သူမရဲ့ရောဂါအခြေအနေနဲ့ တိုင်းပြည်အခြေအနေကြောင့် အရမ်းမြတ်နိုးတွယ်တာရတဲ့ အနုပညာအလုပ်ကိုစွန့်လွှတ်ရတော့မယ့်အကြောင်းကို ရင်ဖွင့်လာတဲ့ မင်းသမီးသက်မွန်မြင့်
နိုင်ငံကျော် အကယ်ဒမီ မင်းသမီးဖြစ်တဲ့ သက်မွန်မြင့်က သူမချစ်တဲ့ အနုပညာ လုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတာ ဖြစ်ပါတယ်။
ရုပ်ရှင်တွေ ရိုက်နေသလို အိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။
အချိန်တွေကို ကောင်းစွာ စီမံခန့်ခွဲတတ်တဲ့ မင်းသမီးချာလေး သက်မွန်မြင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်ကြတာ ဖြစ်ပါတယ်။
ဒီကနေ့မှ ဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်က အနုပညာအလုပ်တွေကို ရပ်နားတော့မယ်ဆို တဲ့ကြောင်းကို အခုလိုပဲပြောပြလာခဲ့ တာပဲဖြစ်ပါတယ်နော်။
သက်မွန်မြင့်က ” ကျွန်မတွေးခဲ့တာ အသက် ၄၀ လောက်ဆို နားမယ်ပေါ့၊ နားမယ်ဆိုတာ အသက်မွေးဝမ်းကျောင်း အနေနဲ့ နားမယ်ပြောတာပါ၊
လုံးဝ မစွန့်လွှတ်နိုင်တာမို့ တချို့ အရမ်း သဘောကျတဲ့ ဇာတ်တို့ ရိုက်သင့်တဲ့ ဇာတ်တို့လောက်ပဲ ရိုက်ပြီး ကလေးတွေကို အချိန်ပေးမယ်၊ ပျိုးထောင်မယ်၊
ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရင်း ဘာသာရေးလေးလုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းတော့မယ်ပေါ့၊ ခုတော့ နားရတာမှ ဆက်လုပ်လို့ကို မရတော့တာ။
ပထမ ကိုဗစ်၊ ဒုတိယ ကိုယ့် SLE Lupas ရောဂါ၊ တတိယ တိုင်းပြည်ခြေနေ၊ နားရတာမှလေ၊ တကယ်ပါပဲ၊ ကိုယ်နားချင်တာ ဒီလိုမျိုး မဟုတ်ဘူး၊ ပရိတ်သတ်တွေနဲ့ပါ အဆက်သွယ်ပြတ်နေရပြီ”
ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊ စာဖတ် ပရိတ်သတ်ကြီးများအတွက်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ပါတယ်နော်။
Source – Thet Mon Myint’s Fb
အရမ္းျမတ္ႏိုးတြယ္တာရတဲ့ အႏုပညာအလုပ္ကို စြန႔္လႊတ္ရေတာ့မယ့္အေၾကာင္း ရင္ဖြင့္လာတဲ့ သက္မြန္ျမင့္
အရမ္းျမတ္ႏိုးတြယ္တာရတဲ့ အႏုပညာအလုပ္ကို စြန႔္လႊတ္ရေတာ့မယ့္အေၾကာင္း ရင္ဖြင့္လာတဲ့ သက္မြန္ျမင့္
သူမရဲ႕ေရာဂါအေျခအေနနဲ႔ တိုင္းျပည္အေျခအေနေၾကာင့္ အရမ္းျမတ္ႏိုးတြယ္တာရတဲ့ အႏုပညာအလုပ္ကိုစြန႔္လႊတ္ရေတာ့မယ့္အေၾကာင္းကို ရင္ဖြင့္လာတဲ့ မင္းသမီးသက္မြန္ျမင့္
ႏိုင္ငံေက်ာ္ အကယ္ဒမီ မင္းသမီးျဖစ္တဲ့ သက္မြန္ျမင့္က သူမခ်စ္တဲ့ အႏုပညာ လုပ္ငန္းေတြကို လုပ္ကိုင္ရင္း မိသားစုေလးကို အခ်ိန္ေပး ဂ႐ုစိုက္ေနတာ ျဖစ္ပါတယ္။
႐ုပ္ရွင္ေတြ ႐ိုက္ေနသလို အိမ္ေထာင္မႈတာဝန္ေတြလည္း မလစ္ဟင္းတဲ့ သက္မြန္ျမင့္က အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။
အခ်ိန္ေတြကို ေကာင္းစြာ စီမံခန႔္ခြဲတတ္တဲ့ မင္းသမီးခ်ာေလး သက္မြန္ျမင့္ရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ပရိသတ္ေတြကလည္း စိတ္ဝင္တစားေစာင့္ၾကည့္ၾကတာ ျဖစ္ပါတယ္။
ဒီကေန႔မွ ဆိုရင္ေတာ့ သ႐ုပ္ေဆာင္ သက္မြန္ျမင့္က အႏုပညာအလုပ္ေတြကို ရပ္နားေတာ့မယ္ဆို တဲ့ေၾကာင္းကို အခုလိုပဲေျပာျပလာခဲ့ တာပဲျဖစ္ပါတယ္ေနာ္။
သက္မြန္ျမင့္က ” ကြၽန္မေတြးခဲ့တာ အသက္ ၄၀ ေလာက္ဆို နားမယ္ေပါ့၊ နားမယ္ဆိုတာ အသက္ေမြးဝမ္းေက်ာင္း အေနနဲ႔ နားမယ္ေျပာတာပါ၊
လုံးဝ မစြန႔္လႊတ္ႏိုင္တာမို႔ တခ်ိဳ႕ အရမ္း သေဘာက်တဲ့ ဇာတ္တို႔ ႐ိုက္သင့္တဲ့ ဇာတ္တို႔ေလာက္ပဲ ႐ိုက္ၿပီး ကေလးေတြကို အခ်ိန္ေပးမယ္၊ ပ်ိဳးေထာင္မယ္၊
ကိုယ္ဝါသနာပါတာေလးေတြ လုပ္ရင္း ဘာသာေရးေလးလုပ္ရင္း ဘဝကို ေအးေဆးျဖတ္သန္းေတာ့မယ္ေပါ့၊ ခုေတာ့ နားရတာမွ ဆက္လုပ္လို႔ကို မရေတာ့တာ။
ပထမ ကိုဗစ္၊ ဒုတိယ ကိုယ့္ SLE Lupas ေရာဂါ၊ တတိယ တိုင္းျပည္ေျခေန၊ နားရတာမွေလ၊ တကယ္ပါပဲ၊ ကိုယ္နားခ်င္တာ ဒီလိုမ်ိဳး မဟုတ္ဘူး၊ ပရိတ္သတ္ေတြနဲ႔ပါ အဆက္သြယ္ျပတ္ေနရၿပီ”
ဆိုၿပီးေတာ့ သူမရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာေရးသားေဖာ္ျပထားပါတယ္၊ စာဖတ္ ပရိတ္သတ္ႀကီးမ်ားအတြက္ျပန္လည္ကူးယူ တင္ဆက္ေပးလိုက္ ပါတယ္ေနာ္။
Source – Thet Mon Myint’s Fb