အချစ်ကြီးလွန်းသူတွေ ပြုလုပ်မိတတ်တဲ့ အမှား (၆) ခု

အချစ်ကြီးလွန်းသူတွေ ပြုလုပ်မိတတ်တဲ့ အမှား (၆) ခု

အချစ်ဆိုတာကို တစ်ချိန် မဟုတ် တစ်ချိန်မှာ လူတိုင်း ကြုံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံချစ်နည်းတွေက မတူကြပါဘူး။

တစ်ချို့တွေက ချစ်ပေမယ့်လည်း အချစ်တွေကို ဘယ်လိုထုတ်ပြရမယ် မသိကြပါဘူး။ တစ်ချို့ကတော့ သိပ်ကို ချစ်တတ်လွန်းလို့ အခုလို အမှားတွေ လုပ်မိတတ်တာမျိုးလည်း ရှိနေပါတယ်။

ချုပ်ချယ်သလို ဖြစ်တယ်၊တစ်ယောက်ယောက်ကို အရမ်း ချစ်မိသွားတဲ့အခါ အချစ်ကြီးသူတွေက သူတို့ကိုပဲ ကြည့်မိအောင် ပြုလုပ်တတ်ကြပါတယ်။

ကိုယ်နဲ့ပဲ အမြဲ ရှိနေဖို့ ကိုယ့်ကို ဦးစားပေးဖို့နဲ့ သူ့ရဲ့ အရာရာကို ကိုယ်ပဲ သိချင်တာမျိုးတွေ ပြုလုပ်လာတတ်ပါတယ်။ဒီအချက်က တစ်ဖက်သူကို အရမ်းကို ပင်ပန်းသွားစေပြီး အချစ်တွေကိုတောင် လျော့သွားစေပါတယ်။ ဒါကြောင့် သင် ချစ်တာက ချုပ်ချယ်တတ်သူအဖြစ် ပြောင်းသွားတာပါ။

အလျော့ပေးမိတယ် ၊တစ်ချို့ကျတော့ ချစ်မိသွားတာနဲ့ သူနဲ့ အမြဲ အတူရှိနိုင်ရေးကို တွေးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကို ထားမသွားရင် ပြီးရော အကုန် လိုက်လျောတတ်ကြပါတယ်။

တစ်ချို့ကျတော့ ကိုယ်ပုံစံ ပျောက်သွားပြီး သူ ကြိုက်ပါတယ်ဆိုတဲ့ ပုံစံအတိုင်းပဲ လိုက်နေတော့တာလည်း ရှိတတ်ကြပါတယ်။ ဒါက သင့်အတွက် ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူးနော်။

အလွန်အကျွံ တုန့်ပြန်မိတယ်၊အချစ်ကြီးတဲ့သူက အမျက်လည်း ကြီးတယ်လို့ ပြောစမှတ် ရှိပါတယ်။ တစ်ချို့ကတော့ ချစ်မိသွားတာနဲ့ သဝန်တိုလွန်းတာ၊

ဒေါသနဲ့ ဖိနှိပ်လွန်းတာတွေ စတဲ့ တုန့်ပြန်မှု လွန်ကဲတာတွေ ဖြစ်နေတတ်ပါတယ်။ဒါကြောင့် သင်ကို တစ်ဖက်သူက ချစ်စရာလို့ မမြင်တော့ဘဲ လန့်စရာသူအဖြစ် မြင်သွားတတ်ပါသေးတယ်။

ကိုယ့်ကိုယ်ကို မေ့တယ်တစ်ဖက်လူကို ချစ်လွန်းတော့ ကိုယ့်ကိုယ်ကို မေ့သွားကြတဲ့သူတွေ ရှိပါတယ်။ တကယ်တမ်းက ကိုယ့်ကိုယ်ကို ဂရုအစိုက်သင့်ဆုံးနဲ့ အချစ်သင့်ဆုံး ဖြစ်ပါတယ်။

