15.Sep.2022 မှ 21.Sep 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီတစ်ပတ်အတွင်း အရာရာစုစည်းလို့မရဘဲ ပြန့်ကြဲနေတတ်တယ်။ ငွေကြးနဲ့ပတ်သက်ပြီးငွေခေါင်းကွဲတာ မျိုးတွေအလွန်ဖြစ်ရတတ်ပါတယ်။ဒါကြောင့်ပစ္စည်းလှောင်မယ်ဆိုရင်၊ငွေချေးမယ်ဆိုရင်တော့သတိထားရပါလိမ့် မယ်။
ဒီအပတ်အတွင်းအိပ်မက်တွေထဲမှာတော့ ဘုရားဖူးရတာ၊ ဘုရာဌာပနာထည့်ရတာမျိုးမြင်မက်ပါက အလွန်ပဲ ကံကောင်းခြင်းတွေကြုံရတတ်ပါတယ်။
ထီကံစမ်းလိုက်တာမျိုး လုပ်ပေးပါ။ ရပ်ဝေးကနေ သတင်းကောင်းတွေ ကြားရတတ်ပါတယ်။ တစ်ခုထက်ပိုသော အခွင့်အရေးတွေရလာတတ်ရင်တော့ ရပ်ဝေးကအခွင့်အလမ်းကို ပိုဦးစား ပေးဖမ်းဆုပ်ယူစေချင်ပါတယ်။
တတ်နိုင်သမျှ အမွေကိစ္စတွေ ဒီအပတ်ထဲပြောဆိုဆောင်ရွက်ရမယ်ဆို မိသားစုထဲက စနေသားအကြီးအကဲကို ဦးဆောင်ပြီး စီမံခိုင်းပါ။အလှူအတန်းလုပ်ဖို့ရည်ရွယ်ထားသူများ အောင်အောင်မြင်မြင်ပြီး မြောက်တတ်ပါတယ်။ သတိထားရမှာက ကျန်းမာရေးပါ။
ဒူးနာတာ၊ခါးနာတာတွေ၊အရေပြားအဖုအပိန့်ထွက်တာမျိုး တွေဖြစ်တတ်ပါတယ်။ အိမ်တွင်း၌စကားတစ်ခုကို ထပ်တလဲလဲပြောပြီး မြည်တွန်တောက်တီးနေသောသူ ပေါ်ထွန်း လိမ့် မည်။
အနှစ်နှစ်အလလက ဆက်ဆံနေရသောသူများနှင့် ခွဲရမည်။ လမ်းသစ်ထွင်ပြီး လုပ်ခြင်းထက် လမ်းရိုး၊ လမ်းဟောင်း အတိုင်း လုပ်ရသော လုပ်ငန်းများမှ အောင်မြင်မှုများ အထင်အရှား ရစေသည်။
အကျိုးပေးဂဏန်း ၁၊၅၊၂အထူးဟော ကံသင့်ပါတယ်။ယတြာ ငှက်ပျောကြော်ဘုရားကပ်လှူပါ။
#တနင်္လာ
အလုပ်အော်ဒါတွေများနေတတ်ပါတယ်။ အရောင်းအဝယ်တွေကောင်းနေလိမ့်မယ်။ သို့သော်ဝင်ငွေထွက် ငွေမမျှတတာမျိုးတွေအလွန်ဖြစ်တတ်ပါတယ်။
အဆင်ပြေလေ ရန်များလေဆိုတာမျိုးလဲအထူးဖြစ်တတ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းတွေထဲ ဝင်မပါမိအောင်နေထိုင်ပါ။ အလုပ်များနေချိန်သောကတွေအဝင်မခံလိုက်ပါနဲ့။ ဆိုင် ပြိုင် လုပ်ငန်းပြိုင်တွေရဲ့ အနှောက်အယှက်ပေးတာကိုခံရတတ်ပါတယ်။
ဝန်ထမ်းများလုပ်ငန်းခွင်အတွင်း အထက် လူကြီး တွေနဲ့အဆင်ပြေပေမဲ့ အောက်လက်ငယ်သားတွေက ပြန်မပြောနားမထောင်တာမျိုးကြုံလိမ့်မယ်။
