ဟားငါးကောင်အဖွဲ့ကို လူရွှင်တော် တိုင်းကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော်၊တိုးကျော် အစရှိတဲ့ လူရွှင်တော်ငါးဦးနဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေဖြစ်တဲ့ တော်လှန်ရေးနယ်မြေကို ရောက်ရှိနေတဲ့ ဟားငါးကောင်အဖွဲ့ဟာ ပရိသတ်အတွက် ဟာဒယသပိတ်တွေနဲ့အတူ
သူတို့တတ်ကျွမ်းတဲ့အနုပညာနဲ့ အခုချိန်ထိတိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက်ပါဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။
ဟားငါးကောင်အဖွဲ့ဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ မြန်မာဇာတ်သဘင်လောကရဲ့ ပြည်သူချစ်တဲ့ အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
မမများနဲ့ ပွဲကမယ် ပြည်သူ့အောင်ပွဲအငြိမ့် ကို ဖေ့ဘွတ်ပေါ်ကနေ Live လွှင့်ခဲ့ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာခဲ့တာပဲ ဖြစ်ပါတယ်။
ဟားငါးကောင် ရဲ့ အငြိမ့်မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့မျက်နှာမကြည့်တဲ့ အနုပညာရှင်တွေကို ဒဲ့စော်ထားတဲ့ ပြက်လုံးတွေပါဝင်ပါတယ်။
အဆိုပါ Live ကို စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ လူရွှင်တော် ဒိန်းဒေါင် ကတော့ ဟားငါးကောင်အငြိမ့်ကို ခိုးကြည့်ခဲ့ပါတယ်။
လူရွှင်တော် တိုင်းကျော် ကတော့ ဟားငါကောင်အငြိမ့်ကို လာခိုးကြည့်တဲ့ ဒိန်းဒေါင် ကို ကျေးဇူးတင်စကားပြောလိုက်ပါတယ်။
“ဟား၅ကောင်ကိုရှေ့ဆုံးကအားပေးလို့ကျေးဇူးဗျာ” လို့ တိုင်းကျော် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ZAWGYI VERSION
ဟားငါကောင်အငြိမ့်ကို လာခိုးကြည့်တဲ့ ဒိန်းဒေါင် ကို ကျေးဇူးတင်စကားပြောလိုက်တဲ့ တိုင်းကျော်