ခႏၶာကိုယ္မွာ ဒီလကၡဏာေတြ ျပေနၿပီဆိုရင္ ေဖာလစ္အက္စစ္ လိုအပ္ေနပါၿပီ…
အ႐ြယ္ေရာက္ၿပီးသူေတြက တစ္ေန႔ကို ေဖာလစ္အက္စစ္ ၄၀၀ မိုက္ခ႐ိုဂရမ္ စားေပးသင့္တယ္လို႔ အေမရိကန္က ေဆးသိပၸံပညာရွင္ေတြက ေျပာပါတယ္။ ေဖာလစ္အက္စစ္လို႔ေခၚတဲ့ ဗီတာမင္ B9 က က်န္းမာေရးအတြက္ အလြန္ကို အေရးႀကီးပါတယ္။ ေဖာလစ္အက္ဆစ္က ေသြးနီဥ ဆဲလ္ေတြကို ထုတ္လုပ္ေပးပါတယ္။
ခႏၶာကိုယ္မွာ ေဖာလစ္အက္စစ္ဓါတ္နည္းလာရင္ ေသြးအားနည္းေရာဂါျဖစ္ႏိုင္ၿပီး ကိုယ္တြင္းအဂၤါေတြဆီကို ေအာက္ဆီဂ်င္ ေသေသခ်ာခ်ာ မေရာက္ႏိုင္ေတာ့ပါဘူးေနာ္ …။
၁။ အာ႐ုံေၾကာႏွင့္ဆိုင္ေသာ ျပႆနာမ်ား
ေဖာလစ္အက္စစ္က အာ႐ုံေၾကာအဖြဲ႕အစည္းအတြက္လည္း အေရးႀကီးပါတယ္။ ခႏၶါကိုယ္မွာ ဗီတာမင္ဓါတ္ခ်ိဳ႕တဲ့လာရင္ စိတ္ဓါတ္က်လြယ္တာ၊ အာ႐ုံစူးစိုက္ႏိုင္မႈအားနည္းတာ၊ ေမ့လြယ္တာေတြ ျဖစ္လာတတ္ပါတယ္။ တစ္ခါတရံမွာ အယ္လ္ဇိုင္းမားေရာဂါအထိ ျဖစ္ေစႏိုင္ပါတယ္ …။
၂။ ခႏၶာကိုယ္နာက်င္ျခင္း
သံဓါတ္အားနည္းလာတဲ့အခါမွာ ဦးေႏွာက္ထဲကို ေအာက္ဆီဂ်င္ေရာက္တာ နည္းသြားတတ္ပါတယ္။ အဲဒီအခါ ေခါင္းကိုက္ေဝဒနာကို ခံစားရတတ္ပါတယ္။ ဒါတင္မကေသးပါဘူး။ ရင္ဘတ္ေအာင့္တာ၊ ေျခေထာက္နာတာမိ်ဳးေတြလည္း ျဖစ္တတ္ပါတယ္ …။
၃။ အသားအေရ ျဖဴေဖ်ာ့လာျခင္း
ေသြးနီဥဆဲလ္ေတြမွာ ပါဝင္တဲ့ ေဟမိုဂလိုဘင္ေတြက ေအာက္ဆီဂ်င္ေတြကို အဆုတ္ကေန ခႏၶါကိုယ္က တစ္ရႉးေတြ အားလုံးဆီကို ပို႔ေပးပါတယ္။ သံဓါတ္အားနည္းလာတဲ့အခါ ေသြးနီဥဆဲလ္လုံလုံေလာက္ေလာက္မရွိေတာ့ဘဲ တျခားကိုယ္တြင္းအဂၤါေတြကို ေအာက္ဆီဂ်င္လုံလုံ မပို႔ေပးႏိုင္ေတာ့ပါဘူး။ အဲဒီအခါ ႂကြက္သားအားနည္းတာ၊ ပင္ပန္းႏြမ္းနယ္တာ၊ အသားအေရနဲ႔ လက္ေတြ ျဖဴေဖ်ာ့လာတာေတြ ႀကဳံရႏိုင္ပါတယ္ …။
၄။ အသက္ရႉမဝျခင္း
မပင္ပန္းေလာက္တဲ့အလုပ္မ်ိဳးကို လုပ္ေနခ်ိန္မွာ အသက္ရႉမဝတာ ခံစားရၿပီဆိုရင္ ေသြးနီဥဆဲလ္ေတြ နည္းေနလို႔ပါ။ ဒါ့အျပင္ ႏွလုံးခုန္ႏႈန္းျမန္တာ၊ မူးတာ၊ အားနည္းတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္ …။
၅။ အစာအိမ္ျပႆနာ
အစားစားၿပီးတဲ့အခါ အန္တာ၊ ဗိုက္နာတာ၊ ဝမ္းေလွ်ာတာမ်ိဳးကလည္း ေဖာလစ္အက္စစ္လိုအပ္ေနျခင္းရဲ႕ လကၡဏာေတြပါ။ တစ္ခါတစ္ရံမွာ အစားစားခ်င္စိတ္ေတြ မရွိေတာ့ဘဲ ကိုယ္အေလးခ်ိန္ သိသိသာသာ က်သြားပါတယ္ …။
၆။ ႏႈတ္ခမ္းနဲ႔ လွ်ာမွာ အဖုမ်ားေပါက္ျခင္း