ကျန်းမာ ရေး အညံ့အဆိုး အနည်းငယ်သာတွေ့ရပါတယ်။ ဝမ်းဗိုက်၊အစာအိမ်၊အူလမ်းကြောင်း အားနည်းချက်များတာ တွေ့ရ ပါတယ်။ မိတ်ဆွေ၊ အကြီး အကဲ များထံမှ အထောက်အကူရမည်။
စိတ်ထဲရည်စူးထားသည်များ အမှန်တကယ် ဖြစ် လာအောင် ဆောင်ရွက်နိုင် မည်။ စုပေါင်းပြီးလုပ်သောကိစ္စများ အဆင်ပြေမည်။
ပျိုရွယ်သောသူများအဖို့ အလွန်စန်း ပွင့် သောကာလ ဖြစ်သည်။ ကိုယ်ပိုင် အစွမ်းသတ္တိများကို တလွဲသုံးဖြစ်မည်။
မိသားစုတွင်လည်ကောင်း လုပ်ငန်းခွင် တွင် လည်းကောင်း ယခင် ကာလ ပြဿနာရှာပြီး ထွက်ခွာသွားသူကို သနား ကရုဏာသက်၍ ပြန်လက်ခံမိရာက ၎င်း၏ဒုက္ခပေးမှု ပြဿနာ အသစ်များ တွေ့ရတတ်သည်။အကျိုးပေးဂဏန်း ၃၊၆၊၉အထူးဟော လုပ်ငန်းတိုးတတ်မယ်။ယတြာ ဆိတ်ရိုးနဲ့ထမင်းနဲ့ရောနယ်ပြီး ခွေးစာကျွေးပါ
#အင်္ဂါ
ဒီအပတ်အတွင်း အမှုဟောင်း၊ပြဿနာဟောင်းရှိသူတွေပြန်ပေါ်လာတတ်ပါတယ်။ အမှားကင်းအောင်နေသူ တွေကတော့ဒီပတ်ထဲ အဆိုးတော့သိပ်မတွေ့ရပါဘူး။ငွေရှာနေသူများ ဒီအပတ်ထဲ ကံပေးသလောက်သာ လက်ခံ လိုက်တယ်။ ဝိသမလောဘဦးဆောင်ပြီးစီးပွားမရှာမိဖို့လိုပါတယ်။
ဝမ်းအလွန်ချုပ်တတ်ပါတယ်။ အပူတွေအောင်း နေတတ်ပါတယ်။ အရက်သေစာနှင့်အပူအစပ်တွေလျှော့စားပါ။ ဝမ်းချုပ်ရင်ဝမ်းနှုတ်ပေးပါ။
တတ်နိုင်သမျှဒီအပတ် အတွင်း စနေသားသမီးတွေနဲ့ ဆက်ဆံရေးပြေပြစ်အောင်နေပါ။ တစ်ခုခုလုပ်တိုင်းကြာတတ်တာ၊နှေးတာမျိုးဒီကာလ မှာဖြစ်တတ်ပါတယ်။ အွန်လိုင်းက ပစ္စည်းမှာတာကအစဒီအပတ်ထဲရောက်ဖို့ကြန့်ကြာတတ်ပါတယ်။အလုပ်သဘော အရဆက်ဆံနေရသူတွေကို အထူးသဖြင့် မိမိအတွင်းရေးတွေ မပြောမိပါစေနဲ့။
မသိသင့်တာတွေပေါက်ကြားသွား တတ်ပါတယ်။ ရှိရင်းစွဲအနေအထားမှ မြင့်မားသော အခြေအနေတစ်ခုသို့ ကူးပြောင်းတိုး တတ်မည်။
အခါတိုင်းထက် ပို၍မနာလိုမုန်းထားသူမျာနှင့်ပို၍တွေ့မည်။တစ်ပါးသူအပေါ်စိတ်ရော၊ကိုယ်ပါစေတနာအပြည့်ဖြင့် ကူညီတတ်သော သဘာဝကို လျှော့ပါ။ အချစ်ရေးတွင်အစမ်းချစ်မိရာမှ ခွာချရခက်နေမည်။
လှည့်ပတ် ပြေးနေရမည်။ အစမ်းမချစ် မိစေရန် သတိပြုသင့်သည်။အိမ်ထောင်ရေးအဆင်ပြေသာယာမည်။ပညာရေးအတွက် စိတ်ပူစရာမလိုသေးပါ။အကျိုးပေးဂဏန်း ၄/၇/၀အထူးဟော အညံ့များတယ်ယတြာ တရားရှုမှတ်တာမျိုးက ဒီအပတ်အကောင်းဆုံးယတြာပါ။
