ဒီလိုေၾကာက္စရာေကာင္းတဲ့ တကၠစီသမားလည္း ရွိေသးတာပဲ…ေကာင္မေလးမွာ သနားစရာ


ဒီလိုေၾကာက္စရာေကာင္းတဲ့ တကၠစီသမားလည္း ရွိေသးတာပဲ…ေကာင္မေလးမွာ သနားစရာ

မိန္းကေလးငယ္တဦးရဲ႕ ကိုယ္ေတြ႕ ျဖစ္ရပ္ပါ။

၁၃-၉-၂၀၂၂ ရက္ေန႔တြင္ ၿမိဳ႕ထဲ ၁၉ လမ္းမွ ည ၇ နာရီ အခ်ိန္တြင္ တကၠစီနံပါတ္ 3E 5471 ကို ငွားရမ္းခဲ့ပါသည္။

ကားသမားကို အုတ္က်င္းသို႔ ၅၀၀၀ ႏွင့္ငွားရမ္းခဲ့ရာ ေဈးအဆင္မေျပသ၍ ကားမထြက္ခင္ ကားေပၚမွ ျပန္ဆင္းခဲ့ပါသည္။

၎Taxi သမားမွ အဆင္ေျပတယ္ ကားေပၚတက္လို႔ ေျပာခဲ့ရာ ဦးေလး ၅၀၀၀ ေနာ္လို႔ေျပာ၍ တက္ခဲ့သည္။ ထိုသူမွာလဲ ရတယ္ တက္လို႔ေျပာခဲ့သည္။

ထို႔ေနာက္ ေဆး႐ုံႀကီးေရွ႕မွ ျဖတ္၍ ၿမိဳ႕မေက်ာင္းလမ္းသို႔ေမာင္းႏွင္ခဲ့သည္။ ကံေကာင္းသည္မွာ က်မရဲ႕ ေကာင္ေလးနဲ႔ဖုန္းေျပာေနခဲ့ျခင္းျဖစ္သည္။

ၿမိဳ႕မေက်ာင္းလမ္း မီးပြိဳင့္သို႔မေရာက္ခင္ တကၠစီသမား ဦးေလးႀကီးမွ တစ္လမ္းလုံး ဦးေလးတို႔က ပိုက္ဆံကိုဘယ္လိုယူတာ ၿငီးျငဴေနခဲ့ရာ

ေဆး႐ုံႀကီး အေက်ာ္မွာ “ဦးေလး၅၀၀၀နဲ႔မရရင္ သမီးဆင္းေတာ့မယ္ သမီးမွာလဲ တကယ္အဲ့ေလာက္ပဲပါတယ္” လို႔ေျပာခဲ့ေသာ္လည္း အတင္း ဆက္ေမာင္းခဲ့သည္။

ရန္ကုန္ေဆး႐ုံႀကီးအေက်ာ္မွာ အတင္းကားရပ္ခိုင္းေသာ္လည္း မရပ္ပဲဆက္ေမာင္းခဲ့သည္။

က်မလဲ ဒီလူႀကီးမွာ မူမမွန္တာသိေသာေၾကာင့္ ကားကို အတင္းရပ္ခိုင္းရာ ထိုသူမွာ မရပ္ပဲဆက္လက္ေမာင္းႏွင္ခဲ့သည္။

မီးပြိဳင့္သို႔ေရာက္ေသာ္ က်မသည္ ကားေပၚမွ အတင္းဆင္းခဲ့သည္။ အဲ့မတိုင္ခင္ ကားေပၚမွ ဆင္းမယ္ႀကံတိုင္းအေရွ႕မွကားကို အတင္းဆြဲပိတ္ၿပီးက်မ အိတ္ကို အတင္းဆြဲရမ္းခဲ့သည္။

