လူပျိုဘဝမှာလွတ်လွတ်လပ်လပ် ပျော်ပျော်ကြီးနေချင်သေးသော်လည်း အိမ်ကမိန်းမယူဖို့ အတင်းပေးစားတာကြောင့် ကလေးလိုမျိုးငိုနေတဲ့ သတို့သား

မင်္ဂလာဆောင်ရာတွင် များသောအားဖြင့် သတို့သမီးလေးတွေမှာ မိသားစုနဲ့ခွဲပြီး ခင်ပွန်းအိမ်နောက်လိုက်နေရမည်ဖြစ်၍ ခွဲခွာရချိန်တွင် ဝမ်းနည်းစွာ ငိုကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သမီးကမငိုရပဲ သတို့သားဖြစ်သူမှ ဝမ်းနည်းစွာနဲ့ ကလေးလိုမျိုး ငိုနေသောအဖြစ်လေးသည် မြင်တွေ့သူတိုင်းကို ရယ်မောစေခဲ့သည်။

သတို့သားနဲ့သတို့သမီးသည် အိမ်နီးချင်းဖြစ်သလို အချိန်တော်ကြာသည်ထိ ချစ်သူတွေဖြစ်ကြပေမယ့် သတို့သားဖက်ကနေ လက်မထပ်ချင်သေးပဲ လူပျိုဘဝနဲ့ လွတ်လပ်ပေါ့ပါးစွာ ပျော်ပျော်ကြီးနေချင်ခဲ့သည်။

 

သို့ပေမယ့် နှစ်ဖက်မိဘကလည်း အရမ်းရင်းနှီးကာ ကောင်လေးရဲ့မိဘနှစ်ပါးက လက်ထပ်သင့်ပြီဆိုပြီး မင်္ဂလာပွဲကိုဇွတ်အတင်းစီစဥ်ခဲ့တာကြောင့် သတို့သားမှာ မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးကိုမှအားမနာပဲ ရှိုက်ကြီးတငင် ငိုနေခဲ့သည်။

 

Nge ( Cele Daily)

 

Zawgyi

 



 



Nge ( Cele Daily)

Leave a Comment