ဒီလိုလကၡဏာမ်ိဳးက ျပင္းထန္တဲ့ လကၡဏာျဖစ္လို႔ မေပါ့ဆသင့္ပါဘူး။ လွ်ာက ေရာင္ၿပီး နီရဲလာတာ၊ ႏႈတ္ခမ္းတစ္ဝိုက္မွာ အဖုေပါက္လာတာက ေသြးနီဥဆဲလ္ေတြ ေလ်ာ့နည္းသြားလို႔ပဲ ျဖစ္ပါတယ္ …။
၇။ အရသာခံစားႏိုင္မႈ အားနည္းလာျခင္း
အစားအစာေတြကို အရသာခံရာမွာ ျပႆနာရွိလာၿပီဆိုရင္လည္း ေဖာလစ္အက္ဆစ္ခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡဏာပါ။ လွ်ာက အရသာခံတဲ့အဖုေတြက ဦးေႏွာက္ဆီကို သတင္းအခ်က္အလက္ေတြ မပို႔ေပးႏိုင္ေတာ့လို႔ပါပဲ …။
သံဓါတ္အားျပည့္ေအာင္ ဘယ္လိုစားၾကမလဲ…?
အစိမ္းရင့္ေရာင္ရွိတဲ့ အသီးအႏွံေတြျဖစ္တဲ့ ပန္းေဂၚဖီစိမ္း၊ ဟင္းႏုႏြယ္၊ ကၫြတ္ စတဲ့အစားအစာေတြကို စားေပးသင့္ပါတယ္။ ဒါ့အျပင္ ဆီထရစ္အက္ဆစ္ပါဝင္တဲ့ အသီးေတြ၊ ပဲအမ်ိဳးမ်ိဳး၊ မႈိေတြကိုလည္း စားလို႔ရပါတယ္။ ခႏၶာကိုယ္မွာ ဒီလို လကၡဏာေတြ ျပလာၿပီဆိုရင္ ဆရာဝန္နဲ႔ ျမန္ျမန္ျပသင့္ပါတယ္ေနာ္ …။ ။
Zombie (Love Media)
Unicode
ခန္ဓာကိုယ်မှာ ဒီလက္ခဏာတွေ ပြနေပြီဆိုရင် ဖောလစ်အက်စစ် လိုအပ်နေပါပြီ…
အရွယ်ရောက်ပြီးသူတွေက တစ်နေ့ကို ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ် စားပေးသင့်တယ်လို့ အမေရိကန်က ဆေးသိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဗီတာမင် B9 က ကျန်းမာရေးအတွက် အလွန်ကို အရေးကြီးပါတယ်။ ဖောလစ်အက်ဆစ်က သွေးနီဥ ဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ဖောလစ်အက်စစ်ဓါတ်နည်းလာရင် သွေးအားနည်းရောဂါဖြစ်နိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် သေသေချာချာ မရောက်နိုင်တော့ပါဘူးနော် …။
၁။ အာရုံကြောနှင့်ဆိုင်သော ပြဿနာများ
ဖောလစ်အက်စစ်က အာရုံကြောအဖွဲ့အစည်းအတွက်လည်း အရေးကြီးပါတယ်။ ခန္ဓါကိုယ်မှာ ဗီတာမင်ဓါတ်ချို့တဲ့လာရင် စိတ်ဓါတ်ကျလွယ်တာ၊ အာရုံစူးစိုက်နိုင်မှုအားနည်းတာ၊ မေ့လွယ်တာတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါတရံမှာ အယ်လ်ဇိုင်းမားရောဂါအထိ ဖြစ်စေနိုင်ပါတယ် …။
၂။ ခန္ဓာကိုယ်နာကျင်ခြင်း
သံဓါတ်အားနည်းလာတဲ့အခါမှာ ဦးနှောက်ထဲကို အောက်ဆီဂျင်ရောက်တာ နည်းသွားတတ်ပါတယ်။ အဲဒီအခါ ခေါင်းကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရင်ဘတ်အောင့်တာ၊ ခြေထောက်နာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ် …။