က်မ အိတ္ကို စလြယ္သိုင္းၿပီး ကားတံခါးဖြင့္ၿပီး ကားေပၚမွ အတင္းဆင္းခဲ့သည္။

သူေတာင္းတဲ့ပိုက္ဆံကိုလဲေပးမယ္ဆိုၿပီး ေကာင္ေလးကို ဖုန္းဆက္ေနသည္ကို က်မ ပိုက္ဆံအိတ္ကိုသာ အတင္းဆြဲေနခဲ့သည္။

ထိုအခ်ိန္တြင္ လူမ်ားျပက္၍ မိုးမ်ား႐ြာေနခဲ့သည္။ လမ္းမွ တကၠစီမ်ားကို အကူညီေတာင္းေသာ္လည္း ရပ္ေပးခဲ့ျခင္းမရွိေပ။

ကားေပၚမွ ဆင္းသည့္တိုင္ေအာင္ ပိုက္ဆံအိတ္ကို လိုက္လံဆြဲယူၿပီး ပိုက္ဆံေတာင္းယူခဲ့သည္။ က်မလဲ လူသူရွိ၍ လင္းထိန္ေသာေနရာသို႔ အတင္းေရာက္ေအာင္ မိုးေရထဲ၌ မရရေအာင္ သြားေရာက္ခဲ့သည္။

ထို႔ေနာက္ သူေတာင္းေသာ ပိုက္ဆံကိုရွင္းေပးမယ္ဆိုၿပီး ရွင္းေပးလိုက္ေတာ့မွ ပိုက္ဆံေတာင္ျပန္မအမ္းပဲ လွည့္ထြက္သြားသည္။

က်မလဲ လူကို ဘာမွ အႏၲရာယ္မျပဳတာပဲ ကံေကာင္းတယ္ဆိုၿပီး ပိုက္ဆံျပန္မေတာင္းခဲ့ပါ။

ညဘက္မိုးခ်ဳပ္ေနေသာေၾကာင့္ လမ္းကိုေသခ်ာ မမွတ္မိေတာ့ပါ ေကာင္ေလးျဖစ္သူမွာ စိတ္ပူၿပီး လိုက္လာေသာေၾကာင့္ အႏၲရာယ္ကင္းခဲ့ပါသည္။

၎ taxi 3E 5471 ကို ေမာင္းႏွင္သူ ကားသမားမွာ ဂိတ္ထိုးစဥ္ ဂိတ္နံပါတ္ကိုေက်ာ္၍ လုပ္ေဆာင္ေသာေၾကာင့္ ဂိတ္၌လဲ အမ်ားႏွင့္ အဆင္မေျပေၾကာင္း တျခားသူမ်ားႏွင့္ ရန္ျဖစ္ေၾကာင္း သိရသည္။

၁၉ လမ္း အေနာ္ရထာလမ္းနဲ႔ ဗႏၶဳလလမ္း၌ ၁၂ နာရီကေန ၅ နာရီထိ က်က္စားေၾကာင္း သိရပါတယ္။ ၁၉ လမ္းမွာ ညဘက္ လာတတ္ေၾကာင္း သိရပါတယ္။

တကၠစီ ေမာင္းသူမွာ အသက္ႀကီးႀကီးပင္ျဖစ္ၿပီး ႏွမခ်င္း သမီး ေျမးခ်င္း မစာမနာ ျပဳမူတတ္ေသာ လူတစ္ဦးျဖစ္ေသာေၾကာင့္ ေရွာင္ရွားသင့္ပါသည္။

က်မလို တျခားမိန္းကေလးမ်ား မခံ ရေအာင္ေဝမွ်ျခင္းျဖစ္ပါတယ္။ က်မလို က်ားက်ားယားယား မိန္းမ မ်ိဳး ႀကဳံေတြ႕ရသည္မွာ လြန္စြာ ေၾကာက္ဖို႔ေကာင္းတဲ့ အေနထားမ်ိဳးျဖစ္ပါတယ္။