သင်ကတော့ ကိုယ့်အတွက် နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘဲ ချစ်တဲ့သူကိုပဲ အာရုံထဲ ထားမိနေတာ တကယ်တော့ မကောင်းပါဘူးနော်။

ဘဝအတွက် မေ့တယ်ချစ်သူရသွားတာနဲ့ ချစ်သူနဲ့ပဲ ရှုပ်နေပြီး ဘာမှ မလုပ်ဖြစ်တဲ့သူတွေ ရှိပါတယ်။ ဘဝအတွက်ကိုတောင် မတွေးလောက်အောင် စားလည်း ချစ်သူနဲ့ အိပ်ချိန်လည်း ချစ်သူနဲ့ စကားပြော၊ ရန်ဖြစ်တာ၊အခြေအတင် ဖြစ်နေတာ ကြည်နူးနေတာတွေနဲ့ပဲ အချိန်ကို ကုန်လေ့ ရှိပြီး ဘဝအတွက် အချိန်ကုန်ချိန် နည်းလွန်းသွားတာကလည်း အလွန်အမင်းချစ်လွန်းသူတွေမှာပဲ ရှိတာပါ။

သဝန်ကြောင်မိတယ်ချစ်မိတဲ့သူတွေတိုင်း သဝန်တိုတတ်ကြပါတယ်။ ဒါက အဆန်း မဟုတ်ပါဘူး။ ဆန်းတာကတော့ သဝန်တိုတဲ့ အဆင့်ကို လွန်ပြီး သဝန်ကြောင်တဲ့ အဆင့်ကို ပြောင်းလဲသွားကြတာပဲ ဖြစ်ပါတယ်။

လူတိုင်းနဲ့ အထင်တွေ လွဲနေတတ်သလို လူတိုင်းကို ကိုယ့်ချစ်သူက ပြန်ကြိုက်သွားနိုင်တယ်ဆိုတဲ့ အတွေးနဲ့ သဝန်ကြောင်နေတာက သူတို့ကိုယ် သူတို့ နှိပ်စက်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

Kham

unicode

 

အချစ်ကြီးလွန်းသူတွေ ပြုလုပ်မိတတ်တဲ့ အမှား (၆) ခုအချစ်ဆိုတာကို တစ်ချိန် မဟုတ် တစ်ချိန်မှာ လူတိုင်း ကြုံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ပုံချစ်နည်းတွေက မတူကြပါဘူး

တစ်ချို့တွေက ချစ်ပေမယ့်လည်း အချစ်တွေကို ဘယ်လိုထုတ်ပြရမယ် မသိကြပါဘူး။ တစ်ချို့ကတော့ သိပ်ကို ချစ်တတ်လွန်းလို့ အခုလို အမှားတွေ လုပ်မိတတ်တာမျိုးလည်း ရှိနေပါတယ်။

ချုပ်ချယ်သလို ဖြစ်တယ်တစ်ယောက်ယောက်ကို အရမ်း ချစ်မိသွားတဲ့အခါ အချစ်ကြီးသူတွေက သူတို့ကိုပဲ ကြည့်မိအောင် ပြုလုပ်တတ်ကြပါတယ်။

ကိုယ်နဲ့ပဲ အမြဲ ရှိနေဖို့ကိုယ့်ကို ဦးစားပေးဖို့နဲ့သူ့ရဲ့အရာရာကို ကိုယ်ပဲ သိချင်တာမျိုးတွေ ပြုလုပ်လာတတ်ပါတယ်။ဒီအချက်က တစ်ဖက်သူကို အရမ်းကို ပင်ပန်းသွားစေပြီး အချစ်တွေကိုတောင် လျော့သွားစေပါတယ်။ ဒါကြောင့် သင် ချစ်တာက ချုပ်ချယ်တတ်သူအဖြစ် ပြောင်းသွားတာပါ။

