“အချစ်မှာ မျက်စိမရှိဘူး”ဆိုတာက ဆိုရိုးစကား သက်သက်ချည်း မဟုတ်ပါဘူး။ ဘာကြောင့်မို့ မျက်ကန်းအချစ်မျိုးနဲ့ ချစ်တတ်ကြသလဲဆိုတာမှာ အကြောင်းအရင်း တစ်ရပ်ထက်မက အများကြီးရှိနေတယ်လို့ လေ့လာသူတွေက ကောက်ချက်ချထားပါတယ်။ အချစ်ရဲ့ လှည့်စားချက်တွေက စိတ်နဲ့ ခန္ဓာကို ဘယ်လို ဆက်စပ်နေသလဲဆိုတာကို လေ့လာကြည့်ရအောင်လားဗျာ။
အချစ်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြင်ချင်တာကိုပဲ ရွေးမြင်တတ်ကြပါတယ်
လူတွေဟာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ခြွင်းချက်မရှိပဲ သူတို့ရဲ့အတွေးတွေကို သေချာစေတာကြောင့် ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်ရင် ကောင်းတဲ့အချက်ကိုပဲ အမြဲရှာဖွေနေတတ်ကြပါတယ်။ လူတွေက တခြားလူတွေကိုပဲ ဆွဲဆောင်နိုင်ဖို့ဆိုရင် တခြားလူနဲ့ပတ်သက်ပြီး တွေးတောစဉ်းစားသမျှကလည်း အကောင်းမြင်ဖြစ်နေတတ်ရပါမယ်။ တွေးတောသမျှက အကောင်းချည်းဖြစ်နေဖို့အတွက် တခြားလူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး စဉ်းစားတွေးတောသမျှကလည်း အပြုသဘောချည်း ဖြစ်လို့နေတတ်ပါတယ်။ တခြားသူရဲ့ မကောင်းတဲ့ စရိုက်၊ သွင်ပြင်လက္ခဏာတွေကို မမြင်တာကြောင့် ကိုယ့်အတွေးနဲ့ကိုယ် အချစ်ချည်း ပြည့်နေတတ်ပါတယ်။
နှလုံးခုန်သံကို နားဆင်ရင်း အလိုလိုသိနားလည်နေပါတယ်
လူ့ဦးနှောက်မှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းနဲ့ ကျန်တဲ့အပိုင်းက စိတ်ခံစားမှုဆိုင်ရာအပိုင်းတို့ ဖြစ်ကြပါတယ်။ စိတ်ရဲ့အသံကို နားဆင်မယ်ဆိုရင် စိတ်ခံစားမှုပိုင်းဆိုင်ရာအပိုင်းက အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်တဲ့အပိုင်းကို လွှမ်းမိုးနေပါတယ်။ တကယ်လို့သင်က စတင်ချစ်ကျွမ်းဝင်နေကာစ အချိန်ဖြစ်တယ်ဆိုရင် သင့်ရဲ့အတွေးတွေကို စိတ်ခံစားမှုကပဲ ဦးဆောင်နေပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ရလာမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်တဲ့ အသည်းကွဲတာတွေ၊ အန္တရာယ်တွေ၊ မကောင်းတဲ့အရာတွေ၊ စိတ်ဆင်းရဲမှုတွေကို လုံးဝမမြင်ပါဘူး။ အကြောင်းရင်းကတော့ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းကို စိတ်ခံစားမှုအပိုင်းက လုံးဝလွှမ်းမိုးလိုက်လို့ပါပဲ။
အချစ်မှာ မျက်စိမရှိပါ
သင်ချစ်နေချိန်မှာ သင့်ဦးနှောက်ရဲ့တချို့အစိတ်အပိုင်းတွေဟာ ပိတ်ဆို့ခြင်းကိုခံထားရပါတယ်။ အထူးသဖြင့် သင့်ချစ်တဲ့သူအကြောင်းတွေတဲ့အခါ ဒါမှမဟုတ်သင့်ချစ်တဲ့သူကို ကြည့်နေမိတဲ့အခါမျိုးတွေမှာပေါ့။ အဲ့ဒီအစိတ်အပိုင်းမှာရှိတဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုက လျော့ကျသွားပြီး ကိုယ့်ချစ်တဲ့သူကလွဲလို့ တခြားဘေးလူတွေကို သတိထားနိုင်စွမ်း၊ ဆွဲဆောင်နိုင်စွမ်း လျော့နည်းလာပါတယ်။ ဒီလိုနည်းတွေကြောင့် ကိုယ်တကယ်ချစ်တဲ့သူနဲ့ တွေ့ရချိန်မှာ သူ့ထက်ပိုသာတဲ့သူတွေကို မတွေးတောဖြစ်တော့ပဲ သင့်တိုရဲ့ဆက်ဆံရေးက အရှည်တည်တံ့နေမှာပါ။
အခုကြိုက်အခုကွဲပြီး အသစ်ရှာနေကြတဲ့ ဒီခေတ်ထဲက လူတချို့ကို သူတို့ဘာကြောင့် ဒီလိုဖြစ်နေကြတာပဲလိမ့်လို့ သင်တွေးကောင်းတွေးမိပါလိမ့်မယ်။ အပြစ်တင်ချင်ရင် သူတို့ဦးနှောက်ထဲက ဆက်စပ်နေတဲ့ဓာတ်ပစ္စည်းတွေကိုသာ အပြစ်တင်လိုက်ပါတော့လို့ ပြောရင်းနဲ့ပဲ…
#Credit