မိမိ ပိုက်ဆံအိတ်များကို bus စီးစီး Taxi စီးစီး လုံခြုံစိတ်ချပြီး လွယ်စီးလးဖြစ်သူမှ Taxi ‌မထွက်ခင်ရိုက်ယူထားသော ပုံဖြစ်ပါသည်။

(Taxi ေပၚ စစတက္ခ်င္း ကားမထြက္ခင္/ ျပႆနာေတြမျဖစ္ခင္ ေကာင္းေလးမွ ႐ိုက္ယူထားတဲ့ပုံပါ)

Pont Pone

unicode

ဒီလိုကြောက်စရာကောင်းတဲ့ တက္ကစီသမားလည်း ရှိသေးတာပဲ…ကောင်မလေးမှာ သနားစရာ

မိန်းကလေးငယ်တဦးရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ပါ။

၁၃-၉-၂၀၂၂ ရက်နေ့တွင် မြို့ထဲ ၁၉ လမ်းမှ ည ၇ နာရီ အချိန်တွင် တက္ကစီနံပါတ် 3E 5471 ကို ငှားရမ်းခဲ့ပါသည်။

ကားသမားကို အုတ်ကျင်းသို့ ၅၀၀၀ နှင့်ငှားရမ်းခဲ့ရာ ဈေးအဆင်မပြေသ၍ ကားမထွက်ခင် ကားပေါ်မှ ပြန်ဆင်းခဲ့ပါသည်။

၎င်းTaxi သမားမှ အဆင်ပြေတယ် ကားပေါ်တက်လို့ ပြောခဲ့ရာ ဦးလေး ၅၀၀၀ နော်လို့ပြော၍ တက်ခဲ့သည်။ ထိုသူမှာလဲ ရတယ် တက်လို့ပြောခဲ့သည်။

ထို့နောက် ဆေးရုံကြီးရှေ့မှ ဖြတ်၍ မြို့မကျောင်းလမ်းသို့မောင်းနှင်ခဲ့သည်။ ကံကောင်းသည်မှာ ကျမရဲ့ ကောင်လေးနဲ့ဖုန်းပြောနေခဲ့ခြင်းဖြစ်သည်။

မြို့မကျောင်းလမ်း မီးပွိုင့်သို့မရောက်ခင် တက္ကစီသမား ဦးလေးကြီးမှ တစ်လမ်းလုံး ဦးလေးတို့က ပိုက်ဆံကိုဘယ်လိုယူတာ ငြီးငြူနေခဲ့ရာ

ဆေးရုံကြီး အကျော်မှာ “ဦးလေး၅၀၀၀နဲ့မရရင် သမီးဆင်းတော့မယ် သမီးမှာလဲ တကယ်အဲ့လောက်ပဲပါတယ်” လို့ပြောခဲ့သော်လည်း အတင်း ဆက်မောင်းခဲ့သည်။

ရန်ကုန်ဆေးရုံကြီးအကျော်မှာ အတင်းကားရပ်ခိုင်းသော်လည်း မရပ်ပဲဆက်မောင်းခဲ့သည်။

ကျမလဲ ဒီလူကြီးမှာ မူမမှန်တာသိသောကြောင့် ကားကို အတင်းရပ်ခိုင်းရာ ထိုသူမှာ မရပ်ပဲဆက်လက်မောင်းနှင်ခဲ့သည်။

မီးပွိုင့်သို့ရောက်သော် ကျမသည် ကားပေါ်မှ အတင်းဆင်းခဲ့သည်။ အဲ့မတိုင်ခင် ကားပေါ်မှ ဆင်းမယ်ကြံတိုင်းအရှေ့မှကားကို အတင်းဆွဲပိတ်ပြီးကျမ အိတ်ကို အတင်းဆွဲရမ်းခဲ့သည်။

