မိသားစုတစ်ခုလုံးကိုခေါ်လာပြီး ပင်လယ်ကမ်းခြေက တံတားလေးပေါ်မှာ ချစ်သူကို ကဗျာဆန်စွာလက်ထပ်ခွင့်တောင်းခဲ့သော်လည်း လက်စွပ်ကပြုတ်ကျပြီး ပင်လယ်ထဲရောက်သွားခဲ့လို့ ကြေကွဲနေရသည့်အမျိုးသား
မိမိတို့နေထိုင်ရာ အာရှဒေသနှင့် ဥရောပဒေသတို့သည် လူနေထိုင်မှုပုံစံအပြင် ယဥ်ကျေးမှုတွင်လည်း များစွာကွာခြားနေတာဖြစ်ပါတယ်။ဥရောပတိုက်တွင် ချစ်သူစုံတွဲတို့ဟာ အတူတူနေထိုင်ပြီး ဘဝတစ်ခုလုံးလက်တွဲရန်အဆင်ပြေသည်ဟု ယူဆနိုင်မှသာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။
ယခုတွင်လည်း သြစတေးလျတွင်နေထိုင်သော Luke Aukusoဆိုသည့် အသက်၂၆နှစ်အရွယ်အမျိုးသားဟာ အတူနေချစ်သူ Stephanie Lambကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ပင်လယ်ကမ်းခြေက တံတားလေးပေါ်တွင် မိသားစုတစ်ခုလုံးကို သက်သေထားပြီး ၂နှစ်အရွယ်သမီးနှင့်အတူ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
လက်စွပ်ဝတ်ပေးရန်ပြင်ဆင်သည့်အချိန်မှ လက်ထဲကလွတ်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့ပါတော့တယ်။
Zawgyi