မိုဘိုင်း Sim Card များအား ဖြည့်စွက်ထားသောအချက်အလက်မမှန်ကန်ပါကအပြီးပိတ်သိမ်းသွားမည်

မိုဘိုင်း Sim Card များအား ဖြည့်စွက်ထားသောအချက်အလက်မမှန်ကန်ပါကအပြီးပိတ်သိမ်းသွားမည်

SIM Card အသုံးပြုသူအချို့သည် အမည်၊မှတ်ပုံတင်အမှတ်တို့အားမှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုနေကြသည်ဟုဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ခဲ့သည်။

ဆင်းကတ်များဝယ်ယူအသုံးပြုရာတွင်မှတ်ပုံတင်(မူရင်း)ဖြင့် အမည်၊မှတ်ပုံတင်အမှတ်တို့အား မှန်ကန်စွာဖြည့်စွက်၍စနစ်တကျမှတ်ပုံတင်ပြီးမှသာအသုံးပြုရမည်ဖြစ်ကာလက်ရှိအသုံးပြုနေသည့် SIM Card များ၌အချက်အလက်များကိုမှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိပါက

 

အပြီးပိတ်သိမ်းသွားမည်ဖြစ်ပြီးပိတ်သိမ်း SIM Card များရှိလက်ကျန်ငွေများအားပြည့်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမည်ဖြစ်သည်။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ SIM Card များ စနစ်တကျဝယ်ယူအသုံးပြုနိုင်ရေးနှင့်

 

 

မှန်ကန်စွာမှတ်ပုံတင်သုံးစွဲနိုင်ရေးအတွက်အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။ထို့ပြင် SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့်အမည်၊မှတ်ပုံတင်အမှတ်တို့အားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ e-ID Database အချက်အလက်များဖြင့်

 

တိုက်ဆိုင်စစ်ဆေးသွားမည်ဟုထုတ်ပြန်ခဲ့သည်။ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများသည် SIM Card များ ရောင်းချခြင်း၊ အချက်အလက်များမှန်ကန်စွာပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းတို့တွင်ညွှန်ကြားချက်များနှင့်အညီလိုက်နာဆောင်ရွက်ခြင်းမရှိပါကလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။

 

 

ထို့ကြောင့် SIM Card များ ဝယ်ယူအသုံးပြု ရာတွင်အချက်အလက်များအားမှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြရန်နှင့်လက်ရှိ အသုံးပြုနေသည့် SIM Card များကို အချက်အလက်မှန်ကန်စွာမှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေးရမည်ဖြစ်သည်။

 

 

ထိုသို့ ပြန်လည်စစ်ဆေးရာ၌ အချက်အလက်များမမှန်ကန်ပါကပိတ်သိမ်းခံရမှုမရှိစေရန်သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှု၊အရောင်းဆိုင်များ၊ Mobile Shop များတွင်ပြန်လည်ပြင်ဆင်မှတ်ပုံတင်ရမည်ဟုဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ခဲ့သည်။

Leave a Comment