တက္ကစီကားပေါ်ကနေ တံခါးဖွင့်ပြီး လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးရဲ့ အကြောင်းစုံကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပြည်သူ့ပရိသတ်တွေ လေးစားချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုသလို ရင်ခွင်မဲ့ ကလေးငယ်လေးတွေအတွက် ဂေဟာဖွင့်လှစ်ထားပြီး မိခင်အရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

အခုလည်း တက္ကစီကားပေါ်ကနေ တံခါးဖွင့်ပြီး လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးရဲ့ အကြောင်းစုံကို သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်ကနေ ဝေမျှလာပါတယ် ။ လက်ရှိမှာတော့ ကလေးငယ်လေးကို သူမရဲ့ ဂေဟာမှာ ခေါ်ယူစောင့်ရှောက်ထားတာလည်း ဖြစ်ပါတယ် ။

စွန့်ပစ်ခံ ကလေးငယ်လေးရဲ့ အကြောင်းစုံကတော့ ” မနေ့ညနေ (၃) နာရီ အချိန်ခန့်က Texi အဖြူရောင် နဲ့ အသက် (၂၀) ဝန်းကျင် အမျိုးသမီးတစ်ယောက် ကျမ ဂေဟာ နားမှာ ကလေး လိုက်ပေးပါတယ်..(အမေ ကိုယ်တိုင် ဖြစ်ကြောင်း) လဲ သိရပါတယ်..မကြာခင်မှာပဲ ကလေးကို ကျမတို့ ဂေဟာ လမ်းထိပ်မှာ ပစ်ပြီး ကားမောင်းပြေးသွားပါတယ်..ရပ်ကွက်မှ လူများ ကားနောက်သို့ ပြေးလိုက်ပေမဲ့ မမှီတော့တဲ့ အတွက် ကျမတို့ဂေဟာကို လာပို့ဆောင်ခြင်းဖြစ်ပါတယ်….

ကားနံပါတ်မှတ်ခြင်း၊ အမျိုးသမီး ပုံများ ရိုက်ထားခြင်း၊ ကျမ page မှ post များတင်ပြီး မကြာခင် ကလေးပျောက်ကြောင်း ကျမအသင်းဆီ ဖုန်းများဝင်လာပါတယ်..ကလေးမှာ လှိုင်သာယာဆေးရုံမှာ မွေးကြောင်း၊ အမေ မှာ သွေးလန့်ပြီး လျှောက်သွားကြောင်း၊ တို့ဆေးမိနေကြောင်း များ ပြောလာပါတယ်..ကျမ အနေနဲ့ Texi ဆရာ၊ ကလေးပျောက်သော မိဘများ နှင့် ရပ်ကွက်မှ ပြည်သူများ ခေါ်ယူတွေ့ဆုံကာ မနက်ဖြန် (၁၇.၉.၂၀၂၂ ) စနေနေ့ နေ့လည် (၂) နာရီ မှာ Live လွှင့်၍ ပျောက်တဲ့ ကလေး နှင့် ပစ်တဲ့ ကလေး တူ မတူ ဆိုတာ အတည်ပြု သွားပါမယ်ရှင်..” ပဲဖြစ်ရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန်-






Photo – Khine Hnin Wai / Credit

Leave a Comment