ပုလင်းခွံကောက်တဲ့ ကလေးငယ်ကို ဇွဲထက်ရွှေဆိုင်က ငှားပြီး ကြေငြာရိုက်
ရန်ကုန် ဘူတာကြီး မှာ ပုလင်းခွံ လိုက်ကောက်တဲ့ အပွားလေး အမည်ရှိ ကလေးငယ် အခု ရွှေဆိုင်ကတောင် ငှားပြီး ကြေငြာခိုင်းနေပါပြီ ။
လှံထမ်းလာတာ မြင်ရတယ်
ကံထလာတာ မမြင်ရဘူး ။
မြေတောင်မြှောက်ပေးခဲ့သော
” ဇွဲထက် ရွှေဆိုင် ” နဲ့
ကလေးငယ် အပွါးလေး တို့အား
ဝမ်းသာပီတီဖြစ်ရတယ်
အမှိုက်ကောက်တဲ့ ကလေးလေးကို photographer ညီမတစ်ယောက်က FB လူမှုကွန်ယက်ပေါ် ဓာတ်ပုံရိုက်တင်လိုက်တယ်…
ကလေးဥပဓိရုပ်ကကောင်းတော့ လူသိထင်ရှားဖြစ်သွားခဲ့လေတယ်…
မကြာမီမှာပဲ ဇွဲထက်ရွှေဆိုင်က ကလေးမိဘ
တွေထံ ခွင့်ပန်ပြီး ကလေးကို ကြော်ငြာရိုက်ဖို့ ခေါ်ခဲ့တယ်.. ကြော်ငြာကလည်း ထင်မှတ်မထားရလောက်အောင် Like and View တွေ ထောင်ပေါင်းများစွာ တက်လာခဲ့တယ်….
ရဲတိုက်နဲ့ ချွတ်စွပ်နီးပါးတူတဲ့ ကုလားဆင် ဒီကလေးငယ်လေးရဲ့ စန်းရှိပုံနဲ့ Photographer ရဲ့ စေတနာတွေပေါင်းလိုက်တော့ ဆင်းရဲသားမိသားစုလေးရဲ့ဘဝက အနာဂတ်မှာ တောက်ပလာဖို့ အလားအလာရှိခဲ့ပါတယ်….
မိမိရဲ့ အပန်းမကြီးတဲ့ ဓာတ်ပုံရိုက်ချက်လေးတစ်ချို့က ကလေးငယ်လေးနဲ့သူ့မိသားစုရဲ့ အနာဂတ်ဘဝလေးတွေကို ပြောင်းလဲစေနိုင်ခဲ့တဲ့အတွက် Photographer နှမငယ်လေးအတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဗျာ
ရန်ကုန် ဘူတာကြီးမှာ ပုလင်းခွံ လိုက်ကောက်တဲ့
ဘဝလေးကနေ ခု ရွှေဆိုင်ကတောင် ငှားပြီး ကြေငြာခိုင်းနေပါပြီ ။
လှံထမ်းလာတာ မြင်ရတယ် ကံထလာတာ မမြင်ရဘူး ဆိုတာ……
မြေတောင်မြှောက်ပေးခဲ့သော
” ဇွဲထက် ရွှေဆိုင် “လေးစားစရာ ကောင်းပါတယ် ။
နာမည်က…အပွားလေး
Crd
နာမည်က…အပွားလေး