လူသိနည်းတဲ့ ငုံးဥရဲ့ကျန်းမာရေး အကျိုးကျေးဇူးများ


ငုံးဥ လို့ ပြောလိုက်တာ နဲ့ တစ်ထောင်ဖိုး ၃ထုပ် နဲ့ လိုက်ရောင်းနေတဲ့ ကားဂိတ်က ချာတိတ် အချို့ကို ပြေးမြင်မိကြ ပါလိမ့်မယ်။

ငုံးဥကို မြန်မာပြည် မှာတော့ သရေစာ အနေနဲ့သာ စားကြတာ များပြီး အခြားဟင်းတစ်ခုခု မှာ ထည့်တဲ့ ဖြည့်စွက်စာ အနေနဲ့ ထည့်ပြီး စားကြတာများပါတယ်။

ဟင်းအနေ နဲ့ ချက်စားကြတာ နည်းပါတယ်။ ငုံးဥကို မသိသူ ရှားပေမယ့် သူ့ရဲ့ အာဟာရသတ္တိတွေ အကြောင်း တော့ သိသူ နည်းပါလိမ့်မယ်။

ငုံးဥ မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကြက်ဥနှစ်လုံးစာနဲ့ ညီမျှတယ်လို့ ဆိုကြ ပါတယ်။

ငုံးဥမှာ ပရိုတင်း၊ ကောင်းမွန်တဲ့ အဆီဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်B1,B2၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။

ငုံးဥကို အာဟာရ မြန်မြန်ပြည့်ဝဖို့ လိုတဲ့ နာလန်ထ လူမမာ တွေ စားသုံးဖို့ အသင့်တော်ဆုံးဖြစ်ပြီး အသက်အရွယ် ကြီးရင့်သူတွေနဲ့ သွေးအားနည်းသူတွေ စားသုံးသင့်ပါတယ်။

ငုံးဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းမယ်ဆိုရင် ၂ပတ်လောက်ထိပဲ အကြာဆုံး ထားသင့် ပါတယ်။

ငုံးဥကို လတ်လတ်ဆတ်ဆတ် ဝယ်စားရင်တော့ အကောင်းဆုံးပါပဲ။ ငုံးဥဟာ အဆုတ် နဲ့ အူလမ်းကြောင်း တို့ကို ကောင်းမွန်စေ ဖို့ ကူညီ ပါတယ်။

သရက်ရွက်ကို အားကောင်းစေပြီး ဆီးချိုရောဂါ ကုသရာ မှာလည်း ကူညီ ပါတယ်။

ငုံးဥဟာ သွေးကြောတွေကို ကောင်းမွန်စေပြီး နှလုံးသွေးကြော မပိတ်စေ ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အစာအိမ် အားနည်းသူတွေ ကတော့ နွားနို့ နဲ့ ငုံးဥကို တွဲစားပေးကြပါတယ်။

အသည်းနဲ့ ကျောက်ကပ် ရဲ့ လိုအပ်တဲ့ အာဟာရ ကို ငုံးဥက ဖြည့်တင်း နိုင်ပြီး ပန်းသေပန်းညိုးခြင်း ကိုလည်း ပြန်လည်ကောင်းမွန်စေဖို့ ကူညီပါတယ်။

Credit : MyHealth Myanmar

ငုံးဥ လို႔ ေျပာလိုက္တာ နဲ႔ တစ္ေထာင္ဖိုး ၃ထုပ္ နဲ႔ လိုက္ေရာင္းေနတဲ့ ကားဂိတ္က ခ်ာတိတ္ အခ်ိဳ႕ကို ေျပးျမင္မိၾက ပါလိမ့္မယ္။

ငုံးဥကို ျမန္မာျပည္ မွာေတာ့ သေရစာ အေနနဲ႔သာ စားၾကတာ မ်ားၿပီး အျခားဟင္းတစ္ခုခု မွာ ထည့္တဲ့ ျဖည့္စြက္စာ အေနနဲ႔ ထည့္ၿပီး စားၾကတာမ်ားပါတယ္။

ဟင္းအေန နဲ႔ ခ်က္စားၾကတာ နည္းပါတယ္။ ငုံးဥကို မသိသူ ရွားေပမယ့္ သူ႔ရဲ့ အာဟာရသတၱိေတြ အေၾကာင္း ေတာ့ သိသူ နည္းပါလိမ့္မယ္။

ငုံးဥ မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ ၾကက္ဥႏွစ္လုံးစာနဲ႔ ညီမၽွတယ္လို႔ ဆိုၾက ပါတယ္။

ငုံးဥမွာ ပရိုတင္း၊ ေကာင္းမြန္တဲ့ အဆီဓာတ္၊ သံဓာတ္၊ ဗီတာမင္ေအ၊ ဗီတာမင္B1,B2၊ ကယ္လ္ဆီယမ္၊ မီးစုန္းဓာတ္၊ ဆိုဒီယမ္၊ မဂၢနီဆီယမ္၊ သတၱဳဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။

ငုံးဥကို အာဟာရ ျမန္ျမန္ျပည့္ဝဖို႔ လိုတဲ့ နာလန္ထ လူမမာ ေတြ စားသုံးဖို႔ အသင့္ေတာ္ဆုံးျဖစ္ၿပီး အသက္အရြယ္ ႀကီးရင့္သူေတြနဲ႔ ေသြးအားနည္းသူေတြ စားသုံးသင့္ပါတယ္။

ငုံးဥကို ေရခဲေသတၱာထဲ ထည့္သိမ္းမယ္ဆိုရင္ ၂ပတ္ေလာက္ထိပဲ အၾကာဆုံး ထားသင့္ ပါတယ္။

ငုံးဥကို လတ္လတ္ဆတ္ဆတ္ ဝယ္စားရင္ေတာ့ အေကာင္းဆုံးပါပဲ။ ငုံးဥဟာ အဆုတ္ နဲ႔ အူလမ္းေၾကာင္း တို႔ကို ေကာင္းမြန္ေစ ဖို႔ ကူညီ ပါတယ္။

သရက္ရြက္ကို အားေကာင္းေစၿပီး ဆီးခ်ိဳေရာဂါ ကုသရာ မွာလည္း ကူညီ ပါတယ္။

ငုံးဥဟာ ေသြးေၾကာေတြကို ေကာင္းမြန္ေစၿပီး ႏွလုံးေသြးေၾကာ မပိတ္ေစ ဖို႔ အေထာက္အကူ ျဖစ္ေစပါတယ္။ အစာအိမ္ အားနည္းသူေတြ ကေတာ့ ႏြားနို႔ နဲ႔ ငုံးဥကို တြဲစားေပးၾကပါတယ္။

အသည္းနဲ႔ ေက်ာက္ကပ္ ရဲ့ လိုအပ္တဲ့ အာဟာရ ကို ငုံးဥက ျဖည့္တင္း နိုင္ၿပီး ပန္းေသပန္းညိဳးျခင္း ကိုလည္း ျပန္လည္ေကာင္းမြန္ေစဖို႔ ကူညီပါတယ္။

Credit : MyHealth Myanmar

Leave a Comment