အကျိုးလိုလို့ညောင်ပင်ရေလောင်း နေတဲ့သူတွေကိုပန်ဆယ်လို ဒဲ့ပြောထားတာ အနှစ်တွေကြီးပဲဗျာ
သူတပါးရဲ့ ဆင်းရဲနွမ်းပါးမှုကို ကင်မရာ တကား ကား နဲ့ နင်းတက်ရမယ့် လှေကားမဟုတ်ဘူး လိုပြောလိုက်တဲ့ပန်ဆယ်လို
ဂျမ်းတောလေးအစ အပွားလေးအဆုံး လှူမလိုလိုနဲ့နာမည်ဝင်ယူနေတဲ့သူတွေကို ပန်ဆယ်လိုက ယခုလိုပြောလာခဲ့ပါတယ်။
သူတပါးရဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာ Self Promote လုပ်ပြီး နင်းတက်ရမယ့် လှေကားမဟုတ်ဘူး။
ဒီကာလမှာ တိုင်းပြည်က ပိုဆင်းရဲလာတယ်။ဆင်းရဲ သူတွေ ပိုများလာတယ်။ဒါတွေကို ဖြစ်စေတဲ့ အဓိက လက်သည်တွေကို တော်လှန်တိုက်ထုတ်ဖို့ စိတ်မကူးဘဲ ဆင်းရဲသူတွေကို ကင်မရာရှေ့မှာ ကရုဏာသက်ပြနေတာဟာ အယောင်ဆောင်ကရုဏာသီးသန့်ပဲ။
ငွေတစ်သိန်းလောက် အကုန်ခံပြီး ကင်မရာတကား ကားနဲ့ Viewer Million ချီရ၊ ပိုက်ဆံရှာစားဖို့ ကြိုးစား နေတဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ် အောက်တန်းစားတွေ။
လှူတာနဲ့ လှူပြတာ မတူဘူး။ တော်လှန်ရေးထဲမပါလို့ မလှူနဲ့ပြောနေတာ မဟုတ်ဘူး။ လှူမပြနဲ့ ပြောနေတာ။
Online ပေါ် နည်းနည်းလူသိလာတဲ့ ဆင်းရဲသူတွေ လိုက်ရှာ၊ Professional Camera သမားခေါ်ပြီးတစ်သိန်းလောက် သွားလှူ၊ Like ချူ
ပြီးရင် Live Sales ရောင်းကြတော့မှာ မအလများ”
လို့ဆိုပြီးအကျိုးလိုလို့ညောင်ပင်ရေလောင်းတဲ့သူတွေကို ပြောခဲ့တာပဲဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရောယခုကိစ္စအပေါ်မှာ ထင်မြင်မိတာတစ်ခုခုရှိရင် အောက်ကcommentထဲမှာ ရေးခဲ့လို့ရပါတယ်နော်။