Zawgyi ဖြင့်ဖတ်ပါ
မျက်ကန်းအချစ်ဆိုတာ
အချစ်မှာ မျက်စိမရှိဘူးဆိုတာက ဆိုရိုးစကား သက်သက်ချည်း မဟုတ်ပါဘူး။ ဘာကြောင့်မို့ မျက်ကန်းအချစ်မျိုးနဲ့ ချစ်တတ်ကြသလဲဆိုတာမှာ အကြောင်းအရင်း တစ်ရပ်ထက်မက အများကြီးရှိနေတယ်လို့ လေ့လာသူတွေက ကောက်ချက်ချထားပါတယ်။ အချစ်ရဲ့ လှည့်စားချက်တွေက စိတ်နဲ့ ခန္ဓာကို ဘယ်လို ဆက်စပ်နေသလဲဆိုတာကို လေ့လာကြည့်ရအောင်လားဗျာ။
အချစ်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြင်ချင်တာကိုပဲ ရွေးမြင်တတ်ကြပါတယ်
လူတွေဟာ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ခြွင်းချက်မရှိပဲ သူတို့ရဲ့အတွေးတွေကို သေချာစေတာကြောင့် ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်ရင် ကောင်းတဲ့အချက်ကိုပဲ အမြဲရှာဖွေနေတတ်ကြပါတယ်။ လူတွေက တခြားလူတွေကိုပဲ ဆွဲဆောင်နိုင်ဖို့ဆိုရင် တခြားလူနဲ့ပတ်သက်ပြီး တွေးတောစဉ်းစားသမျှကလည်း အကောင်းမြင်ဖြစ်နေတတ်ရပါမယ်။ တွေးတောသမျှက အကောင်းချည်းဖြစ်နေဖို့အတွက် တခြားလူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး စဉ်းစားတွေးတောသမျှကလည်း အပြုသဘောချည်း ဖြစ်လို့နေတတ်ပါတယ်။ တခြားသူရဲ့ မကောင်းတဲ့ စရိုက်၊ သွင်ပြင်လက္ခဏာတွေကို မမြင်တာကြောင့် ကိုယ့်အတွေးနဲ့ကိုယ် အချစ်ချည်း ပြည့်နေတတ်ပါတယ်။
နှလုံးခုန်သံကို နားဆင်ရင်း အလိုလိုသိနားလည်နေပါတယ်
လူ့ဦးနှောက်မှာ နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းနဲ့ ကျန်တဲ့အပိုင်းက စိတ်ခံစားမှုဆိုင်ရာအပိုင်းတို့ ဖြစ်ကြပါတယ်။ စိတ်ရဲ့အသံကို နားဆင်မယ်ဆိုရင် စိတ်ခံစားမှုပိုင်းဆိုင်ရာအပိုင်းက အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်တဲ့အပိုင်းကို လွှမ်းမိုးနေပါတယ်။ တကယ်လို့သင်က စတင်ချစ်ကျွမ်းဝင်နေကာစ အချိန်ဖြစ်တယ်ဆိုရင် သင့်ရဲ့အတွေးတွေကို စိတ်ခံစားမှုကပဲ ဦးဆောင်နေပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်ရလာမဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်တဲ့ အသည်းကွဲတာတွေ၊ အန္တရာယ်တွေ၊ မကောင်းတဲ့အရာတွေ၊ စိတ်ဆင်းရဲမှုတွေကို လုံးဝမမြင်ပါဘူး။ အကြောင်းရင်းကတော့ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တဲ့အပိုင်းကို စိတ်ခံစားမှုအပိုင်းက လုံးဝလွှမ်းမိုးလိုက်လို့ပါပဲ။
အခ်စ္မွာ မ်က္စိမရွိပါ
သင်ချစ်နေချိန်မှာ သင့်ဦးနှောက်ရဲ့တချို့အစိတ်အပိုင်းတွေဟာ ပိတ်ဆို့ခြင်းကိုခံထားရပါတယ်။ အထူးသဖြင့် သင့်ချစ်တဲ့သူအကြောင်းတွေတဲ့အခါ ဒါမှမဟုတ်သင့်ချစ်တဲ့သူကို ကြည့်နေမိတဲ့အခါမျိုးတွေမှာပေါ့။ အဲ့ဒီအစိတ်အပိုင်းမှာရှိတဲ့ ဦးနှောက်ရဲ့လှုပ်ရှားမှုက လျော့ကျသွားပြီး ကိုယ့်ချစ်တဲ့သူကလွဲလို့ တခြားဘေးလူတွေကို သတိထားနိုင်စွမ်း၊ ဆွဲဆောင်နိုင်စွမ်း လျော့နည်းလာပါတယ်။ ဒီလိုနည်းတွေကြောင့် ကိုယ်တကယ်ချစ်တဲ့သူနဲ့ တွေ့ရချိန်မှာ သူ့ထက်ပိုသာတဲ့သူတွေကို မတွေးတောဖြစ်တော့ပဲ သင့်တိုရဲ့ဆက်ဆံရေးက အရှည်တည်တံ့နေမှာပါ။
အခုကြိုက်အခုကွဲပြီး အသစ်ရှာနေကြတဲ့ ဒီခေတ်ထဲက လူတချို့ကို သူတို့ဘာကြောင့် ဒီလိုဖြစ်နေကြတာပဲလိမ့်လို့ သင်တွေးကောင်းတွေးမိပါလိမ့်မယ်။ အပြစ်တင်ချင်ရင် သူတို့ဦးနှောက်ထဲက ဆက်စပ်နေတဲ့ဓာတ်ပစ္စည်းတွေကိုသာ အပြစ်တင်လိုက်ပါတော့လို့ ပြောရင်းနဲ့ပဲ
#Credit