ဒီနေ့ ည၇နာရီလောက် လှိုင်သာယာ ရုံးရှေ့လမ်းဆုံ မီးပွိုင့်ပျက် ကားတွေပိတ်နေပါတယ်။ ကျနော့်ကားရှေ့မှာ အသက်၃၀လောက် ဘောင်းဘီရှည်ဝတ်မိန်းမတစ်ယောက်က လုံချီဝတ်ထားတဲ့ ယောကျ်ားတစ်ယောက်ကို လက်ဆွဲထားတယ်။
ရုံးရင်းဆန်ခတ်ပုံ ဖြစ်နေကြတာ ထိုယောကျ်ားကလမ်းဘေးကယ်ရီသမားတွေ နားရောက်သွားတော့ တစ်ယောက်ကိုလှမ်းခေါ်တယ်။
ဒီအခါမှာ မိန်းကလေးက လက်အုပ်ကလေးချီ ဒူးလေးထောက်ပြီး ငိုသံနဲ့သူ့ဖုန်းလေး ပြန်ပေးဖို့ ဒီဖုန်းနဲ့အလုပ်လုပ်နေရတာပါတဲ့။
အခုသူ့မှာ ငါးသောင်းပါပါတယ် ပေးပါမည် သူ့ဖုန်းကို ပြန်ပေးဖို့မရှက်မကြောက်တောင်းပန်နေရှာတယ်။
ခုလှိုင်သာယာမှာ ဖြစ်နေတာ လမ်းမှာဖုန်းပြောနေရင် ဆတ်ကနဲ အလုခံရပြီး လူအုပ်ကြားထဲ ပျောက်သွားတယ်။
ခုမိန်းကလေးက လူကိုချက်ချင်း ဖမ်းဆွဲထားနိုင်ပုံ ဒါပေမဲ့သူ့ဖုန်းက လက်ဆင့်ကမ်းသွားတော့ မိရာလူကိုဘဲ ဖမ်းဆွဲပြီး ငွေ၅သောင်းနဲ့လက်အုပ်ချီဒူးထောက်တောင်းပန်နေရှာတယ်။
ကျနော်လည်း ကားပိတ်တိုးနေချိန်ဝင်လည်း မပြောရဲပါဘူး ကိုယ်ကတစ်ယောက်ထဲဆိုတော့ ကြည့်ပဲနေရတော့တယ် အခြားသူတွေလည်း ဝင်မကူကြပဲ ကြည့်နေကြတာပဲ။
ရန်ကုန်မီးပွိုင့်တွေဟာ နေ့မှာတောင်းစားသူ စျေးရောင်းသူမျိုးစုံ ညမီးပျက်ချိန်မှာ ဒုစရိုက်သမားမျိုးစုံ ဘယ်သူ့ကိုမှ အားကိုးဖို့မစဉ်းစားနဲ့။
ရန်ကုန်မဟုတ်တော့ဘူး ရန်စုံဖြစ်နေပြီ ကားတစ်စီးစာနေရာလေး လှစ်ကနဲ့ပေါ်လာလို့ ကျနော်လည်း ဝူးကနဲ့မောင်းလာခဲ့တယ် မီးလင်းနေတဲ့ ဆီဆိုင်နားရောက်တော့ မော့ကြည့်လိုက်တော့ အော်…တစ်လီတာကို ၂၅၀၀လောက်ဖြစ်နေတယ်။
credit
unicode