Kpay အကောင့်တွေ မှားယွင်းစွာပိတ်ခံရပါက ဗဟိုဘဏ်သို့ E-mail တိုက်ရိုက်ပေးပို့တင်ပြနိုင်ကြောင်း ထုတ်ပြန်ကြေညာ


Kpay အကောင့်တွေ မှားယွင်းစွာပိတ်ခံရပါက ဗဟိုဘဏ်သို့ E-mail တိုက်ရိုက်ပေးပို့တင်ပြနိုင်ကြောင်း ထုတ်ပြန်ကြေညာ

မှားယွင်းအပိတ်ခံရတဲ့ KBZ Pay အကောင့်တွေဗဟိုဘဏ်ကိုအီးမေးလ်တိုက်ရိုက်ပေးပို့တင်ပြနိုင်တယ်လို့ KBZ Pay ကဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။

ဗဟိုဘဏ်ကတရားမဝင်ငွေလွှဲပြောင်းမှုနဲ့ငွေကြေးလိမ်လည်မှုကာကွယ်ဖို့ Mobile Pay အချက်အလက်တွေ ပြည့်စုံစွာဖြည့်သွင်းရမှာဖြစ်ပြီးလုပ်ဆောင်မှုမရှိပါကအပြီးတိုင်ပိတ်သိမ်းမယ်လို့ကြေညာပြီးနောက် KBZ Pay အသုံးပြုနေတဲ့ ပြည်သူတချို့အကောင့်ပိတ်သိမ်းခံရမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

 

“ K Pay အကောင့်နဲ့ အရောင်းအဝယ်လုပ်နေတာနေ့စဉ်ငွေလွှဲငွေထုတ်ကတော့ရှိမှာပဲ။ Sim Card တူ Level -2 ကိုယ်လည်းအပိတ်ခံရတယ်၊ဘာလို့ပိတ်တာလည်းဆိုတော့ငွေအဝင်အထွက်များလို့တဲ့။ Kpay Center ကိုမေးတော့ ဗဟိုဘဏ်ကပိတ်တာ

 

 

မေးလ်ပို့ဖြေရှင်းရမယ်ဆိုပြီး အသုံးပြုတွေရဲ့ အခက်အခဲကိုမဖြေရှင်းပေးဘဲမျက်နှာလွှဲခဲပစ်လုပ်သလို ဖြစ်နေတယ်”လို့ KBZ Pay အကောင့်ပိတ်ခံရသူတစ်ဦးကပြောပါတယ်။ပိတ်ခံရတဲ့ အကောင့်တွေမှာ ငွေကြေးပမာဏအနည်းငယ်ကနေပမာဏများစွာရှိနေတဲ့အကောင့်တွေလည်း ပါ၀င်ပြီး

 

 

ဘဏ်ကို ဆက်သွယ်ရာမှာတိကျတဲ့အဖြေပေးမှုမရှိဘဲဗဟိုဘဏ်ကိုသာဆက်သွယ်ရမယ်လို့ ဖြေကြားတယ်လို့ အကောင့်ပိတ်ခံရတဲ့ ပြည်သူတချို့ကလူမှုကွန်ရက်ကတဆင့်ပြောကြားထားကြပါတယ်။လက်ရှိတချို့ Level အဆင့်မမြှင့်ရသေးတဲ့အကောင့်တချို့ကလည်းဆက်လက်သုံးစွဲလို့ရနေဆဲဖြစ်ပြီး

 

ငွေလွှဲငွေထုတ် မမှန်ကန်လုပ်မိတဲ့သူတချို့ကို သာပိတ်တာလို့ ဘဏ်ကပြောကြောင်း KBZ ဘဏ်ကို သွားရောက်မေးမြန်းခဲ့တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။“ညီမ Level-1 နဲ့ 1.5 Kpayကို သုံးနေတာ နေ့စဉ်ငွေအဝင်အထွက်လည်းများတော့ စိတ်ချရအောင်ဘဏ်သွားမေးပြီး အဆင့်လည်းသွားတင်တာ။

 

 

သူတို့ကတော့ အကောင့်တွေပိတ်ခိုင်းတာ အဆင့်မြှင့်ခိုင်းတာ အဲ့လို တိတိကျကျညွှန်ကြားလာတာတောင်မရှိသေးဘူးပေါ့။ငွေလွှဲအကောင့်ဖြစ်လို့ငွေဝင်ထွက်များနေမှာပဲတချို့မှားယွင်းလုပ်မိလို့သာ ပိတ်ခံရတာမျိုးဖြစ်မှာပါလို့ပြောတယ်။ဒါပေမယ့်လုံခြုံစိတ်ချရအောင်အဆင့်မြှင့်ထားတာကောင်းတယ်ပေါ့။

 

 

မှတ်ပုံတင်ပါတယ် ကိုယ်တိုင်သုံးတယ်ဆို Level-2 အကောင့်ချက်ချင်းရပါတယ်” လို့ ဘဏ်သွားရောက်ခဲ့တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။လက်ရှိမှာမှားယွင်းပိတ်ခံခဲ့ရတဲ့ KBZ Pay အကောင့်သုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိတို့အကောင့် ပြန်လည်ဖွင့်လှစ်အသုံးပြုနိုင်ဖို့

 

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ် complaint@cbm.gov.mm ကိုအီးမေးလ်တိုက်ရိုက်ပေးပို့ တင်ပြနိုင်တယ်လို့ KBZ Pay ကထုတ်ပြန်ထားပါတယ်။KBZpay တွင် ကိုယ်ရေးကိုယ်တာအသုံးပြုမှုများအတွက် Customer App (အပြာရောင်)နှင့်စီးပွားရေးလုပ်ငန်းများအတွက် KBZpay Partner App (အနီရောင်) နှစ်မျိုးရှိကြောင်း၊

 

 

သုံးစွဲသူများအနေဖြင့်တစ်ကိုယ်ရည်(သို့မဟုတ်)လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ သက်ဆိုင်ရာ Application အား အသုံးပြုရန်တိုက်တွန်းလိုကြောင်း KBZpay ကထုတ်ပြန်သည်။

Leave a Comment