နေ့တိုင်း ပြတင်းပေါက်ကနေ သခင်အိမ်ပြန်လာမဲ့အချိန်ကိုထိုင်စောင့်လာခဲ့ရင်း ၁၁ နှစ်အကြာမှ….


နေ့တိုင်း ပြတင်းပေါက်ကနေ သခင်အိမ်ပြန်လာမဲ့အချိန်ကိုထိုင်စောင့်လာခဲ့ရင်း ၁၁ နှစ်အကြာမှာ ရောဂါဖြင့်သေဆုံးသွားခဲ့ရှာတဲ့ သစ္စာရှိခွေးလေး

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ Roman အမည်ရှိအမျိုးသားဟာ နေ့တိုင်း အလုပ်မှပြန်ရောက်လာတဲ့အခါ Toby အမည်ရှိသူ့ခွေးလေးအမြဲရှိနေတတ်တဲ့ ပြတင်းပေါက်ကိုအရင်ဆုံးကြည့်လေ့ရှိပါတယ်။ ထိုကြည်နူးဖွယ်ကောင်းတဲ့အလေ့အထဟာ ဆယ့်တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူနဲ့ နှစ်ပေါင်းများစွာအတူနေခဲ့တဲ့ Toby လေး ကွယ်လွန်သွားခဲ့ချိန်က Roman ဟာ အလွန်နာကျည်းစရာကောင်းတဲ့အခြေအနေတစ်ခုကိုဖြတ်သန်းခဲ့ရပါတယ်။

တစ်ချိန်က သူ့အိမ်ပြန်လာတာကို ပျော်ရွှင်စွာစောင့်ဆိုင်းနေခဲ့တဲ့ခွေးလေးက သူ့ပြတင်းပေါက်နားမှာ ပေါ်လာတော့မှာမဟုတ်ပေမဲ့ Roman ကတော့ နေ့တိုင်း အလုပ်မှအိမ်ပြန်လာချိန်တိုင်း ၎င်းပြတင်းပေါက်ကို မသိစိတ်ဖြင့်မျှော်ကြည့်နေဆဲဖြစ်ပါတယ်။ဒါပေမယ့် အရာအားလုံးက အချည်းနှီးတွေပါပဲ၊ ၎င်းပြတင်းပေါက်မှာ သူ့အချစ်ဆုံးခွေးလေးကို သူမြင်ရတော့မှာမဟုတ်ပါဘူး။ Roman ဟာ အသက်နှစ်နှစ်အရွယ် Toby လေးကို ချစ်သူဖြစ်သူရဲ့ခွေးလေးတစ်ကောင်အဖြစ်နဲ့ လွန်ခဲ့တဲ့ 14 နှစ်က စတွေ့ဆုံခဲ့တာဘဲဖြစ်ပါတယ်။

၎င်းတို့ပထမဆုံးစတွေ့တုန်းက Toby လေးဟာ Roman ရဲ့ဧည့်ခန်းမှာ ငိုင်နေခဲ့ပြီး ၎င်းတို့အချင်းချင်း သိပ်အဆင်မပြေခဲ့ကြပါဘူး။ ဒါပေမဲ့ လိမ္မာပါးနပ်တဲ့ Toby လေးက အလွန်တွယ်ကပ်တဲ့ခွေးတစ်ကောင်ဖြစ်တာကြောင့် နောက်ဆုံးမှာ ချစ်သူဖြစ်သူက Roman အား “ Toby လေးကို လူသားကလေးတစ်ယောက်လိုဆက်ဆံကြည့်လိုက် ” လို့ ဖျောင်းဖျပြောဆိုခဲ့ပါတယ်။

ထို့နောက် Roman ဟာ Toby လေးအပေါ် သူ့ရဲ့သဘောထားကိုပြောင်းလဲရန်ကြိုးစားခဲ့ပြီး နှစ်အနည်းငယ်အကြာမှာ Roman နှင့် Toby တို့အကြား ခွဲခွါလို့မရနိုင်တော့တဲ့ ဆက်ဆံရေးအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။နှစ်အနည်းငယ်ကြာပြီးနောက် Roman က သူ့ချစ်သူနှင့်လမ်းခွဲခဲ့ပြီး Roman က Toby လေးမရှိဘဲ မနေနိုင်တော့တာကြောင့် ချစ်သူထံမှ Toby လေးကို ခေါ်ထားခွင့်ရခဲ့ပါတယ်။ နောက်ပိုင်း Toby လေးက Roman အနားမှာအမြဲရှိနေခဲ့တဲ့အတွက် Roman ဟာ ဘယ်တော့မှ အထီးကျန်မှုကိုမခံစားခဲ့ရပါဘူး။

