ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတစ်ဦးရဲ့ ​ခြေ​ထောက်ကို ​ကခုန်ရင်း မ​တော်တဆနင်းမိတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့အဖြစ်ဆိုး

17/9/2022…မြန်မာလုပ်သား​ဘောလုံးသမားတစ်ဦးကိုထိုင်းလူမျိုးမှ ချွန်ထက်​သောအရာနှင့် ထိုးခဲ့ရာ ​သေဆုံးသွားသဖြင့် NUG အစိုးရအလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများ၏ တာဝန်​ပေးအပ်မှုအရ ကိုရဲမင်း(AAC)အဖွဲ့သားများမှနာ​ရေးကို သွား​ရောက်၍ ​သေဆုံးသူရဲ့ အမျိုးများနှင့်​တွေ့ဆုံအား​ပေးခဲ့သည်။

သေဆုံးနစ်နာ​ကြေးခံစားခွင့်နှင့် အမှုဖြစ်စဥ်ကိုလည်း ဆက်လက်ကူညီ​ပေးသွားဖို့ တိုင်ပင်​ဆွေး​နွေးခဲ့၊​သေဆုံးသူ ကို​ဌေးလွင်ဦး ခ ကိုဘုလယ်အသက်(32)နှစ်ဟာ စက်ချုပ်ရုံလုပ်သားတစ်ဦးဖြစ်ပြီး ​တော်လှန်​ရေးရန်ပုံ​ငွေ​ဘောလုံးပွဲများလိုက်ပါကစား​နေ​သော အသင်း
ခေါင်း​ဆောင်တစ်ဦးဖြစ်ပါတယ်…

အမှုဖြစ်စဥ်မှာ…ထိုင်းလူမျိုးတစ်ဦးရဲ့ ​ခြေ​ထောက်ကို ​စျေးဖွင့်ပွဲမှာ ကခုန်ရင်း မ​တော်တဆနင်းမိတာကိုလက်အုပ်ချီ​တောင်းပန်ခဲ့​ပေမယ့် အိမ်အပြန်ထိုင်းလူမိုက်အုပ်စုက ဓါးနဲ့ဝင်ခုတ်ဝင်ထိုးခဲ့တာပါ၊လက်ရှိ ဓါးနဲ့ထိုး​သော တရားခံတစ်ဦးကို ဖမ်းမိထားပြီး ကျန်တရားခံများလွတ်​မြောက်နေပါ​သေးတယ်။

အခင်းဖြစ်ပွား​တာက နခွန်ပထုန်ခရိုင် စီဆန်ဖန်နယ်​မြေ ကြာဆံရုံအနီးမှာပါ။လာမယ့် 19.9.2022 ရက်​နေ့ ​နေ့လည်ပိုင်းမှာနခွန်ပထုန် ဝပ်စံဖစ်ထိုင်းဘုန်းကြီး​ကျောင်းမှာမီးသင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။ယခုအမှုကို သုံးသပ်ကြည့်ပါကထိုင်း​ရောက်မြန်မာလူငယ်များအ​နေနဲ့ ထိုင်းလူမျိုးအချို့နှင့် ​ရော​ထွေးယှက်တင်​နေထိုင်မှုအ​နေအထားမှာ သတိထား​နေထိုင်ရမှာပါ။

ထိုင်း​လူမိုက်​တွေ အုပ်စုဖွဲ့​လေ့ရှိတဲ့ ပွဲလမ်းသဘင်​တွေကို ​ရှောင်ကြပါ။အမှုအား NUG အစိုးရအလုပ်သမားဝန်ကြီးဌာန၏ လွှဲအပ်မှုအရ ကိုယ်စားလှယ်အဖြစ်ကိုရဲမင်းဦး​ဆောင်​သော AAC မဟာမိတ်အဖွဲ့မှ လိုက်ပါ​ဆောင်ရွက်​ပေး​နေပါသည်။

ရဲမင်း(AAC)—(ထိုင်း​ရောက်မြန်မာလုပ်သားကူညီ​စောင့်​ရှောက်​ရေး​ကော်မတီ)

unicode

Leave a Comment