#ဗုဒ္ဓဟူး/ရာဟု
အနည်းငယ်တော့ စိတ်တိုင်းမကျစရာလေးတွေရှိပေမဲ့ အဆင်ပြေမှုလေးတွေလဲ တွဲဖက်ကြုံရပါလိမ့်မယ်။ စိတ်ထဲမှာ ဒေါသထွက်လွယ်တာ၊ ရန်လိုတာမျိုးဒီကာလအတွင်းဖြစ်နေတတ်ပါတယ်။
စိတ်လျှော့ထားစေချင်ပါ တယ်။ သတင်းအချက်အလက်၊နည်းပညာ၊အကျိုးဆောင် စတာတွေနဲ့ပတ်သက်လို့ အဆင်ပြေလွယ်တာတွေ့ရပါ တယ်။ စက်ပစ္စည်းတွေကိုင်တွယ်အသုံးပြုရာမှာတော့ ဟောင်းနွမ်းနေတဲ့စက်ပစ္စည်းတွေကနေ မိမိကိုအန္တရာယ်ပြု တတ်ပါတယ်။
ဥပမာပေးရရင် မီးကြိုးလဲစရာရှိတဲ့အခါ သိမ်းထားတဲ့အဟောင်းတွေကိုပြန်သုံးရာက ကြိုးပေါက်နေ တာတွေ ဖြစ်ပြီး အန္တရာယ်ရှိတတ်ပါတယ်။
ဖြန့်ချီရေးအလုပ်များ၊ငွေကြေးလဲလှယ်ခြင်းအလုပ်များ၊ကုန်ထုတ်စွမ်း အားအလုပ်များတိုးတတ်နိုင်ပါတယ်။ သိထားစေချင်တာကတော့ အောက်လက်ငယ်သားတွေကို ခိုင်းတဲ့အခါအများ ကြီး မခိုင်းမိပါစေနဲ့။
အနည်းငယ်ပျက်ယွင်းနေသောစက်ပစ္စည်းများကိုယ်မကျွမ်းကျင်ဘဲမပြုပြင်ပါနှင့်။ မိဘတွေရဲ့ ကျန်းမာ ရေး အထူး ကောင်းမွန်နေ၍ အရာရာ စိတ်ချမ်းသာနေရမည်။ အဖိုးတန်သော ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာများ ဝယ်လို့ကောင်း တဲ့နေ့ရက်တွေပါပဲ။
မိမိအိမ် အနီးအနားတွင် ဘုရားပူဇော်ပွဲများ၊ ရိုးရာနတ်များကို လှူဒါန်းပူဇော် သော နိမိတ်များ တွေ့ပါက ထီထိုးပေးပါ။အချစ်ရေးအဆင်ပြေပေမယ့် အိမ်ထောင်ရေးကတော့ တကျက် ကျက်ဖြစ် နေ ရတတ်တယ်။အကျိုးပေးဂဏန်း ၁/၅/၄အထူးဟော ကျန်းမာရေးအထူးဂရုပြပါ။ယတြာ ပျားရည်လေး ဟင်းစားဇွန်း ၄ဇွန်းလောက် ပန်းကန်ထဲထည့်ပြီးဘုရားကပ်ပါ။
#ကြာသပတေး
ကံကောင်းခြင်းတွေယူဆောင်လာတဲ့နေ့ရက်တွေပါပဲ။ဒီအပတ်ထဲ ပညာဥာဏ်ကြီးကြီးနဲ့လုပ်ကိုင်ဆောင်ရွက် တတ်သူတွေပိုမိုအဆင်ပြေတတ်ပါတယ်။ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ငွေဖော်ချင်တယ်ဆိုရင်တော့ ဒီအပတ် ထဲ ငွေဖော်သင့်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးကောင်းသောအကူအညီတွေရလာတတ်ပါတယ်။
