ခါးတုတ်လို့စိတ်ညစ်နေသူများအတွက် ခါးသေးသွယ်စေမယ့်လေ့ကျင့်ခန်းများ

ခါးတုတ်တဲ့သူတိုင်းကတော့ ခါးလေးသေးသွယ်တာမျိုးကို လိုချင်ကြတာပါပဲ။ ဒီလို ခါးသေးသေးသွယ်သွယ်လေး ဖြစ်ချင်တယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်မှရမှာပါ။

 

 

 

 

 

 

gym သွားဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင် အိမ်မှာပဲလုပ်ပါ။ အိမ်မှာပဲ သေချာလုပ်လို့ရအောင် ခါးတုတ်လို့ စိတ်ညစ်နေသူများအတွက် ခါးသေးသွယ်စေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

 

 

 

 

 

 

ပုံမှာပြထားတဲ့အတိုင်းလှဲပြီး ခြေမျက်စိနှစ်ဖက်ကို လက်နဲ့ တစ်လှည့်စီ ထိအောင်လုပ်ရမှာပါ။ ညာခြေမျက်စိကို ညာလက်နဲ့ထိအောင်လုပ်၊ ဘယ်ခြေမျက်စိကို ဘယ်လက်နဲ့ ထိအောင်လုပ်ရမှာပါ။ အချိန်မရရင် တစ်ဖက်ကို ၁၅ ခါစီပဲလုပ်ပါ။ အချိန်ရရင်တော့ တစ်ဖက်ကို အခါ ၃၀ စီ လုပ်ပေးပါ။


ပုံမှာပြထားတဲ့အတိုင်း ခန္ဓာကိုယ်ကို တစ်စောင်းနေပြီး ခြေထောက်ကို V ပုံစံမြှောက်ရမှာပါ။ ဘယ်ဘက်လှည့်ပြီး ၈ ကြိမ်လုပ်၊ ညာဘက်လှည့်ပြီး ၈ ကြိမ်လုပ်ပါ။


ပုံမှာပြထားတဲ့အနေအထားအတိုင်း အနည်းဆုံး စက္ကန့် ၂၀ ရအောင် နေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းက ဗိုက်အဆီကျ၊ ဗိုက်ချပ်စေပြီး ခါးသေးသွယ်စေပါတယ်။


ပထမပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို မြှောက်ပြီးကား၊ လက်နှစ်ဖက်ကိုကားပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်ကို အားယူပြီး ကွေးလိုက်ရမှာပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၂၀ လုပ်ပေးပါ။


ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်မြှောက်ကာ ခေါင်းကို ဘယ်ဘက်လှည့်၊ ပြီးရင် ခြေထောက်ပြန်ချ၊ ညာခြေထောက်ကိုမြှောက်ကာ ခေါင်းကို ညာဘက်လှည့်၊ ပြီးရင် ခြေထောက်ပြန်ချပါ။

 

 

အဲ့အတိုင်း ဘယ်ဘက် အကြိမ် ၃၀၊ ညာဘက် အကြိမ် ၃၀ လုပ်ပေးပါ။ အချိန်မရှိမှသာ ၁၅ ကြိမ်စီလုပ်ပါ။


ပုံမှာပြထားတဲ့အနေအထားအတိုင်း တစ်စောင်းနေပြီး လက်အနေအထားကိုလည်း ပုံမှာပြထားတဲ့အတိုင်းပဲထားပါ။

 

 

ပြီးတာနဲ့ ခြေထောက်ကိုစုပြီး ဒုတိယပုံထဲကလို မြှောက်လိုက်ချလိုက်လုပ်ရမှာပါ။ အဲ့အတိုင်း ဘယ် ၁၅ ကြိမ်၊ ညာ ၁၅ ကြိမ် လှည့်လုပ်ပေးပါ။

 

Leave a Comment