အိမ်ကလူတွေမသိအောင် အချိန်ပိုင်းစားပွဲထိုးဝင်လုပ်ခဲ့ရာ မမျှော်လင့်ပဲ မိဘနှစ်ပါးလုံးနဲ့ ဒဲ့တိုးခဲ့၍ ဆိုင်ထဲဝင်ပုန်းနေသော မိန်းကလေး

အိမ်ကလူတွေမသိအောင် အချိန်ပိုင်းစားပွဲထိုးဝင်လုပ်ခဲ့ရာ မမျှော်လင့်ပဲ မိဘနှစ်ပါးလုံးနဲ့ ဒဲ့တိုးခဲ့၍ ဆိုင်ထဲဝင်ပုန်းနေသော မိန်းကလေး
အချို့သော လူငယ်များသည် ကျောင်းတက်နေရင်း ငွေသုံးဖို့မလောက်သည့်အခါ အိမ်ကိုလည်းထပ်မတောင်းချင်ကြ၍ ကိုယ့်ဘာသာကို အလုပ်ဝင်လုပ်ပြီး ဝင်ငွေရှာကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက မိန်းကလေးတစ်ဦးသည် တက္ကသိုလ်တက်နေရင်း ကိုယ်ပိုင်ဝင်ငွေရှာချင်သော်လည်း အိမ်ကလူကြီးတွေကိုမပြောရဲတာကြောင့် စားသောက်ဆိုင်တစ်ခုမှာ အချိန်ပိုင်းစားပွဲထိုးအလုပ်ကို ခိုးလုပ်ခဲ့သည်။

မိန်းကလေးသည် ကျောင်းဖွင့်နေချိန် အလုပ်သွားဖို့အဆင်ပြေသော်လည်း ကျောင်းပိတ်ရက်တွင် အပြင်ထွက်ဖို့ရာအတွက် ခက်ခဲပြီး မရိပ်မိစေဖို့ သူငယ်ချင်းတွေနဲ့စာသွားကျက်မည်ဟု အကြောင်းပြပြီးထွက်ခဲ့ရသည်။တစ်နေ့မှာတော့ မိန်းကလေးသည် အလုပ်ဆင်းနေချိန် ဝယ်သူဧည့်သည်လာ၍ မှာယူထားတာတွေကို သွားချပေးချိန် အနီးကပ်ကြည့်လိုက်ရာ မိဘနှစ်ပါးဖြစ်နေ၍ ထိတ်လန့်သွားခဲ့သည်၊

ထို့နောက် မိန်းကလေးသည် စားစရာများကို အမြန်ချပေးပြီး အဆူခံရမှာစိုး၍ ဆိုင်ထဲပြေးဝင်ကာ ပုန်းနေခဲ့ပေမယ့် မိခင်ဖြစ်သူမှ အလုပ်လုပ်ရင်း သမီးလေးပျော်နေကိုကြည့်ပြီး မဆူပဲလိုက်ပြုံးနေခဲ့သည်။

Nge (Cele Daily)

 

Zawgyi

အိမ္ကလူေတြမသိေအာင္ အခ်ိန္ပိုင္းစားပြဲထိုးဝင္လုပ္ခဲ့ရာ မေမွ်ာ္လင့္ပဲ မိဘႏွစ္ပါးလုံးနဲ႔ ဒဲ့တိုးခဲ့၍ ဆိုင္ထဲဝင္ပုန္းေနေသာ မိန္းကေလး

အခ်ိဳ႕ေသာ လူငယ္မ်ားသည္ ေက်ာင္းတက္ေနရင္း ေငြသုံးဖို႔မေလာက္သည့္အခါ အိမ္ကိုလည္းထပ္မေတာင္းခ်င္ၾက၍ ကိုယ့္ဘာသာကို အလုပ္ဝင္လုပ္ၿပီး ဝင္ေငြရွာၾကသည္။သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံက မိန္းကေလးတစ္ဦးသည္ တကၠသိုလ္တက္ေနရင္း ကိုယ္ပိုင္ဝင္ေငြရွာခ်င္ေသာ္လည္း အိမ္ကလူႀကီးေတြကိုမေျပာရဲတာေၾကာင့္ စားေသာက္ဆိုင္တစ္ခုမွာ အခ်ိန္ပိုင္းစားပြဲထိုးအလုပ္ကို ခိုးလုပ္ခဲ့သည္။

 

မိန္းကေလးသည္ ေက်ာင္းဖြင့္ေနခ်ိန္ အလုပ္သြားဖို႔အဆင္ေျပေသာ္လည္း ေက်ာင္းပိတ္ရက္တြင္ အျပင္ထြက္ဖို႔ရာအတြက္ ခက္ခဲၿပီး မရိပ္မိေစဖို႔ သူငယ္ခ်င္းေတြနဲ႔စာသြားက်က္မည္ဟု အေၾကာင္းျပၿပီးထြက္ခဲ့ရသည္။တစ္ေန႔မွာေတာ့ မိန္းကေလးသည္ အလုပ္ဆင္းေနခ်ိန္ ဝယ္သူဧည့္သည္လာ၍ မွာယူထားတာေတြကို သြားခ်ေပးခ်ိန္ အနီးကပ္ၾကည့္လိုက္ရာ မိဘႏွစ္ပါးျဖစ္ေန၍ ထိတ္လန္႔သြားခဲ့သည္၊

ထို႔ေနာက္ မိန္းကေလးသည္ စားစရာမ်ားကို အျမန္ခ်ေပးၿပီး အဆူခံရမွာစိုး၍ ဆိုင္ထဲေျပးဝင္ကာ ပုန္းေနခဲ့ေပမယ့္ မိခင္ျဖစ္သူမွ အလုပ္လုပ္ရင္း သမီးေလးေပ်ာ္ေနကိုၾကည့္ၿပီး မဆူပဲလိုက္ၿပဳံးေနခဲ့သည္။

Nge (Cele Daily)

Leave a Comment