သင့္ႏႈတ္ခမ္းတစ္စံုက ေျပာျပေပးမယ့္ သင့္အေၾကာင္း


သင့္ႏႈတ္ခမ္းတစ္စံုက ေျပာျပေပးမယ့္ သင့္အေၾကာင္း

ေအ) ပါးတဲ့ႏႈတ္ခမ္း

 

ပံုမွာျပထားသလို သင့္ႏႈတ္ခမ္းဟာ ပါးတယ္ဆုိရင္ သင္ဟာ ကိုယ္ထူကိုယ္ထ ေနတတ္ျပီး ဘယ္သူ႕ကိုမွ အားမကိုးခ်င္တဲ့သူ တစ္ေယာက္ပါပဲ။ ခုလိုေျပာလုိ႕ သင့္ပတ္၀န္းက်င္က သင္နဲ႕ပတ္သက္သူေတြကို ေက်းဇူးမတင္တတ္ဘူး၊ မခ်ီးမြမ္းတတ္ဘူးလို႕ ဆုိလိုတာမ်ိဳး မဟုတ္ပါဘူး။ ဒါမ်ိဳးေတြ သင္တကယ္ကို ေျပာဆုိျပဳမူတတ္ပါတယ္။ ဒါေပမယ့္ သင္ဟာ တစ္ပါးသူရဲ႕ အကူအညီကို နည္းႏိုင္သမ်ွ နည္းနည္းသာ လိုခ်င္သူပါ။ အတတ္ႏိုင္ဆံုး ကိုယ့္ဘာသာကိုယ္ ရပ္တည္ၾကိဳးစားသူတစ္ေယာက္ပါ။ တစ္ခုခုလုပ္ခ်င္ျပီ၊ ျဖစ္ခ်င္ျပီဆုိရင္ သင့္ကို ဘယ္သူမွ မတားဆီးႏိုင္ပါဘူး။ သင္ဟာ Kate Middleton တုိ႕ Beyonce တုိ႕လိုႏႈတ္ခမ္းမ်ိဳး ပိုင္ဆိုင္ထားသူပါ။

ဘီ) ႏႈတ္ခမ္းထူထူျပည့္ျပည့္

 

ပံုမွာ ျပထားသလို သင့္ႏႈတ္ခမ္းက ဂ်ိဳလီႏႈတ္ခမ္းလုိ ထူထူျပည့္ျပည့္ေလး ျဖစ္ေနမယ္ဆုိရင္ သင္ဟာ သဘာ၀ကို အလြန္ခ်စ္ျမတ္ႏိုးသူတစ္ေယာက္ပါ။ သင့္သူငယ္ခ်င္းေတြကေတာ့ သင္ဟာ သူတုိ႕အထဲမွာ အေမတစ္ေယာက္လို အားလံုးကို ဂရုစိုက္ဆက္ဆံတတ္သူ၊ ဆံုးျဖတ္ခ်က္ခ်တဲ့ေနရာမွာ ေတာ္တဲ့သူလို႕ ထင္ျမင္ေနပါလိမ့္မယ္။ ဘာလုိ႕လဲဆုိေတာ့ သင္ဟာ သူငယ္ခ်င္းေတြအေပၚ ဘယ္ေတာ့မွ မေကာင္းမေျပာတတ္၊ မျပဴမူတတ္သူမုိ႕ပါ။ သင္ဟာ ကိုယ္က်ိဳးမၾကည့္ပဲ အျခားသူေတြအေပၚ ၾကင္နာကူညီတတ္သူမို႕ သင့္ကိုနင္းျပီး သူတုိ႕ေကာင္းက်ိဳးရွာသြားတတ္သူေတြကိုေတာ့ သတိထားဆက္ဆံဖုိ႕ လုိပါတယ္။

စီ ) ႏွင္းဆီပြင့္လႊာေလးလို႕ သိပ္လည္းမၾကီး သိပ္လည္း မေသးတဲ့ႏႈတ္ခမ္း

ပံုမွာ ျပထားသလို သင့္ႏႈတ္ခမ္းက ဘီမွာျပထားတဲ့ ပံုေလာက္လည္း ေဘးကားျပီး မျပည့္ဘူး။ အလယ္မွာ စုစုေလးနဲ႕ ႏွင္းဆီပြင့္လႊာေလးလို ဖူးဖူးေလးဆုိရင္ေတာ့ သင္ဟာ ေမာ္ဒယ္ Lindsey Wixson လုိ ႏႈတ္ခမ္းမ်ိဳး ပိုင္ဆိုင္ထားသူေပါ့။ သင္ဟာ လိုခ်င္တာကို ရေအာင္ ယူတတ္တယ္။ သင့္ပင္ကိုယ္အရည္အေသြး၊ အားလံုးကို ဂရုမစိုက္ပဲ ေနတတ္တဲ့ အခ်က္ေတြက လူေတြကို ဆြဲေဆာင္ႏိုင္ပါတယ္။ သင္ဟာ တစ္ပါးသူအေပၚ မွီခိုရမွာ မုန္းတတ္ျပီး တစ္ခုခု လုပ္ေဆာင္ေတာ့မယ္ဆို ေသခ်ာေလး စဥ္းစားတတ္သူဆုိရင္လည္း မမွားပါဘူး။