အလျော့ပေးမိတယ် ၊တစ်ချို့ကျတော့ ချစ်မိသွားတာနဲ့သူနဲ့အမြဲ အတူရှိနိုင်ရေးကို တွေးတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကို ထားမသွားရင် ပြီးရော အကုန် လိုက်လျောတတ်ကြပါတယ်

တစ်ချို့ကျတော့ ကိုယ်ပုံစံ ပျောက်သွားပြီး သူ ကြိုက်ပါတယ်ဆိုတဲ့ ပုံစံအတိုင်းပဲ လိုက်နေတော့တာလည်း ရှိတတ်ကြပါတယ်။ ဒါက သင့်အတွက် ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူးနော်။

အလွန်အကျွံ တုန့်ပြန်မိတယ်အချစ်ကြီးတဲ့သူက အမျက်လည်း ကြီးတယ်လို​​ပြောစမှတ် ရှိပါတယ်။ တစ်ချို့ကတော့ ချစ်မိသွားတာနဲ့သဝန်တိုလွန်းတာ၊ ဒေါသနဲ့ဖိနှိပ်လွန်းတာတွေ စတဲ့ တုန့်ပြန်မှု လွန်ကဲတာတွေ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် သင်ကို တစ်ဖက်သူက ချစ်စရာလို့ မမြင်တော့ဘဲ လန့်စရာသူအဖြစ် မြင်သွားတတ်ပါသေးတယ်။

ကိုယ့်ကိုယ်ကို မေ့တယ်၊တစ်ဖက်လူကို ချစ်လွန်းတော့ ကိုယ့်ကိုယ်ကို မေ့သွားကြတဲ့သူတွေ ရှိပါတယ်။ တကယ်တမ်းက ကိုယ့်ကိုယ်ကို ဂရုအစိုက်သင့်ဆုံးနဲ့ အချစ်သင့်ဆုံး ဖြစ်ပါတယ်။

သင်ကတော့ ကိုယ့်အတွက် နည်းနည်းလေးတောင် ဂရုမစိုက်တော့ဘဲ ချစ်တဲ့သူကိုပဲ အာရုံထဲ ထားမိနေတာ တကယ်တော့ မကောင်းပါဘူးနော်။ဘဝအတွက် မေ့တယ် ၊ချစ်သူရသွားတာနဲ့ချစ်သူနဲ့ပဲ ရှုပ်နေပြီး ဘာမှ မလုပ်ဖြစ်တဲ့သူတွေ ရှိပါတယ်။ ဘဝအတွက်ကိုတောင် မတွေးလောက်အောင် စားလည်း ချစ်သူနဲ့အိပ်ချိန်လည်း ချစ်သူနဲ စကားပြော၊ ရန်ဖြစ်တာ၊

အခြေအတင် ဖြစ်နေတာ ကြည်နူးနေတာတွေနဲ့ပဲ အချိန်ကို ကုန်လေ့ ရှိပြီး ဘဝအတွက် အချိန်ကုန်ချိန် နည်းလွန်းသွားတာကလည်း အလွန်အမင်းချစ်လွန်းသူတွေမှာပဲ ရှိတာပါ

သဝန်ကြောင်မိတယ်၊ချစ်မိတဲ့သူတွေတိုင်း သဝန်တိုတတ်ကြပါတယ်။ ဒါက အဆန်း မဟုတ်ပါဘူး။ ဆန်းတာကတော့ သဝန်တိုတဲ့ အဆင့်ကို လွန်ပြီး သဝန်ကြောင်တဲ့ အဆင့်ကို ပြောင်းလဲသွားကြတာပဲ ဖြစ်ပါတယ်။

လူတိုင်းနဲ့အထင်တွေ လွဲနေတတ်သလို လူတိုင်းကို ကိုယ့်ချစ်သူက ပြန်ကြိုက်သွားနိုင်တယ်ဆိုတဲ့ အတွေးနဲ သဝန်ကြောင်နေတာက သူတို့ကိုယ် သူတို့နှိပ်စက်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။

Kham

Leave a Comment