၃။ အသားအရေ ဖြူဖျော့လာခြင်း
သွေးနီဥဆဲလ်တွေမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင်တွေက အောက်ဆီဂျင်တွေကို အဆုတ်ကနေ ခန္ဓါကိုယ်က တစ်ရှူးတွေ အားလုံးဆီကို ပို့ပေးပါတယ်။ သံဓါတ်အားနည်းလာတဲ့အခါ သွေးနီဥဆဲလ်လုံလုံလောက်လောက်မရှိတော့ဘဲ တခြားကိုယ်တွင်းအင်္ဂါတွေကို အောက်ဆီဂျင်လုံလုံ မပို့ပေးနိုင်တော့ပါဘူး။ အဲဒီအခါ ကြွက်သားအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသားအရေနဲ့ လက်တွေ ဖြူဖျော့လာတာတွေ ကြုံရနိုင်ပါတယ် …။
၄။ အသက်ရှူမဝခြင်း
မပင်ပန်းလောက်တဲ့အလုပ်မျိုးကို လုပ်နေချိန်မှာ အသက်ရှူမဝတာ ခံစားရပြီဆိုရင် သွေးနီဥဆဲလ်တွေ နည်းနေလို့ပါ။ ဒါ့အပြင် နှလုံးခုန်နှုန်းမြန်တာ၊ မူးတာ၊ အားနည်းတာမျိုး ဖြစ်လာနိုင်ပါတယ် …။
၅။ အစာအိမ်ပြဿနာ
အစားစားပြီးတဲ့အခါ အန်တာ၊ ဗိုက်နာတာ၊ ဝမ်းလျှောတာမျိုးကလည်း ဖောလစ်အက်စစ်လိုအပ်နေခြင်းရဲ့ လက္ခဏာတွေပါ။ တစ်ခါတစ်ရံမှာ အစားစားချင်စိတ်တွေ မရှိတော့ဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျသွားပါတယ် …။
၆။ နှုတ်ခမ်းနဲ့ လျှာမှာ အဖုများပေါက်ခြင်း
ဒီလိုလက္ခဏာမျိုးက ပြင်းထန်တဲ့ လက္ခဏာဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ လျှာက ရောင်ပြီး နီရဲလာတာ၊ နှုတ်ခမ်းတစ်ဝိုက်မှာ အဖုပေါက်လာတာက သွေးနီဥဆဲလ်တွေ လျော့နည်းသွားလို့ပဲ ဖြစ်ပါတယ် …။
၇။ အရသာခံစားနိုင်မှု အားနည်းလာခြင်း
အစားအစာတွေကို အရသာခံရာမှာ ပြဿနာရှိလာပြီဆိုရင်လည်း ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းရဲ့ လက္ခဏာပါ။ လျှာက အရသာခံတဲ့အဖုတွေက ဦးနှောက်ဆီကို သတင်းအချက်အလက်တွေ မပို့ပေးနိုင်တော့လို့ပါပဲ …။
သံဓါတ်အားပြည့်အောင် ဘယ်လိုစားကြမလဲ…?
အစိမ်းရင့်ရောင်ရှိတဲ့ အသီးအနှံတွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကညွတ် စတဲ့အစားအစာတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် ဆီထရစ်အက်ဆစ်ပါဝင်တဲ့ အသီးတွေ၊ ပဲအမျိုးမျိုး၊ မှိုတွေကိုလည်း စားလို့ရပါတယ်။ ခန္ဓာကိုယ်မှာ ဒီလို လက္ခဏာတွေ ပြလာပြီဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသင့်ပါတယ်နော် …။ ။
Zombie (Love Media)