ေယာက္်ားမ်ားကို ထိန္းခ်ဳပ္နည္း (၄) နည္း အေၾကာင္း…

ေယာက္်ားမ်ားကို ထိန္းခ်ဳပ္နည္း (၄) နည္း အေၾကာင္း…
၁. အစားေကာင္းမ်ားျဖင့္ ထိန္းနည္း (အစာအိမ္ကို ထိန္းနည္း)။၂. ပိုက္ဆံကို ထိန္းနည္း။ ၃. လူကို ထိန္းနည္း။ ၄. မိမိကိုယ္ကိုယ္ ထိန္းနည္း…။

(၁) အစားေကာင္းမ်ားျဖင့္ ထိန္းနည္း (အစာအိမ္ကို ထိန္းနည္း)

နံပါတ္တစ္နည္းကို အသုံးျပဳေသာ မိန္းကေလး သည္ သေဘာထား အျဖဴစင္ဆုံး ျဖစ္သည္။ ထို မိန္းကေလး မ်ိဳးကို အိမ္ေထာင္ဖက္ အျဖစ္ေ႐ြးခ်ယ္ေသာ ေယာက္်ားသည္ ကံေကာင္းေသာသူျဖစ္သည္။သူမသည္ သူခ်စ္ေသာ ေယာက္်ား ကို

လြတ္လပ္ခြင့္ ေပးထားေသာေၾကာင့္ ျဖစ္သည္။ သူမအတြက္ တစ္ခုေသာ ေမွ်ာ္လင့္ခ်က္မွာ မိမိ ျပင္ဆင္ခ်က္ျပဳတ္ထားေသာ အရသာရွိရွိ ထမင္းေကာင္း ဟင္းလွ်ာမ်ားကို မိမိေယာက္်ား အခ်ိန္မွန္မွန္ ျပန္လာစားရန္သာ ျဖစ္သည္။

(၂) ပိုက္ဆံ ကိုထိန္းနည္း

နံပါတ္ႏွစ္နည္းကို အသုံးျပဳေသာ မိန္းကေလးသည္ လည္လြန္းေသာသူ ျဖစ္သည္။ ေငြသည္ ေယာက္်ား၏ အသက္၊ ေငြသည္ ေယာက္်ား၏မာန၊ ေယာက္်ားမ်ားကိုေငြျဖင့္ ….ထိန္းခ်ဳပ္ျခင္းသည္ အထိေရာက္ဆုံးဟု

ထင္ျမင္ထားေသာေၾကာင့္ ျဖစ္သည္။ မိန္းကေလး အမ်ားစုသည္ ဒီနည္းကို ႀကိဳက္ၾကသည္။ သူမ၏ မ်က္စိထဲတြင္ ေငြျဖင့္ အရာရာကို ျမန္ျမန္ဆန္ဆန္ ၿပီးႏိုင္သည္ဟု ျမင္ထားေသာေၾကာင့္ ျဖစ္သည္။

(၃) လူကို ထိန္းနည္း

နံပါတ္သုံးနည္းကို အသုံးျပဳေသာ မိန္းကေလးသည္ ဆင္ျခင္စဥ္းစားဉာဏ္ နည္းေသာသူ ျဖစ္သည္။ ေယာက္်ားတစ္ေယာက္ကို လြတ္လပ္ခြင့္မေပးဘဲ

ႀကိဳးခ်ည္ၿပီး ထိန္းခ်ဳပ္ထားခ်င္ေသာ မိန္းကေလး သည္ ဒီနည္းကို အသုံးျပဳေလသည္။ ဘယ္ေယာက္်ားမွ်

မိန္းကေလး တစ္ေယာက္၏ ႀကိဳးဆြဲရာတြင္ လိုက္မကခ်င္ၾက၊ ႏြားဖာႀကိဳးဆြဲၿပီး ေစလိုရာေစ ဆိုတာမ်ိဳးကို မခံခ်င္ၾကေပ။

ဒီနည္းကို အသုံးျပဳေသာ မိန္းကေလး၏ အိမ္ေထာင္ေရးသည္ ေနဝင္ခ်ိန္ နီးကပ္ေနၿပီျဖစ္ေၾကာင္း သတိျပဳသင့္သည္။

(၄) မိမိကိုယ္ကိုယ္ ထိန္းနည္း

နံပါတ္ေလးနည္းကို အသုံးျပဳေသာ မိန္းကေလးသည္ အသိဉာဏ္ပညာရွိေသာ သူျဖစ္သည္။ ထိုမိန္းကေလး မ်ိဳးသည္ ေလာကႀကီးသည္ မၿမဲျခင္းတရား ပိုင္ဆိုင္ထားသည္ကို ေသခ် ာနားလည္ထားေသာေၾကာင့္ျဖစ္သည္။

ေယာက္်ားမ်ားကို အစားေကာင္းျဖင့္ ျဖစ္ေစ ၊ ေငြေၾကးျဖင့္ ျဖစ္ေစ၊ လူကိုျဖစ္ေစ အရာရာကို ပိုင္ဆိုင္ႏိုင္ၿပီး မိမိကိုယ္ကိုယ္ မထိန္းႏိုင္ပါက လူျဖစ္ရသည္မွာ အဓိပၸာယ္ ကင္းမဲ့လွသည္ဟု ယုံၾကည္ထားေသာေၾကာင့္ျဖစ္သည္။

မိန္းကေလး တစ္ေယာက္ျဖစ္လွ်င္ မိမိကိုယ္ကို ထိန္းခ်ဳပ္ႏိုင္ရမည္။ တစ္ပါးသူအတြက္ အသက္ရွင္ ေနျခင္း မဟုတ္ပဲ မိမိဘာသာ ရပ္တည္ႏိုင္ေသာ၊ ေပ်ာ္႐ႊင္မႈကို ရွာႏိုင္ေသာ မိန္းကေလး ျဖစ္ရမည္။

