ဖတ္ၾကည့္ေနာ္… ဒီစာေလးကို ဖတ္ၿပီး “မိဘေက်းဇူး” ဆပ္ႏိုင္ၾကပါေစ…
ဖေဖ ေမေမတို႔ရဲ႕ေက်းဇူး ျမင္းမိုရ္က အလြန္ပဲ ႀကီးမားလွပါတယ္။ သား သမီးေတြအေပၚ အသက္ေပးၿပီး ခ်စ္ႏိုင္တာ မိဘပါ။ သား သမီးေတြ အတြက္
အသက္ေပးထားသူဟာလည္း အနႏၲဂိုဏ္းဝင္ မိဘပါပဲ။ ဥပမာေလး ေျပာပါရေစ… ေသသူစာရင္းထဲမွာ မိဘေတြက ထိပ္ဆုံးက ပါေနတာပါ…။
ေသသူ-( ၆ )မ်ိဳး
၁။ သမုဒ္ ျမစ္ကူး ၂။ တြင္းတူး တစ္ခ်က္ ၃။ ထန္းတက္ ေယာက္်ား ၄။ ဆင္အံဘြား ႏွင့္ ၅။ မင္းခ ေယာက္်ား ၆။ ကိုယ္ဝန္ေဆာင္ မိခင္ တဲ့။ ဒီ( ၆ )မ်ိဳးလုံးက ေသသူေတြပါ။
၁။ သမုဒ္ ျမစ္ကူး ဆိုတာ… ျမစ္ကမ္း ဒီဘက္ျခမ္းကေန ဟိုဘက္ကမ္း မေရာက္မခ်င္းက မုန္တိုင္းေတြေၾကာင့္ အခ်ိန္မေ႐ြး ေရထဲက်ၿပီး ေသႏိုင္ပါတယ္။
၂။ တြင္းတူး ေယာက္်ား ဆိုတာ… ေက်ာက္တြင္း ေ႐ႊတြင္း တူးတဲ့ ဖခင္ကလည္း ေျမျပင္ေပၚ ျပန္မေရာက္မခ်င္း ေျမၿပိဳၿပီး ေသႏိုင္ပါတယ္။
၃။ ထန္းတက္ ေယာက္်ား ဆိုတာ… ထန္းပင္တက္ၿပီး လုပ္ေကြၽးတဲ့ အေဖကလည္း ထန္းပင္ေအာက္ ျပန္မေရာက္မခ်င္း ျပဳတ္က်ၿပီး ေသႏိုင္ပါတယ္။
၄။ ဆင္အံဘြား ႏွင့္ ဆိုတာ… ဆင္ဦးစီးမ်ားကလည္း ဆင္ေတြ အခ်ိန္မေ႐ြး ခါက် တက္နင္းသတ္လို႔ ေသႏိုင္ပါတယ္။
၅။ မင္းခ ေယာက္်ား ဆိုတာ… ရွင္ဘုရင္ေတြက တက္လို႔ အမိန္႔ေပးလိုက္တာနဲ႔ တက္ရတဲ့အခါ
ဘယ္အခ်ိန္ ရန္သူ႔လက္ခ်က္နဲ႔ ေသမလဲ ဆိုတာ မသိရလို႔ သူတို႔လည္း ေသႏိုင္ပါတယ္။
၆။ ကိုယ္ဝန္ေဆာင္ မိခင္ ဆိုတာ… ကိုယ္ဝန္ေဆာင္ မိခင္မ်ားက သား သမီးမ်ားကို ကိုယ္ဝန္ေဆာင္ထားရၿပီ ဆိုရင္ တစ္ေန႔ သခ်ႋဳင္းကုန္းကို သုံးခါ မ်က္ေစာင္းထိုးသတဲ့။ သူမဟာလည္း အခ်ိန္မေ႐ြး ေသႏိုင္ပါတယ္။
ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ မိဘ ေက်းဇူးကို ဆပ္ႏိုင္သေလာက္ ျပန္ေပးဆပ္ၾကရမယ္။ မိဘေသမွ
အုတ္ဂူေဆာက္ေပးမဲ့ အစား မေသခင္ အခ်ိန္ေလးမွာ အေႏြးထည္ ေကာင္းေကာင္းေလး ဝယ္ကန္ေတာ့ၾကရေအာင္လား
မိဘ ေနထိုင္မေကာင္းျဖစ္မွ စားမကုန္ ေသာက္မကုန္ႏိုင္ေအာင္ သစ္သီး မုန္႔မ်ိဳးစုံ ဝယ္ေကြၽးမယ့္ အစား မိဘေတြ ေနထိုင္ေကာင္းေနတုန္းအခ်ိန္ေလးမွ “ဖေေဖ ေမေမ ဘာစားခ်င္လဲ…?”လို႔ ေမးၾကစမ္းပါ။
မိဘေသမွ ငိုမယ့္အစား မေသခင္ မိဘစကား နားေထာင္ၾကရေအာင္ပါ။ မေခၚမေျပာ ဆက္ဆံတဲ့
အထဲမွာ ကိုယ့္မိဘေတြ မပါပါေစနဲ႔။ ဘာျဖစ္လို႔လဲဆိုေတာ့… သူတို႔ ( မိဘ )ေခၚခဲ့လို႔သာ ကိုယ္ေတြ လူလာျဖစ္ၾကတာေလ။
စာေရးသူမွာေတာ့ မိဘႏွစ္ပါးစလုံး မရွိေတာ့ပါဘူး။ ငယ္စဥ္ကပဲ ဆုံးပါးသြားၾကလို႔ မိဘေက်းဇူးဆပ္ခြင့္ သိပ္မရခဲ့ပါဘူး။ မိဘေက်းဇူးကို သိတတ္တဲ့ သားေကာင္း ရတနာ သမီးေကာင္း ရတနာေလးေတြျဖစ္ႏိုင္ၾကပါေစလို႔။
ေမတၱာျဖင့္#အရွင္ပုည( ဝကုန္း )#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။
Unicode
