ဧရာမငါးကြီးကို မြစ်ချောင်းထဲလွတ်ပေးခဲ့ကြတဲ့ လူတစ်စုကြောင့်….


မကြာသေးခင်က ဗီယက်နမ်နိုင်ငံရှိ social media ပေါ်မှာ sea lion လို့ လူသိများတဲ့ ငါးအမျိုးအစား ငါးကြီးတစ်ကောင်ကို မြစ်ချောင်းအတွင်းသို့ စေလွှတ်ခဲ့လို့ ဒေသခံတွေ အတော်များများ စိုးရိမ်ပူပန်ခဲ့ရပါတယ် ။ အကြောင်းကတော့ အဆိုပါငါးကြီးဟာ ဗီယက်နမ်ရှိငါးမျိုးစိပ်မဟုတ်တဲ့အပြင် တောင်အမေရိကားမှ ငါးမျိုးစိပ်ဖြစ်ကာ အရမ်းကိုရန်လိုတတ်တဲ့ငါးမျိုးစိပ်ဖြစ်ကြောင်း သိရပါတယ် ။ ဒါ့အပြင် အဆိုပါငါးကြီးက အခြားငါးမျိုးစိပ်တွေကို မျိုးတုံးပျောက်ကွယ်လုနီးပါးအထိ ဖျက်ဆီးစားသောက်နိုင်တဲ့အပြင် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးစေလို့ပါ ။

ငါးကြီးက အရှည် 2-4 m နဲ့ အလေးချိန်မှာ 200kg ရှိတဲ့အတွက် လူသားတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။ တိရစ္ဆာန်တွေကို ဘေးမဲ့အဖြစ်လွတ်ပေးခြင်းက တိရစ္ဆာန်မျိုးစိပ်တိုင်းကို မဆိုလိုပါဘူး ။ အချို့သောတိရစ္ဆာန်မျိုးစိပ်တွေက အခြားသောသက်ရှိတွေအပေါ် အလွန့်ကိုမှ အန္တရာယ်ဖြစ်စေတတ်လို့ပါ ။ အချို့တွေကတော့ ကံကောင်ချင်လို့ တိရစ္ဆာန်မျိုးစိပ်တွေကို မကြည့်ဘဲ ဘေးမဲ့လွတ်ပေးခြင်းက အတော်လေးကို ဆိုးရွားလွန်းလှပါတယ် ။ တာဝန်ရှိသူတွေကလည်း အဆိုပါလုပ်ရပ်နဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရှိရပါတယ် ။

 

.

 

.

 

.

 

Zawgyi

မၾကာေသးခင္က ဗီယက္နမ္ႏိုင္ငံ႐ွိ social media ေပၚမွာ sea lion လို႔ လူသိမ်ားတဲ့ ငါးအမ်ိဳးအစား ငါးႀကီးတစ္ေကာင္ကို ျမစ္ေခ်ာင္းအတြင္းသို႔ ေစလႊတ္ခဲ့လို႔ ေဒသခံေတြ အေတာ္မ်ားမ်ား စိုးရိမ္ပူပန္ခဲ့ရပါတယ္ ။ အေၾကာင္းကေတာ့ အဆိုပါငါးႀကီးဟာ ဗီယက္နမ္႐ွိငါးမ်ိဳးစိပ္မဟုတ္တဲ့အျပင္ ေတာင္အေမရိကားမွ ငါးမ်ိဳးစိပ္ျဖစ္ကာ အရမ္းကိုရန္လိုတတ္တဲ့ငါးမ်ိဳးစိပ္ျဖစ္ေၾကာင္း သိရပါတယ္ ။ ဒါ့အျပင္ အဆိုပါငါးႀကီးက အျခားငါးမ်ိဳးစိပ္ေတြကို မ်ိဳးတံုးေပ်ာက္ကြယ္လုနီးပါးအထိ ဖ်က္ဆီးစားေသာက္ႏိုင္တဲ့အျပင္ ပတ္ဝန္းက်င္ကိုလည္း ထိခိုက္ပ်က္စီးေစလို႔ပါ ။

ငါးႀကီးက အ႐ွည္ 2-4 m နဲ႔ အေလးခ်ိန္မွာ 200kg ႐ွိတဲ့အတြက္ လူသားေတြကိုပါ အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္ ။ တိရစာၦန္ေတြကို ေဘးမဲ့အျဖစ္လြတ္ေပးျခင္းက တိရစာၦန္မ်ိဳးစိပ္တိုင္းကို မဆိုလိုပါဘူး ။ အခ်ိဳ႕ေသာတိရစာၦန္မ်ိဳးစိပ္ေတြက အျခားေသာသက္႐ွိေတြအေပၚ အလြန္႔ကိုမွ အႏၱရာယ္ျဖစ္ေစတတ္လို႔ပါ ။ အခ်ိဳ႕ေတြကေတာ့ ကံေကာင္ခ်င္လို႔ တိရစာၦန္မ်ိဳးစိပ္ေတြကို မၾကည့္ဘဲ ေဘးမဲ့လြတ္ေပးျခင္းက အေတာ္ေလးကို ဆိုးရြားလြန္းလွပါတယ္ ။ တာဝန္႐ွိသူေတြကလည္း အဆိုပါလုပ္ရပ္နဲ႔ပက္သက္ၿပီး စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine ( Everonline )

Leave a Comment