မိမိ စိတ်ထဲမျှော် လင့်ထားတာလေးတွေ ဒီအပတ်မှာပြည့်ဝလာဖို့အကြောင်းဖန်လာတတ်ပါတယ်။ အလုပ်များနေသူများ လူမှုရေးတွေ လစ်ဟာသွားတာကြောင့် မိတ်ဆွေတွေရဲ့စိတ်ကွက်ခြင်းကိုခံရတတ်ပါတယ်။
သတိထားရမှာကတော့ ကောင်းသော အတွေးအခေါ်တွေ၊အကျိုးရှိတဲ့အတွေးအခေါ်တွေကို ချက်ချင်းအကောင်အထည်ဖော်နိုင်ဖို့လိုပါတယ်။ မိသားစု စီးပွားရေးကောင်းမည်။ စုပေါင်း လုပ်ငန်း အကျိုးပေးမည်။
ရှေ့တိုးလုပ်ကိုင်နေသောကိစ္စများအပေါ် ကြီးကဲ သူများ ထံ အကြံဉာဏ်ယူ လုပ် ကိုင်ခြင်း ကြောင့် အဆိုးအညံ့များကင်းပါလိမ့်မယ်။ ကြန့်ကြာနေသောကိစ္စများကို ပြန်လည် အဆင်ပြေအောင် ဆောင်ရွက်နိုင်ခြင်းရှိမည်။
ခက်ခက်ခဲခဲ ဆောင်ရွက်ရမည့် ကိစ္စမှန်သမျှကို စတင်ဆောင် ရွက် သင့် သည်။ အလုပ်နေရာ၊ နေထိုင်မှုနေရာ၊ အပြောင်းအလဲများကို ဆောင်ရွက်ရန် အခါသင့်သည်။
ကျန်းမာ ရေးနဲ့ပတ် သက် ပြီး အကောင်းများပါတယ်။ အချစ်ရေးမှာတော့ ပေးဆပ်မှုသက်သက်ဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေး မှာ တော့ နှစ်ဖက်ဆွေမျိုးတွေရဲ့သွေးထိုးမှုကိုနားမယောင်မိဖို့လိုပါတယ်။အကျိုးပေးဂဏန်း ၉/၆/၅အထူးဟော ကံကောင်းနေတာများမယ်။ယတြာ ပေါင်မုန့်မီးကင် ဘုရားကပ်လှူပါ
#သောကြာ
ဒီကာလအတွင်း အပြောင်းအလဲနှင့် ပတ်သက်သောကံကောင်းမည်။ မရောက်ဖူးသော အရပ်ဒေသများကို သွားရောက်ရမည်။ ရပ်ဝေးခရီးနှင့်ပတ်သက်သော ကံအထူးကောင်းပါသည်။
ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အားသွန်ခွန်စိုက် ဆောင်ရွက်ပါ။ အခက်အခဲ အညံ့ဆိုးများအလုံးစုံကို အောင်မြင် စွာ ဖြတ်ကျော်နိုင်စွမ်းများ မကြာမီ သင့်လက်ထဲသို့ ရောက်ရှိလာပါတော့မည်။ အကြံအစည်များအောင်မြင်မည်။ ငွေကြေးကိစ္စ စကားအပြောအဆို မှားယွင်းတတ်သည်။
သူတစ်ပါးအပေါ် အားကိုးအားထား မပြုရ။ အလုပ်ကိစ္စမှန်သမျှ အခြေခံမှစပြီး အရာရာ ကိုယ်တိုင် ဆောင်ရွက်ပါ။ ခရီးနှင့်ပတ်သက်သောကံကောင်းမည်။ အပြိုင်အဆိုင်များမည်။ ကြန့်ကြာနေသော ရပိုင် ခွင့်များ ပြန်လည်ရရှိမည်။
ရပ်တန့်နေသော လုပ်ငန်းများ ပြန်လည်အဆင်ပြေမည်။ မိမိ၏ စိတ်အာရုံကို စုစည်းနိုင် အောင် တော့ ကြိုးစားထားပါ။
