်(တနင်္လာနေ့) ရွှေအဖွင့်စျေးဟာ ၃၁ သိန်းကျော် ၀န်းကျင်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့ရွှေအဖွင့်စျေးက သိန်း ၃၀ ၀န်းကျင်ဖြစ်ကာ
စက်တင်ဘာ ၁၄ ရက် ရွှေအဖွင့်စျေး ၂၈ သိန်းဝန်းကျင်ဖြင့် ရွှေစျေး တရိပ်ရိပ်ပြန်ကျလာခဲ့ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ကထုတ်ပြန်တဲ့ အခေါက်ရွှေ ရည်ညွှန်းအဖွင့်စျေးကတော့ ၁၉၉၄၀၀၀ ကျပ် ဖြစ်ပြီး မနေ့က ရွှေအဖွင့်စျေးထက် ကျပ်နှစ်သောင်း လောက်ကျလာခဲ့ပါတယ်။
<<<<< zawgyi >>>>>
စက္တင္ဘာ ၁၄
ကျပ် ၃၅ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီနေ့ စက်တင်ဘာ ၁၄ ရက် မနက် ၁၀နာရီခွဲ ဈေးကွက်စဖွင့်ချိန်မှာတော့
အခေါက်ရွှေတစ်ကျပ်သားကို ၂၈ သိန်းဝန်းကျင်နဲ့ ဈေးကွက်စဖွင့်လာတယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တွေဆီက သိရပါတယ်။
“ ဒီမနက်ရွှေအဖွင့်ဈေးက ၁၆ ပဲရည် ၂၈ သိန်းဝန်းကျင်ပါ၊ ၁၅ ပဲရည်က ၂၆ သိန်း ၈ သောင်းဝန်းကျင်ပါ မနေ့ကဈေးထက် တစ်သိန်းဝန်းကျင်လောက် ပြန်ကျလာပါတယ်”လို့ ရွှေဆိုင်တစ်ဆိုင်ကပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်တာကာလအတွင်း အခေါက်ရွှေဈေးနှုန်းဟာ သိန်း ၃၀ အထက်မှာပဲရှိနေခဲ့တာဖြစ်ပေမယ့် ဒီနေ့မှာတော့ ၂၈ သိန်း ၀န်းကျင်နဲ့ ဈေးဖွင့်လာခဲ့တာဖြစ်ပါတယ်။
အခုတစ်ပတ် စက်တင်ဘာ ၁၂ ရက်(တနင်္လာနေ့) ရွှေအဖွင့်ဈေးဟာ ၃၁ သိန်းကျော် ၀န်းကျင်ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်နေ့ရွှေအဖွင့်ဈေးက သိန်း ၃၀ ၀န်းကျင်ဖြစ်ကာ
စက်တင်ဘာ ၁၄ ရက် ရွှေအဖွင့်ဈေး ၂၈ သိန်းဝန်းကျင်ဖြင့် ရွှေဈေး တရိပ်ရိပ်ပြန်ကျလာခဲ့ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ကထုတ်ပြန်တဲ့ အခေါက်ရွှေ ရည်ညွှန်းအဖွင့်ဈေးကတော့ ၁၉၉၄၀၀၀ ကျပ် ဖြစ်ပြီး မနေ့က ရွှေအဖွင့်ဈေးထက် ကျပ်နှစ်သောင်း လောက်ကျလာခဲ့ပါတယ်။
Leave a Comment