အရာရာကို ဆင္ျခင္တုံတရားျဖင့္ ခြင့္လႊတ္ေနတတ္ရမည္။ ထိုမိန္းကေလးမ်ိဳး၏ စိတ္သည္ အၿမဲတည္ၿငိမ္ေနသည္။ မိမိေယာက္်ားသည္ မည္မွ်ပင္ ခ်မ္းသာပါေစ ထိုစည္းစိမ္တြင္ သူယစ္မူးမေနေပါ… မွီခိုမေနေပါ။

မိမိလုပ္ႏိုင္သမွ်၊ ရွာႏိုင္သမွ်ကိုလုပ္ရင္း ဘဝကို ႐ိုး႐ိုးရွင္းရွင္းျဖင့္ ကုန္လြန္ေစခ်င္ေသာ မိန္းကေလးမ်ိဳးျဖစ္သည္။ မိမိကိုယ္ကိုယ္ အသိတရားျဖင့္ ထိန္းခ်ဳပ္ႏိုင္ေသာ မိန္းကေလးမ်ိဳးသည္

မိမိေယာက္်ားက ကိုယ့္ကိုထားခဲ့၊ ခ်စ္သူက ထားခဲ့ပါေစ….ျဖစ္လာသမွ်ကို ၿပဳံးၿပဳံးေလးႏွင့္ ရင္ဆိုင္ႏိုင္ေသာ မိန္းကေလးျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူမ၏အသက္သည္

ေယာက္်ားအတြက္၊ ခ်စ္သူအတြက္မဟုတ္၊ မိမိကိုယ္ကိုယ္အတြက္သာျဖစ္သည္ဟု နားလည္ထားေသာေၾကာင့္ျဖစ္သည္။ သင္သည္ ဘယ္လိုမိန္းကေလးမ်ိဳးလဲ…. သင္သည္ ဘယ္လို မိန္းကေလးမ်ိဳး ကို လက္ထပ္ယူခ်င္ပါသလဲ။

Credit#ႏိုင္းႏိုင္းစေန#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ယောက်ျားများကို ထိန်းချုပ်နည်း (၄) နည်း အကြောင်း…
၁. အစားကောင်းများဖြင့် ထိန်းနည်း (အစာအိမ်ကို ထိန်းနည်း)။၂. ပိုက်ဆံကို ထိန်းနည်း။ ၃. လူကို ထိန်းနည်း။ ၄. မိမိကိုယ်ကိုယ် ထိန်းနည်း…။

(၁) အစားကောင်းများဖြင့် ထိန်းနည်း (အစာအိမ်ကို ထိန်းနည်း)

နံပါတ်တစ်နည်းကို အသုံးပြုသော မိန်းကလေး သည် သဘောထား အဖြူစင်ဆုံး ဖြစ်သည်။ ထို မိန်းကလေး မျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောက်ျားသည် ကံကောင်းသောသူဖြစ်သည်။သူမသည် သူချစ်သော ယောက်ျား ကို

လွတ်လပ်ခွင့် ပေးထားသောကြောင့် ဖြစ်သည်။ သူမအတွက် တစ်ခုသော မျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်း ဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန် ပြန်လာစားရန်သာ ဖြစ်သည်။

(၂) ပိုက်ဆံ ကိုထိန်းနည်း

နံပါတ်နှစ်နည်းကို အသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူ ဖြစ်သည်။ ငွေသည် ယောက်ျား၏ အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့် ….ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု

ထင်မြင်ထားသောကြောင့် ဖြစ်သည်။ မိန်းကလေး အများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏ မျက်စိထဲတွင် ငွေဖြင့် အရာရာကို မြန်မြန်ဆန်ဆန် ပြီးနိုင်သည်ဟု မြင်ထားသောကြောင့် ဖြစ်သည်။

(၃) လူကို ထိန်းနည်း

နံပါတ်သုံးနည်းကို အသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူ ဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ

ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေး သည် ဒီနည်းကို အသုံးပြုလေသည်။ ဘယ်ယောက်ျားမျှ

မိန်းကလေး တစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေ ဆိုတာမျိုးကို မခံချင်ကြပေ။

ဒီနည်းကို အသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန် နီးကပ်နေပြီဖြစ်ကြောင်း သတိပြုသင့်သည်။

(၄) မိမိကိုယ်ကိုယ် ထိန်းနည်း

နံပါတ်လေးနည်းကို အသုံးပြုသော မိန်းကလေးသည် အသိဉာဏ်ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေး မျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချ ာနားလည်ထားသောကြောင့်ဖြစ်သည်။

ယောက်ျားများကို အစားကောင်းဖြင့် ဖြစ်စေ ၊ ငွေကြေးဖြင့် ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကို ပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုယ် မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ် ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မိန်းကလေး တစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင် နေခြင်း မဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကို ရှာနိုင်သော မိန်းကလေး ဖြစ်ရမည်။

အရာရာကို ဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောက်ျားသည် မည်မျှပင် ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေါ… မှီခိုမနေပေါ။

မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကိုလုပ်ရင်း ဘဝကို ရိုးရိုးရှင်းရှင်းဖြင့် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။ မိမိကိုယ်ကိုယ် အသိတရားဖြင့် ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည်

မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ….ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည်

ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။ သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ…. သင်သည် ဘယ်လို မိန်းကလေးမျိုး ကို လက်ထပ်ယူချင်ပါသလဲ။

Credit#နိုင်းနိုင်းစနေ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Comment