ဇာတ်ပို့သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ပြီး DJ Moon ဆိုတဲ့နာမည်နဲ့ DJ လောကထဲဝင်ရောက်တော့မယ့် လမင်းကဗျာ
ဇာတ်ပို့သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ပြီး DJ Moon ဆိုတဲ့နာမည်နဲ့ DJ လောကထဲဝင်ရောက်တော့မယ့် လမင်းကဗျာ
ပရိသတ်ကြီးရေ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားခဲ့တုန်းက ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် လမင်းကဗျာ ကိုတော့
အားလုံးပဲမှတ်မိကြအုန်းမှာပါပဲနော်။ သူမ ကတော့ နောက်ပိုင်းမှာ ရုပ်ရှင်မရိုက်ကူးဖြစ်တော့ပေမယ့် စီးပွားရေးအနေနဲ့ ဘီယာဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားတာပါ ။
လမင်းကဗျာ ဟာ လက်ရှိမှာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်လိုက်ပြီးတော့ DJ လောကထဲကို ဝင်ရောက်တော့မယ်လို့ သိရပါတယ် ။ လမင်းကဗျာ ဟာ
အသက် ၃၃ နှစ်ပြည့်မွေးနေ့မှာ Dj လောကထဲကို စတင်ဝင်ရောက်တော့မယ့်အကြောင်းကို အခုလိုပဲရေးသားခဲ့ပါတယ် ။ ” ဒီနေ့ အသက်၃၃နှစ်ပြည့်မွေးနေ့လေးမှာ အလုပ်အသစ်လေးတစ်ခုစလုပ်ဖြစ်ပါတယ်ရှင့်
သင်ဆရာမြင်ဆရာကြားစရာများအားလုံးနှင့်တစ်ကွ DJဆရာများအားလုံးကို ရိုသေစွာဖြင့်ဒီနေရာကနေပဲ လေးစားစွာဦးထိပ်ထားပါတယ်ရှင့် အမှားအယွင်းများရှိခဲ့ရင်လဲ ခွင့်လွှတ်ဖို့ ပြောပါရစေရှင့်ဒီနေ့မွေးနေ့လေးမှာ
အမှတ်တရဖြစ်အောင် သိပ်မကျွမ်းကျင်သေးပဲ စဖွင့်ဖြစ်မှာပါ ချစ်ရတဲ့ သူငယ်ချင်းမိတ်ဆွေ များ ပျော်ရအောင် EDM ရော Vina ရော အမွှေပေါ့ လမင်းရဲ့ ဆရာသမားတွေရဲ့ ဖျော်ဖြေမှု့နဲ့ တူတူ ချစ်ဆူံးတွေနဲ့ဆူံရအောင်နော်” လို့
လမင်းကဗျာရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ DJ Moon ဆိုတဲ့နာမည်နဲ့ တီးခတ်မှာဖြစ်ပြီး ပရိသတ်တွေလက်ခံတဲ့အထိ ကြိုးစားဖျော်ဖြေသွားမယ်လို့ လမင်းက ပြောပြထားပါသေးတယ်။ “သရုပ်ဆောင်အလုပ်က
မလုပ်ဖြစ်တော့ဘူး။ဒီအလုပ်ကို ဝါသနာပါတာကြာပြီဆိုပေမယ့် ခုမှစလုပ်ဖြစ်တာပါ။ ကိုယ်သင်နေတဲ့အလုပ်ကို ဘယ်သူ့မှမသိကြဘူး။ခုမှခြေလှမ်းသစ်အနေနဲ့ DJ စလုပ်မှာပါ။” လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားတာကို သိရပါတယ်။
ပရိသတ်ကြီးရေ လမင်းကဗျာ ကို အားပေးကြမှာလားနော်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဝေဖန်ချက်လေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော် ။
အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့နေ့လေး ကို ပိုင်ဆိုင်နိုင်ကြပါစေနော် ..
Zawgyi
mdatenews
Leave a Comment