ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမလုပ်လိုသူတွေအတွက် ပိန်သွယ်စေမယ့် နည်းလမ်း ၁၀ ခု

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမလုပ်လိုသူတွေအတွက် ပိန်သွယ်စေမယ့် နည်းလမ်း ၁၀ ခု

ကိုယ်အလေးချိန်ကျချင်ပေမယ့် Gym မှာ နာရီပေါင်းများစွာ အချိန်မပေးနိုင်ဘူးလား။ သင့်ခန္ဓာကိုယ်က လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်နေချိန်မှာ ဒါက အမြဲတစေ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် တစ်ခုတည်းသော ဖြေရှင်းနည်းမဟုတ်ပါဘူး။ လေ့ကျင့်ခန်းမလုပ်ဘဲ အဆီတွေကို ချေဖျက်နို်ငတဲ့ နည်းလမ်းများစွာရှိပါတယ်။

၁။ ကယ်လိုရီတွက်ချက်ပြီး စားသုံးပါ။


high-calorie-foods
ကိုယ်အလေးချိန်လျှော့ချဖို့ အဓိကအချက်က သင်စားသုံးတာထက် ကယ်လိုရီပိုလောင်ကျွမ်းဖို့ ဖြစ်ပါတယ်။ ကယ်လိုရီစားသုံးမှုကို လျှော့ချလိုက်တဲ့အခါ သင့်ရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပိုအောင်မြင်စေနိုင်ပါတယ်။ သင့်နေ့စဉ်စားသုံးမှုကနေ ကယ်လိုရီ ၅၀၀-၁၀၀၀ လျှော့ချနိုင်မယ်ဆိုရင် တစ်ပတ်လျှင် ၁ပေါင်ကျနိုင်ပါတယ်။ ကယ်လိုရီများပြီး အာဟာရနည်းတဲ့ အစားအစာတွေကို ရှောင်ကျဥ််ပါ။

၂။ အချိုရည် ဆိုဒါများ သောက်သုံးခြင်းကို ရှောင်ကျဥ်ပါ။


ကယ်လိုရီတွေကို မစဉ်းစားဘဲ တစ်နေ့လုံး သကြားပါတဲ့ ဆိုဒါတွေကို အငမ်းမရ သောက်နေကျလား? ဒီအမြုပ်ထတဲ့ ဖျော်ရည်တစ်ချို့မှာ သကြားငါးဆယ်ဂရမ်နှင့်အတူ ၁၂အောင်စ အတွက် ကယ်လိုရီ ၁၅၀ကျော်ပါဝင်နိုင်ပါတယ်။ ဒါက သင်သောက်နေတဲ့ ဆိုဒါ တစ်ပုလင်းလျှင် သကြားလေးဇွန်းခန့်ညီမျှပါတယ်။ တကယ်လို့ တစ်နေ့ကို ဆိုဒါ ခြောက်လုံးသောက်ရင် သင့်ခန္ဓာကိုယ်ထဲကို ကယ်လိုရီ ၉၀၀ ဝင်ရောက်သွားပါပြီ။

၃။ အိပ်ရေးဝဝအိပ်ခြင်းဖြင့် အဆီချပါ။


နာတာရှည် အိပ်ရေးပျက်တဲ့အခါ သင်ဟာ နေ့စဉ် ဦးနှောက်တွင်း မြူခိုးတွေထက် ပိုဖန်တီးနေနိုင်ပါတယ်။ ထို့အပြင် အိပ်ရေးပျက်ခြင်းကြောင့် ဗိုက်ဆာလာတဲ့အခါ အသင့်စား အစားအစာတွေ ကျန်းမာရေးမညီညွတ်တဲ့အစားအစာတွေကို အာရုံမထားဘဲ စားမိနေတတ်ပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် တစ်ညလျှင် အနည်းဆုံး ၆နာရီ- ၈နာရီ အနားယူပါ။ ပိုပြီးတတ်ကြွလာတာကို ခံစားရမှာဖြစ်ပြီး ပေါင်ချိန်စက်ပေါ်မှာ ဂဏန်းတွေ လျော့လာတာကို တွေ့နိုင်ပါတယ်။

၄။ ကော်ဖီသောက်ပါ


ကော်ဖီရဲ့ ကြွယ်ဝတဲ့အရသာနဲ့အနံ့ကို စွဲစွဲမြဲမြဲ စွဲလန်းနေရုံသာမက ကဖိန်းဓါတ်က စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ ဉာဏ်ရည်ထက်မြက်ဖို့ တစ်နေ့တာလုံး ကော်ဖီသောက်နိုင်ပါတယ်။ ကဖိန်းဓါတ်ကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ကြောင်း အမျိုးသားဆေးပညာ စာကြည့်တိုက်မှ အကြံပြုထားပါတယ်။ သူက ခန္ဓာကိုယ်ထုထည် အညွှန်းကိန်းကိုလည်း လျှော့ချနိုင်တယ်လို့ လေ့လာမှုက ဆိုပါတယ်။ ကော်ဖီကို အသင့်အတင့်သောက်ပြီး ခရင်မ်နဲ့ သကြားကိုဖြတ်ဖို့ ကြိုးစားပါ။

၅။ Green Tea သောက်ပါ


သင်ရွေးချယ်တဲ့ ဖျော်ရည်က လက်ဖက်ရည်ပူပူတစ်ခွက် ဖြစ်နိုင်ပါတယ်။ Green tea ကိုသောက်ရင် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ လက်ဖက်စိမ်းဟာ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်နိုင်ပြီး အဆီလောင်ကျွမ်းစေဖို့ ကူညီပေးကြောင်း ရှင်းပြထားပါတယ်။

