ဝါတွင်းကာလဖြစ်သော်လည်း အရောင်းအဝယ်ပိုဖြစ်ပြီး စျေးများအနည်းငယ်တက်လာတဲ့ လက်ရှိအိမ်ခြံမြေစျေးကွက်

ါတွင်းကာလဖြစ်သော်လည်း အရောင်းအဝယ်ပိုဖြစ်ပြီး စျေးများအနည်းငယ်တက်လာတဲ့ လက်ရှိအိမ်ခြံမြေစျေးကွက်

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ပိုမိုဖြစ်နေပြီး နယ်မြို့များမှလာရောက်ရောင်းဝယ်တာတွေများလာတယ်လို့

 

 

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်သူများနှင့်လက်ရှိအိမ်ခြံမြေမျာဝယ်ယူထားသူများရဲ့ပြောဆိုမှုများအရသိရှိရပါတယ်။လတ်တလောမှာမြန်မာငွေကျပ်ဖောင်းပွလာခြင်း၊တန်ဖိုးကျဆင်းလာခြင်းနှင့် အတူဒေါ်လာဈေး၊ရွှေဈေးဟာလည်းစက္ကန့်နှင့်အမျှပြောင်းလဲနေချိန်

 

 

မိမိတို့လက်ဝယ်ရှိငွေများသိမ်းဆည်းထားမယ့်အစားအိမ်ခြံမြေဘက်ကိုပိုမိုရင်းနှီးမြှုပ်နှံလာကြတယ်လို့ဆိုပါတယ်။ “ အရောင်းအဝယ်တွေလည်း ပိုဖြစ်လာတယ်။အရင်အချိန်ဝါတွင်းဆိုရင်လုံးဝနီးပါးကိုဝယ်ရောင်းသိပ်မရှိတာ၊

အခုကရောင်းချင်တဲ့သူတွေကလည်းဈေးတွေဖွင့်ထားတယ်၊ဝယ်ချင်တဲ့သူတွေကလည်းနေ့တိုင်းနီးပါး စုံစမ်းတယ်၊အဆင်ပြေရင်ရောင်းသူဝယ်သူပေးတွေ့လိုက်တယ်”လို့လက်ရှိအိမ်ခြံမြေအနေအထားနဲ့ ပတ်သက်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကရှင်းပြပါတယ်။

 

 

အိမ်ခြံမြေကိုနေထိုင်ရန်ဝယ်ယူသူများနှင့် မိမိရဲ့ငွေကြေးကို ရင်းနှီးမြှုပ်နှံလိုတာကြောင့်ဝယ်ယူကြသူများ ရှိရာလက်ရှိအချိန်မှာလည်းဝါတွင်းကာလဖြစ်ပေမယ့် အိမ်ပြောင်းရွှေ့မှုနည်းသော်လည်း ဝယ်ယူမှုများကတော့ပိုမိုများပြားနေတယ်လို့လည်းသိရပါတယ်။

 

အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအနေဲ့ရန်ကုန်မြို့မှာဝယ်ယူရင်းနှီးမြှုပ်နှံတာတွေရှိနေသလိုနေပြည်တော်နဲ့ မန္တလေးမြို့တွေမှာလည်းဝယ်ယူမှုများရှိနေပြီးပြီးခဲ့တဲ့လအတွင်းကပဲနေပြည်တော်မှာအိမ်ခြံဝယ်ယူတာတွေများပြားနေတယ်လို့

 

 

နေပြည်တော်အိမ်ခြံမြေအသင်းရဲ့တာဝန်ရှိသူတစ်ဦးကမီဒီယာတွေကိုဖြေကြားထားတာတွေရှိနေတာပါ။အိမ်မြေအဝယ်လိုက်လာတာကြောင့်ယခင်အိမ်မြေကွက်ဈေးဟာသိန်း၂၀၀တန်မြေကွက်ကိုသိန်း၅၀၀အထိတိုးမြှင့်ဈေးခေါ်နေကြတယ်လို့လည်းသိရပါတယ်။

Leave a Comment