Roman ဟာ အများအားဖြင့် မျက်စိအထူးကုဆရာဝန်အဖြစ်အလုပ်လုပ်ပြီး တစ်နေ့လျှင် ၈ နာရီမှ ၁၀ နာရီအထိ အလုပ်လုပ်ပါတယ်။ Toby လေးကလည်း တဖြည်းဖြည်း သူ့ရဲ့အလုပ်ချိန်ပုံစံကို နားလည်လာခဲ့တာကြောင့် နေ့တိုင်း ပြတင်းပေါက်နားမှာလဲလျောင်းရင်း Roman အိမ်ပြန်လာမဲ့အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပါတယ်။Roman ရဲ့ကားပေါ်ကဆင်းတာကိုမြင်လိုက်တာနဲ့ Toby လေးက အလွန်စိတ်လှုပ်ရှားပြီး အိမ်ရှေ့တံခါးဆီလျှောက်လာကာ သူ့အမြီးကိုလှုပ်ယမ်းရင်း Roman အားစောင့်ဆိုင်းနေလေ့ရှိခဲ့ပါတယ်။ Roman က မိနစ်အနည်းငယ်မျှသာ အပြင်ထွက်ပြီး အိမ်ပြန်လာရင်တောင် Toby က သူ့ကိုနှစ်ပေါင်းများစွာမတွေ့ခဲ့ရသလိုမျိုး စိတ်လှုပ်ရှားနေတတ်ပါတယ်။

 

တစ်နှစ်ပြီးတစ်နှစ် Toby လေးက သူ့သခင်အိမ်ပြန်လာရန်စောင့်နေ့ခဲ့ပေမဲ့ စိတ်မကောင်းစွာ Toby လေးမှာ ကင်ဆာရောဂါနှင့် နှလုံးသွေးကြောကျဉ်းခြင်းတို့ကိုခံစားနေခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုများစွာကိုခံယူခဲ့ပေမဲ့ ၎င်းရဲ့ကျန်းမာရေးက အလွန်ကောင်းမွန်လာခြင်းမရှိခဲ့ပါဘူး။ထို့ပြင် ခွဲစိတ်မှုကြီးသုံးခုအပြီး ၎င်းမှာ ကင်ဆာ နှင့် အဆင့် 4 ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှုရှိကြောင်းကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ 2019 ခုနှစ် ဖေဖော်ဝါရီလမှာတော့ Toby ရဲ့ ခန္ဓာကိုယ်ဟာ အလွန်အားနည်းလာခဲ့ပြီး မသက်သာတဲ့အဆုံးမှာ Toby လေးဟာ Roman အနားမှ အပြီးတိုင်နှုတ်ဆက်ထွက်ခွါသွားခဲ့ပါတယ်။

သို့ပေမဲ့ Roman ဟာ သူ့ပြတင်းပေါက်ကိုလှမ်းကြည့်တဲ့အလေ့အထကိုမမေ့နိုင်ဘဲ Toby လေးက ထိုနေရာမှာအမြဲရှိနေပြီး ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးလို့လည်း အမြဲခံစားနေခဲ့ရပါတယ်။ Toby လေးဟာ Roman အတွက် အနွေးထွေးဆုံးနှင့် အပြည့်စုံဆုံးတဲ့အဖော်ဖြစ်ခဲ့တဲ့အပြင် သူ့ဘဝရဲ့နေရောင်ခြည်နှင့် အရောင်အသွေးများကို ပြည့်နှက်စေခဲ့တာကြောင့် အင်တာနက်သုံးစွဲသူများကလည်း Toby လေးနဲ့ Roman တို့ရဲ့အထူးသံယောဇဉ်နှောင်ကြိုးအတွက် ဝမ်းနည်းပူဆွေးသွားခဲ့ကြပါတယ်။

Leave a Comment