နေ့လည်ပိုင်းမှာ ဝိုင်းဖွဲ့အရက်သောက်ကျ ရင်း လူ ၇ယောက်လုံး ေ-သဆုံးသွားတဲ့ဖြစ်ရပ်
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် သလပ်ခွာကျေးရွာအုပ်စု ၊ စပါးထားကျေးရွာက ရွာသား (၇) ဦးဟာ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းကဝိုင်းဖွဲ့အရက်သောက်ရင်း အဆိပ်သင့်သေဆုံးသွားတယ်လို့ပုသိမ်မြို့ခံပရဟိအအဖွဲ့ တွေဆီကနေ သိရပါတယ်။
“စပါးထားကျေးရွာက ကိုအုန်းသန်း ၊ ကိုခင်စိုး နဲ့ ကိုအောင်မြတ် တို့အပါအဝင် လူ (၇) ဦး ၊ အရက်ဆီကို ရေနဲ့ရောသောက်ကြတာ ၊
ရေထဲ့တဲ့ခွက်က ပေါင်းသတ်ဆေးဗူးခွံ အဟောင်းကို သုံးတာဖြစ်နေတယ်၊အဲဒါကြောင့် သေရတာ ၊ေသဆုံးသူ ၇ ဦးကို ရဲဆေးစာနဲ့ ပုသိမ်ဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးတဲ့အခါ အစာအိမ်လမ်းကြောင်းမှာ အဆိပ်သင့်နေတာကို တွေ့ရတယ် ၊
ဒါနဲ့ သူတို့ ဝိုင်းဖွဲ့ အရက်သောက်ခဲ့တဲ့ နေရာကို အသေးစိပ်ရှာဖွေ စစ်ဆေးတဲ့အခါ ၊ အရက်သောက်တဲ့ခွက်က ပိုးသတ်ဆေးဗူးခွံကို ဖြတ်လုပ်ထားတာ တွေ့ရတယ် ၊
အဲ့ဒါကြောင့် အဆိပ်သင့် သေဆုံးရတာလို့ ကနဦးခန့်မှန်းထားတယ်” လို့ ဒေသခံ ပရဟိတသမား တစ်ယောက်က ပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၃၀ နဲ့ ၄၀ကြားမှာရှိကြတဲ့ အမျိုးသားတွေဖြစ်တယ်လို့သိရပြီးရုပ်အလောင်းတွေကို စက်တင်ဘာ ၁၆ ရက်ဆေးရုံကနေ
သူတို့ရဲ့ မိသားစုဝင်တွေက နေအိမ်ကို ပြန်သယ်ခဲ့ပြီး ပုသိမ်မြို့ခံ ပရဟိတ အဖွဲ့ကလူနာတင် ယဉ်တွေနဲ့ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် ။
အဆိပ်သင့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ပုသိမ်မြို့နယ် သလပ္ခြာ နယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်နေပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်မဟုတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ် ။
myanmaplatform