သာကေတမြို့နယ် ကမာကြည်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်

သာကေတမြို့နယ် ကမာကြည်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှုဖြစ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဒီကနေ့ စက်တာဘာ ၁၄ ရက် မနက် ၁၀နာရီဝန်းကျင်လောက်က တံတားပေါ်ကနေအမျိုးသားတစ်ဦးခုန်ချမှုဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

လူမှုကူညီရေးအသင်းတွေရောက်သွားချိန်မှာတော့ ခုန်ချသွားတဲ့ အမျိုးသားရဲ့ စက်ဘီး၊ဖိနပ်နဲ့အသုံးအဆောင်တချို့ ကိုချန်ထားခဲ့တာကိုတွေ့ရပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့အတည်ပြုနိုင်တာမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ တံတားပေါ်က ခုန်ချသွားတဲ့ အမျိုးသားကို ရှာဖွေနိုင်ဖို့ နယ်မြေခံရဲ တပ်ဖွဲ့တွေက လုပ်ဆောင်နေပြီး နေ့လယ်ပိုင်းအထိတော့ ရှာဖွေတွေ့ရှိတာမရှိသေးဘူးလို့ သာကေတ မြို့နယ်လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးရက်သတ္တပတ်တွေတုန်းကလည်း ရန်ကုန်အပါအဝင် ဒေသတချို့မှာ အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တစ်ပတ်အတွင် လူ ၇ ဦးtayဆုံးခဲ့ပါတယ်။

မိမိပတ်၀န်းကျင်မှာ ခုလို ဘ၀ကိုဆက်လက်ပြီး ရှင်သန်နေထိုင်ဖို့ အားမရှိတော့ဘူးဆိုတဲ့ဖွင့်ဟ၀န်ခံမှုတွေ ကြုံရတဲ့အခါမှာ သူ့ရဲ့ပြဿနာကို အလေးထားပြီး နားထောင်ပေးပြီး ဆွေးနွေးပေးသင့်ပါတယ်။


အမေရိကန်နိုင်ငံ၊ ဗားမောက်တက္ကသိုလ်မှာ စိတ်ပညာ ပါရဂူဘွဲ့တက်ရောက်နေတဲ့ ClinicalPsychologist မဖြူပန်းနုခင်က ဘီဘီစီနဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အကြံပြုထားပါတယ်။

ဓါတ်ပုံ- သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့

ခရက်တစ်








ဒါဟာ ကိုယ်တဈဦးတည်း ကြဳံနေရတာမဟုတ်ေကြာင်းနဲ႔တဈရက်ချင်းကို အေကာင်းဆုံးရွင်သန်ဖို႔ဝိုင်းဝန်းအဖြေရွာဖို႔ နဲ႔ အဆုံးစီရင်ခြင်းဟာ ထွက်ေပါက်မဟုတ်ေကြာင်း



ခရက်တစ်

Leave a Comment