ကျမ အိတ်ကို စလွယ်သိုင်းပြီး ကားတံခါးဖွင့်ပြီး ကားပေါ်မှ အတင်းဆင်းခဲ့သည်။

သူတောင်းတဲ့ပိုက်ဆံကိုလဲပေးမယ်ဆိုပြီး ကောင်လေးကို ဖုန်းဆက်နေသည်ကို ကျမ ပိုက်ဆံအိတ်ကိုသာ အတင်းဆွဲနေခဲ့သည်။

ထိုအချိန်တွင် လူများပြက်၍ မိုးများရွာနေခဲ့သည်။ လမ်းမှ တက္ကစီများကို အကူညီတောင်းသော်လည်း ရပ်ပေးခဲ့ခြင်းမရှိပေ။

ကားပေါ်မှ ဆင်းသည့်တိုင်အောင် ပိုက်ဆံအိတ်ကို လိုက်လံဆွဲယူပြီး ပိုက်ဆံတောင်းယူခဲ့သည်။ ကျမလဲ လူသူရှိ၍ လင်းထိန်သောနေရာသို့ အတင်းရောက်အောင် မိုးရေထဲ၌ မရရအောင် သွားရောက်ခဲ့သည်။

ထို့နောက် သူတောင်းသော ပိုက်ဆံကိုရှင်းပေးမယ်ဆိုပြီး ရှင်းပေးလိုက်တော့မှ ပိုက်ဆံတောင်ပြန်မအမ်းပဲ လှည့်ထွက်သွားသည်။

ကျမလဲ လူကို ဘာမှ အန္တရာယ်မပြုတာပဲ ကံကောင်းတယ်ဆိုပြီး ပိုက်ဆံပြန်မတောင်းခဲ့ပါ။

ညဘက်မိုးချုပ်နေသောကြောင့် လမ်းကိုသေချာ မမှတ်မိတော့ပါ ကောင်လေးဖြစ်သူမှာ စိတ်ပူပြီး လိုက်လာသောကြောင့် အန္တရာယ်ကင်းခဲ့ပါသည်။

၎င်း taxi 3E 5471 ကို မောင်းနှင်သူ ကားသမားမှာ ဂိတ်ထိုးစဉ် ဂိတ်နံပါတ်ကိုကျော်၍ လုပ်ဆောင်သောကြောင့် ဂိတ်၌လဲ အများနှင့် အဆင်မပြေကြောင်း တခြားသူများနှင့် ရန်ဖြစ်ကြောင်း သိရသည်။

၁၉ လမ်း အနော်ရထာလမ်းနဲ့ ဗန္ဓုလလမ်း၌ ၁၂ နာရီကနေ ၅ နာရီထိ ကျက်စားကြောင်း သိရပါတယ်။ ၁၉ လမ်းမှာ ညဘက် လာတတ်ကြောင်း သိရပါတယ်။

တက္ကစီ မောင်းသူမှာ အသက်ကြီးကြီးပင်ဖြစ်ပြီး နှမချင်း သမီး မြေးချင်း မစာမနာ ပြုမူတတ်သော လူတစ်ဦးဖြစ်သောကြောင့် ရှောင်ရှားသင့်ပါသည်။

ကျမလို တခြားမိန်းကလေးများ မခံ ရအောင်ဝေမျှခြင်းဖြစ်ပါတယ်။ ကျမလို ကျားကျားယားယား မိန်းမ မျိုး ကြုံတွေ့ရသည်မှာ လွန်စွာ ကြောက်ဖို့ကောင်းတဲ့ အနေထားမျိုးဖြစ်ပါတယ်။

မိမိ ပိုကျဆံအိတျမြားကို bus စီးစီး Taxi စီးစီး လုံခွုံစိတျခပြွီး လှယျစီးလးဖွဈသူမှ Taxi ‌မထှကျခငျရိုကျယူထားသော ပုံဖွဈပါသညျ။

(Taxi ပေါ် စစတက်ချင်း ကားမထွက်ခင်/ ပြဿနာတွေမဖြစ်ခင် ကောင်းလေးမှ ရိုက်ယူထားတဲ့ပုံပါ)

Pont Pone

Leave a Comment