ဖတ်ကြည့်နော်… ဒီစာလေးကို ဖတ်ပြီး “မိဘကျေးဇူး” ဆပ်နိုင်ကြပါစေ…
ဖဖေ မေမေတို့ရဲ့ကျေးဇူး မြင်းမိုရ်က အလွန်ပဲ ကြီးမားလှပါတယ်။ သား သမီးတွေအပေါ် အသက်ပေးပြီး ချစ်နိုင်တာ မိဘပါ။ သား သမီးတွေ အတွက်
အသက်ပေးထားသူဟာလည်း အနန္တဂိုဏ်းဝင် မိဘပါပဲ။ ဥပမာလေး ပြောပါရစေ… သေသူစာရင်းထဲမှာ မိဘတွေက ထိပ်ဆုံးက ပါနေတာပါ…။
သေသူ-( ၆ )မျိုး
၁။ သမုဒ် မြစ်ကူး ၂။ တွင်းတူး တစ်ချက် ၃။ ထန်းတက် ယောက်ျား ၄။ ဆင်အံဘွား နှင့် ၅။ မင်းခ ယောက်ျား ၆။ ကိုယ်ဝန်ဆောင် မိခင် တဲ့။ ဒီ( ၆ )မျိုးလုံးက သေသူတွေပါ။
၁။ သမုဒ် မြစ်ကူး ဆိုတာ… မြစ်ကမ်း ဒီဘက်ခြမ်းကနေ ဟိုဘက်ကမ်း မရောက်မချင်းက မုန်တိုင်းတွေကြောင့် အချိန်မရွေး ရေထဲကျပြီး သေနိုင်ပါတယ်။
၂။ တွင်းတူး ယောက်ျား ဆိုတာ… ကျောက်တွင်း ရွှေတွင်း တူးတဲ့ ဖခင်ကလည်း မြေပြင်ပေါ် ပြန်မရောက်မချင်း မြေပြိုပြီး သေနိုင်ပါတယ်။
၃။ ထန်းတက် ယောက်ျား ဆိုတာ… ထန်းပင်တက်ပြီး လုပ်ကျွေးတဲ့ အဖေကလည်း ထန်းပင်အောက် ပြန်မရောက်မချင်း ပြုတ်ကျပြီး သေနိုင်ပါတယ်။
၄။ ဆင်အံဘွား နှင့် ဆိုတာ… ဆင်ဦးစီးများကလည်း ဆင်တွေ အချိန်မရွေး ခါကျ တက်နင်းသတ်လို့ သေနိုင်ပါတယ်။
၅။ မင်းခ ယောက်ျား ဆိုတာ… ရှင်ဘုရင်တွေက တက်လို့ အမိန့်ပေးလိုက်တာနဲ့ တက်ရတဲ့အခါ
ဘယ်အချိန် ရန်သူ့လက်ချက်နဲ့ သေမလဲ ဆိုတာ မသိရလို့ သူတို့လည်း သေနိုင်ပါတယ်။
၆။ ကိုယ်ဝန်ဆောင် မိခင် ဆိုတာ… ကိုယ်ဝန်ဆောင် မိခင်များက သား သမီးများကို ကိုယ်ဝန်ဆောင်ထားရပြီ ဆိုရင် တစ်နေ့ သင်္ချိုင်းကုန်းကို သုံးခါ မျက်စောင်းထိုးသတဲ့။ သူမဟာလည်း အချိန်မရွေး သေနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေ မိဘ ကျေးဇူးကို ဆပ်နိုင်သလောက် ပြန်ပေးဆပ်ကြရမယ်။ မိဘသေမှ
အုတ်ဂူဆောက်ပေးမဲ့ အစား မသေခင် အချိန်လေးမှာ အနွေးထည် ကောင်းကောင်းလေး ဝယ်ကန်တော့ကြရအောင်လား
မိဘ နေထိုင်မကောင်းဖြစ်မှ စားမကုန် သောက်မကုန်နိုင်အောင် သစ်သီး မုန့်မျိုးစုံ ဝယ်ကျွေးမယ့် အစား မိဘတွေ နေထိုင်ကောင်းနေတုန်းအချိန်လေးမှ “ဖေဖေ မေမေ ဘာစားချင်လဲ…?”လို့ မေးကြစမ်းပါ။
မိဘသေမှ ငိုမယ့်အစား မသေခင် မိဘစကား နားထောင်ကြရအောင်ပါ။ မခေါ်မပြော ဆက်ဆံတဲ့
အထဲမှာ ကိုယ့်မိဘတွေ မပါပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့… သူတို့ ( မိဘ )ခေါ်ခဲ့လို့သာ ကိုယ်တွေ လူလာဖြစ်ကြတာလေ။
စာရေးသူမှာတော့ မိဘနှစ်ပါးစလုံး မရှိတော့ပါဘူး။ ငယ်စဉ်ကပဲ ဆုံးပါးသွားကြလို့ မိဘကျေးဇူးဆပ်ခွင့် သိပ်မရခဲ့ပါဘူး။ မိဘကျေးဇူးကို သိတတ်တဲ့ သားကောင်း ရတနာ သမီးကောင်း ရတနာလေးတွေဖြစ်နိုင်ကြပါစေလို့။
မေတ္တာဖြင့်#အရှင်ပုည( ဝကုန်း )#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။