မင်းသမီး ခေးဆက်သွင်ကို! အား လို့အော်သွားရအောင် ထူးထူးဆန်းဆန်း Surprise လုပ်ပေးလိုက်တဲ့ စိုပြေမြင့်
ပရိသတ်ကြီးရေခေးဆက်သွင်ကတော့ MRTV- (4) ဇာတ်လမ်းတွဲ မင်းသမီးလေးဖြစ်တဲ့ အပြင် အမြဲ ပျော်ပျော်နေတတ်ပြီး သရုပ်ဆောင်ကောင်း လွန်းတဲ့ မင်းသမီးလေး ဖြစ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။
အမြဲသူမရဲ့အပေါင်းအသင်းတွေနဒ့ အတူတူပျော်ပျော်နေတတ်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။
မကြာသေးမီကကျရောက်ခဲ့တဲ့သူမရဲ့မွေးနေ့အတွက် ချစ်ရတဲ့ သူငယ်ချင်း ဇာတ်လမ်းတွဲ မင်းသားတစ်လက် ဖြစ်တဲ့ စိုပြေမြင့်ကsurpriseမွေးနေ့ လက်ဆောင် ပေးခဲ့တာပါ။ အမြဲရိုးရှင်းပွင့်လင်းလှတဲ့ခေးဆက်သွင်ကတော့ သူမရဲ့ရရှိတဲ့မွေးနေ့လက်ဆောင်လေးကိုသဘောကျကျေနပ် လျက်ရှိတာပါ။
“မွေးနေ့သာပြီးသွားတယ် ငါ့သားလေးက အမှတ်တရဘာမှလည်းမပေးဘူးဆိုပြီး စိတ်မကောင်းဖြစ်နေတာလေ ကိုယ်စီစဉ်ထားတာ ကိုယ်ပဲသိတော့ မသိချင်ယောင်ဆောင်နေလိုက်တယ် ဒီနေ့ကျမှ ကိုယ်တိုင်သွားယူ ချက်ချင်းလာပြီး Surprise လုပ်လိုက်မှ
ပျော်သွားတာမြင်ရတော့ လက်ဆောင်ပေးရကျိုနပ်သွားတာပေါ့မောနေတယ် ဆိုတာ ဓာတ်လှေကားမရသေးလို့ ၆လွှာကို ဖောလျောနဲ့ ခေါက်တွန့်ခေါက်ပြန်သယ်လိုက်ရလို့နော် 🤪အပျော်လေးကိုမျှဝေပေးလိုက်ပါတယ် 🥰”ဆိုတဲ့စာလေးနဲ့စိုပြေမြင့်အကောင့်ကနေတင်လာခဲ့တာပါ။
ပရိသတ်အတွက်လက်ဆောင်ရ လို့ပျော် နေတဲ့ ခေးဆက်သွင် ရဲ့ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
Credit-CeleGabar
Source – SopyayMyint