မှတ်ပုံမတင်တဲ့ဆင်းကဒ်တွေကို ပိတ်မယ့်အပြင် လက်ကျန်ငွေတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်
မှတ်ပုံမတင်တဲ့ဆင်းကဒ်တွေကို ပိတ်မယ့်အပြင် လက်ကျန်ငွေတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်
နေပြည်တော်၊ စက်တင်ဘာ ၂၀/၂၀၂၂
မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းကဒ်တွေကို အပြီးပိတ်သိမ်းမယ့်အပြင် ဆင်းကဒ်ထဲရှိတဲ့ လက်ကျန်ငွေပိုက်ဆံတွေကိုလည်း ပြည်သူ့ဘဏ္ဍာငွေအဖြစ် သိမ်းမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန် ထားသည်။
ဖုန်း SIM Cardတွေကို မှတ်ပုံတင်ထားဖို့လိုအပ်ကြောင်းနဲ့ မှတ်ပုံတင်ပြုလုပ်ပြီးသားဆင်းကဒ်တွေကိုလည်း မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်အမှတ်တွေကို လ.ဝ.က e-ID Database အချက်အလက်တွေ နဲ့ တိုက်ဆိုင်စစ်ဆေးမည်ဟု ရေးသားဖော်ပြထားသည်။
ထိုအပြင် အချက်အလက်မကိုက်ညီရင်လည်း ဆင်းကဒ်တွေကိုပိတ်ပြီး လက်ကျန်ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းမယ်ဟု ထုတ်ပြန်ထားသည်။
TopPhoenix မှတ်ပုံမတင်ဆင်းကဒ် အပြီးပိတ်သိမ်းမယ်