လက်သည်းအရောင်တင်ဆေးကို ကြာရှည်သုံးစွဲရင် လက်သည်းခွံလေးများဟာ အရောင်မွဲလာပြီး အဝါရောင်သမ်းလာတတ်ပါတယ်။ ဖုန်အမှိုက်သရိုက်များနှင့် ထိတွေ့လိုက်တာနဲ့ သင့်လက်သည်းဟာ
အစွန်းအထင်းတွေဖြစ်ကုန်ပါတယ်။ဒါ့ကြောင့်လက်သည်း အရောင်တင်ဆေးကို အမြဲတန်း မကြာခဏ ချွတ်ပြစ်ခြင်းဖြင့် မိမိ၏လက်သည်းကို သဘာဝလေနှင့် ထိတွေ့မှုရှိပါစေ။တကယ်တော့ အဖြူရောင်လက်သည်းဟာ သပ်ရပ်လှပမှုရှိပြီး၊ ကျန်းမာတဲ့အသွင်ကိုလဲ ဆောင်ပါတယ်။
ဒီလိုလက်သည်းဖြူဖြူလေးတွေကို ပရော်ဖက်ရှင်နယ်တယောက်လို မိမိအိမ်တွင်းမှာပဲ အလွယ်တကူ အဆင်ပြေစွာ ပြုလုပ်နိုင်ပါတယ်။ပထမဆုံး လက်သည်းဆိုးဆေး ဖျက်ဆေးကို ဝါဂွမ်းဖြင့် အနည်းငယ်တို့၍ အားလုံးပြောင်စင်သည် အထိ လက်သည်းကိုတိုက်ချွတ်ပါ။
အဝါရောင်သမ်းနေသော လက်သည်းများနှင့် အစွန်းအထင်းများ တင်နေသည့်လက်သည်းကို သန့်ရှင်းရန်အတွက် အလွယ်တကူရနိုင်သော သံပုရာသီးကို အသုံးပြုပါ။သံပုရာသီးအရည်ဖြင့် လက်သည်းများကို ပွတ်တိုက်ပေးပြီး ချက်ခြင်းဆေးမပြစ်ပါနဲ့။ ညဖက်မှာ ပွတ်တိုက်ထားရင် မနက်ကျမှဆေးကြောလိုက်ပါ။ အသုံးပြုပြီး သံပုရာသီးနဲ့လဲ ပွတ်တိုက်နိုင်ပါတယ်။
မုန့်ဖုတ်တဲ့ ဆိုဒါရှိရင် သံပုရာသီးအရည်နဲ့ရောသမပြီး လက်သည်းပေါ်မှာ သုတ်လိမ်းပါ၊ ပြီးရင်လက်သည်းကို ဖွဖွလေးနှိပ်နယ်ပေးပါ။ သွားတိုက်ဆေးဟာ သွားပေါ်မှာ ရှိတဲ့အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်လို့ လက်သည်း အတွက်လဲ အသုံးပြုနိုင်ပါတယ်။
သွားပွတ်တံကို အသုံးပြု၍ လက်သည်းများကို ပွတ်တိုက်ပေးနိုင်သည်။ လက်သည်းတိုက်တဲ့ တံစဉ်း အထူးသဖြင့် သတၳု တံစဉ်းဟာ လက်သည်းတွေကို အားနည်းစေတဲ့ အတွက် အစွန်းအထင်းများ ဖယ်ဖို့ ဘယ်တော့မှ အသုံးမပြုပါနဲ့။
တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အရေးကြီးသော လက်သည်းလေးများကို ဖြူစင်သန့်ရှင်းအောင် စရိတ်နည်း ဝန်ကျဉ်းဆောင့်ရှောက်နိုင်ရန်အတွက် တင်ပြလိုက်ရပါတယ်။
Credit – ဝင်းလှိုင်ဦး
Zawgyi ဖြင့်ဖတ်ပါ
Credit – ဝင်းလႈိင်ဦး