တောင်ကိုးရီးယားအလုပ်အကိုင် EPS စာမေးပွဲဖြေဆိုမည့် ရက်များ ထုတ်ပြန်ကြေညာ


တောင်ကိုးရီးယားအလုပ်အကိုင် EPS စာမေးပွဲဖြေဆိုမည့် ရက်များ ထုတ်ပြန်ကြေညာ

တောင်ကိုရီးယားအလုပ်သွားလုပ်မည့် သူများအတွက် EPS စာမေးပွဲဖြေမည့်ရက်များအားသတ်မှတ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တောင်ကိုရီးယားအလုပ်အကိုင်EPSစားမေးပွဲများအခုစက်တင်ဘာလ၂၉ရက်ကနေစတင်ပြီးဖြေဆိုရတော့မှာဖြစ်ကြောင်းအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကနေကြေညာလိုက်ပါတယ်။အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရဲ့ကြေညာချက်မှာ

 

စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအလုပ်အကိုင်များအတွက် စက်တင်ဘာ၂၉ရက်ကနေအောက်တိုဘာ၂၇ရက်အထိစစ်ဆေးသွားမှာဖြစ်ရာကုန်ထုတ်လုပ်ငန်းပထမအသုတ်ကို အောက်တိုဘာ၃၁ရက်ကနေဒီဇင်ဘာ၂၉ရက်အထိလည်ကောင်း၊

 

 

ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်ကို၂၀၂၃ခုနှစ်ဇန်နဝါရီ၃ရက်ကနေဧပြီ၃ရက်အထိလည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက်ကို၂၀၂၃ခုနှစ်ဧပြီ၁၇ကနေမေ၁၅အထိလည်းကောင်းရက်များသတ်မှတ်ထားကြောင်းဖော်ပြထားပါတယ်။

 

 

တောင်ကိုရီးယားအလုပ်အကိုင်EPSစနစ်ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍစာမေးပွဲဟာစက်တင်ဘာလအတွင်းကျင်းပရန်အနီးစပ်ဆုံးဖြစ်ပေမယ့် ကုန်ထုတ်လုပ်ငန်းပိုင်းနဲ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်းစာမေးပွဲတွေကတော့လက်ရှိကြေညာထားပေမယ့်အပြောင်းအလဲရှိနိုင်တယ်လို့သိရပါတယ်။

 

 

မူလက ကိုရီးယားအလုပ်အကိုင်စာမေးပွဲကိုလက်ခံကျင်းပမယ့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီအနေနဲ့သြဂုတ်လ၁၆ရက်မှာစာမေးပွဲကျင်းပနိုင်မယ်လို့ကြေညာပြီးနောက်စာမေးပွဲအတွက်အဆင်သင့်မဖြစ်သေးတာကြောင့်ကျင်းပမယ့်ရက်ကိုကြေညာပေးသွားမယ်လို့ပြောဆိုပြီးနောက်

 

 

၁လကျော်ကြာအချိန်ထိစာမေးပွဲအချိန်ထုတ်ပြန်ခဲ့တာမရှိလို့ စာမေးပွဲဖောင်ဝယ်ယူထားပြီးဖြေဆိုဖို့စောင့်ဆိုင်းနေတဲ့သူတွေ အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရသေးတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းတောင်ကိုရီးယားကို EPSစာမေးပွဲဖြေဆိုအောင်မြင်ပြီးလုပ်သား၂၀၂၂ခုနှစ်အတွက်ခေါ်ယူမှုမှာ

 

 

ကုန်ထုတ်လုပ်ငန်းတွေအတွက်လုပ်သား(၆၈၀၀)ဦးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်သားတွေအတွက်၁၂၃၀ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်၃၁၀ဦးကိုအောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာခေါ်ယူမယ်လို့ကြေညာထားကြောင်းသိရပါတယ်။

လက်ရှိမှာ ကိုရီးယားအလုပ်အကိုင်EPSစနစ်ဖြေဆိုအောင်မြင်ပြီး အလုပ်ခေါ်စာနဲ့ ကိုရီးယားနိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်နေသူပေါင်း(၄၅၀၀၀)ခန့်ပမာဏရှိနေတယ်လို့သိရပါတယ်။

Leave a Comment