၆။ ပရိုတင်းကို အာရုံစိုက်ပါ


High protein food is important in a healthy diet.
ကယ်လိုရီများလွန်းတဲ့ အသင့်စားအစားအစာတွေကို စားသောက်ပြီးတဲ့နောက် မကြာခင်ဗိုက်ဆာလာတာကို သတိပြုမိဖူးပါသလား။ ဒီကယ်လိုရီတွေက အာဟာရသိပ်သည်းမှုမရှိတဲ့အပြင် သင့်ရဲ့ဆာလောင်မှုကိုတောင် ပိုမိုဖြစ်ပေါ်လာစေပါတယ်။ အဲဒီအစား ကျန်းမာသန်စွမ်းပြီး အဆီလောင်ကျွမ်းဖို့ အဆီနည်းတဲ့ ပရိုတင်းတွေကို အာရုံစိုက်ပါ။ ငါး၊ ကြက်နဲ့ အနီရောင်အသားတွေလို အစားအစာတွေကို မျှတအောင်စားပါ။ အစိမ်းရောင် အရွက်တွေ၊ ပဲအမျိုးမျိုးတွေမှ ပရိုတင်းဓါတ်ကို ရရှိနိုင်ပါတယ်။ ပရိုတင်းဓါတ်က ခန္ဓာကိုယ်ကို သန်မာစေပါတယ်။

၇။ အစားအသောက် နေ့စဉ်မှတ်တမ်းရေးပါ။


Making daily notes
လူအများစုက သူတို့နေ့စဉ်စားနေတဲ့ အစားအသောက်တွေကို သိပ်ဂရုမစိုက်ကြပါဘူး။ သင့်အစားအစာတွေကို မှတ်မိနေပေမယ့် တစ်နေ့တာရဲ့အဆုံးမှာ အဆာပြေမုန့် ဘယ်လောက်စားလိုက်လဲဆိုတာ မေ့သွားတတ်ပါတယ်။ အစားအသောက် နေ့စဉ်မှတ်တမ်းရေးထားတဲ့အခါ သင်နေ့စဉ်စားသုံးတဲ့ အစိတ်အပိုင်းတွေနဲ့ ကယ်လိုရီတွေကို ထိတ်လန့်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့အစားအသောက်နဲ့ အဆာပြေမုန့် ဘယ်နှစ်ခုစားလဲဆိုတာကို မှတ်တမ်းတင်ခြင်းက ကိုယ့်ရဲ့ကယ်လိုရီတွေကို သိရှိစေပြီး ကယ်လိုရီလောင်ကျွမ်းစေမယ့် နည်းလမ်းတွေကို နေ့စဉ်ရှာဖွေတွေ့ရှိနိုင်ပါတယ်။

၈။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို သင့်အခန်းထဲမှာ သိုလှောင်ပါ


သင့်အိမ်ရဲ့ ရေခဲသေတ္တာထနဲ့ ဗီဒိုထဲမှာ သကြားပါတဲ့၊ အဆီပါတဲ့ အသင့်စားအစားအစာ တွေနဲ့ ပြည့်နေတဲ့အခါ စားချင်စိတ်ဖြစ်လာဖို့ လွယ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အတွက်လည်း အဆင်ပြေအောင် မိသားစုလည်း ကျန်းမာတဲ့ အစားအစာစားဖြစ်အောင် ကျန်းမာတဲ့ အစားအစာတွေကိုသာ ဖြည့်ပါ။

၉။ စျေးဝယ်ထွက်ပါ


ကျန်းမာပြီး အဆီတွေကို ထိရောက်စွာ လောင်ကျွမ်းချင်ရင် စမတ်ကျကျ စျေးဝယ်နည်းကို လေ့လာပါ။ ပထမဆုံး ဗိုက်ဟောင်းလောင်းနဲ့ ကုန်စုံဆိုင်ကို ဘယ်တော့မှ မသွားပါနဲ့။ သကြားဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေရဲ့ သွေးဆောင်တာကို ခံရပါလိမ့်မယ်။ ဒါ့အပြင် အာဟာရရှိတဲ့ အစားအစာတွေနဲ့ သရေစာတွေပါဝင်သော တစ်ပတ်စာမီနူးတစ်ခု ပြုလုပ်ထားပါ။

၁၀။ သင်စားနေတဲ့အရာကို အာရုံစိုက်ပါ


လူအတော်များများက ကိုယ့်ရဲ့အစားအသောက်ကို အရသာမခံဘဲ အပြေးအလွှားစားကြတာ လုံးဝမကောင်းတဲ့ အကျင့်ဖြစ်ပါတယ်။ သင်စားတဲ့အရာကို သတိထားဖို့ လိုအပ်ပါတယ် ။ အစားအစာ တစ်ကိုက်စီတိုင်းရဲ့ အရသာကို မြည်းစမ်းပါ။ ထမင်းစားတဲ့အခါမှာလည်း တီဗီနဲ့ ဖုန်းတွေကို ပိတ်ထားပြီး သေသေချာချာစားပါ။ သတိနဲ့စားတဲ့ အလေ့အကျင့်ကိုလုပ်တဲ့အခါ အဝလွန်နိုင်ခြေ နည်းပါတယ်။

credit

Leave a Comment