unicode

သင့်နှုတ်ခမ်းတစ်စုံက ပြောပြပေးမယ့် သင့်အကြောင်း

အေ) ပါးတဲ့နှုတ်ခမ်း

ပုံမှာပြထားသလို သင့်နှုတ်ခမ်းဟာ ပါးတယ်ဆိုရင် သင်ဟာ ကိုယ်ထူကိုယ်ထ နေတတ်ပြီး ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူ တစ်ယောက်ပါပဲ။ ခုလိုပြောလို့ သင့်ပတ်ဝန်းကျင်က သင်နဲ့ပတ်သက်သူတွေကို ကျေးဇူးမတင်တတ်ဘူး၊ မချီးမွမ်းတတ်ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒါမျိုးတွေ သင်တကယ်ကို ပြောဆိုပြုမူတတ်ပါတယ်။ ဒါပေမယ့် သင်ဟာ တစ်ပါးသူရဲ့ အကူအညီကို နည်းနိုင်သမျှ နည်းနည်းသာ လိုချင်သူပါ။ အတတ်နိုင်ဆုံး ကိုယ့်ဘာသာကိုယ် ရပ်တည်ကြိုးစားသူတစ်ယောက်ပါ။

တစ်ခုခုလုပ်ချင်ပြီ၊ ဖြစ်ချင်ပြီဆိုရင် သင့်ကို ဘယ်သူမှ မတားဆီးနိုင်ပါဘူး။ သင်ဟာ Kate Middleton တို့ Beyonce တို့လိုနှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားသူပါ။

ဘီ) နှုတ်ခမ်းထူထူပြည့်ပြည့်

ပုံမှာ ပြထားသလို သင့်နှုတ်ခမ်းက ဂျိုလီနှုတ်ခမ်းလို ထူထူပြည့်ပြည့်လေး ဖြစ်နေမယ်ဆိုရင် သင်ဟာ သဘာဝကို အလွန်ချစ်မြတ်နိုးသူတစ်ယောက်ပါ။ သင့်သူငယ်ချင်းတွေကတော့ သင်ဟာ သူတို့အထဲမှာ အမေတစ်ယောက်လို အားလုံးကို ဂရုစိုက်ဆက်ဆံတတ်သူ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တော်တဲ့သူလို့ ထင်မြင်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သူငယ်ချင်းတွေအပေါ် ဘယ်တော့မှ မကောင်းမပြောတတ်၊ မပြူမူတတ်သူမို့ပါ။ သင်ဟာ ကိုယ်ကျိုးမကြည့်ပဲ အခြားသူတွေအပေါ် ကြင်နာကူညီတတ်သူမို့ သင့်ကိုနင်းပြီး သူတို့ကောင်းကျိုးရှာသွားတတ်သူတွေကိုတော့ သတိထားဆက်ဆံဖို့ လိုပါတယ်။

စီ ) နှင်းဆီပွင့်လွှာလေးလို့ သိပ်လည်းမကြီး သိပ်လည်း မသေးတဲ့နှုတ်ခမ်း

ပုံမှာ ပြထားသလို သင့်နှုတ်ခမ်းက ဘီမှာပြထားတဲ့ ပုံလောက်လည်း ဘေးကားပြီး မပြည့်ဘူး။ အလယ်မှာ စုစုလေးနဲ့ နှင်းဆီပွင့်လွှာလေးလို ဖူးဖူးလေးဆိုရင်တော့ သင်ဟာ မော်ဒယ် Lindsey Wixson လို နှုတ်ခမ်းမျိုး ပိုင်ဆိုင်ထားသူပေါ့။ သင်ဟာ လိုချင်တာကို ရအောင် ယူတတ်တယ်။ သင့်ပင်ကိုယ်အရည်အသွေး၊ အားလုံးကို ဂရုမစိုက်ပဲ နေတတ်တဲ့ အချက်တွေက လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ သင်ဟာ တစ်ပါးသူအပေါ် မှီခိုရမှာ မုန်းတတ်ပြီး တစ်ခုခု လုပ်ဆောင်တော့မယ်ဆို သေချာလေး စဉ်းစားတတ်သူဆိုရင်လည်း မမှားပါဘူး။

crd

Leave a Comment