ကလေးငယ်ရဲ့ဖိနပ်ပြုတ်ကျသွားလို့ ကိုယ်တိုင်ဖိနပ်ကောက်ပြီး ပြန်ပေးခဲ့တဲ့ ဘဲလေး

ကလေးငယ်ရဲ့ဖိနပ်ပြုတ်ကျသွားလို့ ကိုယ်တိုင်ဖိနပ်ကောက်ပြီး ပြန်ပေးခဲ့တဲ့ ဘဲလေး

ဘယ်လိုတိရစ္ဆာန်ပဲဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးရင်လူတွေအတိုင်းနားလည်သဘောပေါက်နိုင်ကြပါတယ် ။ ဒီ videoလေးကိုတော့ဖိလစ်ပိုင်နိုင်ငံမှာရိုက်ကူးထားခဲ့တာ့ဖြစ်ပြီး ၊ အတော်လေးကို ရေပန်းစားလွန်းတဲ့ video လေးလည်းဖြစ်ပါတယ် ။ Video ထဲမှာတော့ ဖိနပ်ပြုတ်ကျသွားခဲ့တဲ့ကောင်လေးကို ဖိနပ်ပြန်ကောက်ပေးပြီး စိတ်ရှည်လက်ရှည် ဘဲလေးတစ်ကောင်က ကူညီပေးခဲ့တာပါ ။

ဘဲလေးက ဖိနပ်ကိုကောက်ပေမဲ့လည်း အကြိမ်ကြိမ်ပြန်ပြုတ်ကျနေခဲ့လို့ အချိန်အတော်လေး ယူခဲ့ရပါတယ် ။ ဖိနပ်ပြန်ပေးနိုင်ဖို့ ဘဲလေးက လုံးဝလက်မလျှော့ခဲ့ပါတယ် ။

အဆိုပါကောင်လေးက ဘဲလေးရဲ့ ပိုင်ရှင်မဟုတ်ခဲ့ပါဘူး ။ လမ်းက ဘဲလေးအတွက် တောင်စောင်းလေးလိုဖြစ်နေပြီး အကြိမ်ကြိမ်လျှောကျနေပေမဲ့ လက်မလျှော့ဘဲကောင်လေးကို ကူညီပေးခဲ့တဲ့ ဘဲလေးရဲ့လုပ်ရပ်ကြောင့် video ရိုက်ကူးသူကိုယ်တိုင်က အံ့အားသင့်ခဲ့ရကြောင်း ပြောပြခဲ့ပါသေးတယ် ။

crd

Leave a Comment