ပညာရေးတွင်သင်ကြားမှုဆိုင်ရာ ပညာရပ်တိုင်း ငြီးငွေ့ ပျင်းရိနေမည်။ အချစ်ရေးတွင် မည်သူ ခွဲခွဲ တို့မကွဲသည့် ကိန္နရီမောင်နှံလို အချစ်မျိုး ဖြစ်သည်။အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်သည် သူ၏ ဆွေ မျိုး ကိစ္စများအတွက် အချိန်ကုန်နေတတ်ပါတယ်။
အိမ်ထောင်သည်များ အငယ်အနှောင်းတွေ့ဖို့အကြောင်း တွေဖန် လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဒေါင်ဒေါင် မြည်ကောင်းနေ တတ်ပါ တယ်။ အကျိုးပေးဂဏန်း ၃/၀/၆အထူးဟော စိတ်ချမ်းသာရမယ်။ယတြာ စတော်ပဲပြုတ်နဲ့ဘုရားဆွမ်းကပ်ပါ။
#စနေ
ဒီကာလအတွင်း သူတစ်ပါးကြောင့် နှောင့်နှေးနေသည့်ကိစ္စများ ပြေလည်အောင် ဖြေရှင်းနိုင်မည်။ ငွေဝင် လမ်းသစ် ပွင့်မည်။ အခက်အခဲကြားမှ တိုးတတ်မည်။ အိမ်တွင်းရေးနှင့် လူမှုရေးတွင် အနှောက်အယှက်များတတ် သည်။ အလိုအလျောက် ရန်များသော အနေအထားရှိမည်။
ပစ္စည်းအပျောက်အရှများတတ်သည်။ ဝန်းထမ်းများ ရှန်းပြီး စာရင်းဇယားတွေမှားတတ်ပါတယ်။သေချာစစ်ပြီးမှအထက်ကိုတင်ပြပါ။
နိုင်ငံခြားခရီးနှင့် ပတ်သက်သော ကိစ္စတွင် လူလိမ်၊ လူညစ်များ၏ ငွေလိမ်လည်မှုခံရတတ်သည်။ ပွဲစားလူရှုပ်များကြောင့် ဆုံးရှုံးနစ်နာရမည်။ တစ်ပါး သူစကား နားမယောင်ပါနှင့်။ ဆုံးဖြတ်ပြီးအတိုင်း ရဲရဲရှေ့တိုး ဆောင်ရွက်ပါ။
ယခင် ကာလက မိမိထက်သာမြင့်သော အခြေအနေရှိသော မိတ်ဆွေဟောင်းများအခြေအနေ ပျက်၍ မိမိထံမှ ငွေချေးငှား ခြင်းများရှိမည်။ ချေးငှားလိုက် ပါက ဆုံးရုံသာရှိသည်။ မိမိကံဇာတာ အထူးကောင်းမွန် လာနေပါသည်။
ရည်မှန်းချက် များ အောင်မြင်မည်။ ကျန်းမာ ရေးမှာတော့ အစားဆင်ခြင်ပါ။အရေပြားပေါ် အနာပေါက်ခြင်းကြုံမည်။ ချစ်သူမရှိသေးသူများ ရည်ရွယ် ထား သူ၏ သတင်းစကားတစ်ချို့ကြောင့် စိတ်ပျက်ဝမ်းနည်းရမည်။
အိမ်ထောင်ရေးမှာတော့ ပြဿနာတွေများနေနိုင်တဲ့ကာလ ဖြစ်ပါတယ်။ပညာရှာနေသူများ မိမိသိချင်တတ်ချင်နေတဲ့ ပညာတွေ စတင်လေ့လာခွင့်ရလာတတ်ပါတယ်။အကျိုးပေးဂဏန်း ၁/၄/၈အထူးဟော ကံအကောင်းအဆိုးရောထွေးနေသည်။ယတြာ ကြီးကဲသူတွေကို ဆေးလှူပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)