ပန်းဆိုးတန်းနှင့် ရေလယ်ကျောက်တန်း သို့ YBS ယာဥ်လိုင်းအသစ်ပြေးဆွဲ
ပန်းဆိုးတန်းနှင့် ကျောက်တန်း ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ YBS 70 မီနီဘတ်စ်ယာဉ်လိုင်းသစ်တစ်လိုင်းကိုပြေးဆွဲနေကြောင်းဒေသခံများထံမှသိရသည်။
အဆိုပါယာဉ်လိုင်းသည်ကျောက်တန်းတွင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်အရှေ့နားတွင်ဂိတ်ရင်းအဖြစ်သတ်မှတ်ထားသလိုပန်းဆိုးတန်းဂိတ်ကိုကမ်းနားလမ်းပေါ်ရှိရန်ကုန်စာတိုက်ကြီးအနီးတွင်ဂိတ်နေရာသတ်မှတ်ကာ ပြေးဆွဲနေခြင်းလည်းဖြစ်သည်။
“ကားတွေက အသစ်တွေဆိုတော့ သန့်တယ်၊ ခုံအသစ်တွေ၊ ဒါပေမဲ့ထည့်ထားတဲ့ခုံကနည်းတယ်၊ bus conductor မိန်းကလေးတွေကလည်းဆက်ဆံရေးပြေပြစ်တယ်”ဟုလည်းခရီးသည်တစ်ဦးက ပြောသည်။
ထိုယာဉ်လိုင်းကို Shwe Wine Aung Co ltd မှ စက်တင်ဘာ ၁၈ ရက်က စတင်ပြေးဆွဲပေးခြင်းဖြစ်သည်ဟု သိရပြီးသာကေတဘက်မှဖြတ်သန်းရာတွင်မြင်တော်သာလမ်းဘက်မှဖြတ်သန်းခြင်းလည်းဖြစ်သည်။ “လောလောဆယ်တော့ အစီး ၂၀ ဝန်းကျင်လောက်ရှိတယ်၊
အခုမှ စပြီးပြေးဆွဲတုန်းဆိုတော့ အသေးစိတ်တော့မပြောနိုင်သေးဘူး၊ခရီးသည်များရင်များသလိုတော့ ကားစီးရေထပ်တိုးပေးကြမှာပါ”ဟုလည်း ဂိတ်မှူးတစ်ဦးကပြောသည်။ခရီးစဉ်တလျှောက်တွင် နှစ်ပိုင်း ပိုင်းခြားထားပြီး အယာဉ်စီးခအဖြစ် ခရီးစဉ်အစအဆုံး ၄၀၀ ကျပ်သတ်မှတ်ထားကြောင်း၊
နံနက် ၅ နာရီခွဲတွင်ဂိတ်ဖွင့်၍ ညနေ ၅ နာရီအထိသတ်မှတ်ပြေးဆွဲနေကြောင်း၊ခရီးစဉ်လမ်းကြောင်းအတွင်းအဲယားကွန်း ဖွင့်၍သာပြေးဆွဲရန်သတ်မှတ်ထားပြီးခရီးသည်များဘက်မှဆက်သွယ်တိုင်ကြားမှုများလည်းပြုလုပ်နိုင်သလိုအကြံပြုမှုများလည်း လုပ်ဆောင်နိုင်ကြောင်းသိရသည်။