ပြည်တွင်းရွှေစျေးနှုန်းများ ဆက်လက်ပြီးကျအုံးမည်ဟုပြော
ဒီနေ့စက်တင်ဘာ ၁၉ ရက်မနက်၁၁ နာရီ ပြင်ပရွှေဈေးကွက်ဖွင့်ချိန်မှာအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ရွှေဆိုင်တွေဈေးဖွင့်လာခဲ့ပြီးရွှေဈေးနှုန်းဆက်တိုက်ပြန်ကျလာနိုင်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
“ရွှေက ကမ္ဘာ့ဈေးလည်းကျတယ်၊ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်၊ကျောက်မျက်ကလည်း ရွှေဒင်္ဂါးပြားတွေရောင်းပေးတဲ့အခါကျတော့ဈေးကွက်ထဲမှာပစ္စည်းပြတ်တယ်မရှိတော့ဘူးပေါ့။ အရင်တုန်းကတော့ပစ္စည်းပြတ်မယ်အထင်နဲ့လုပြီးဝယ်ကြတော့ဈေးမတည်ငြိမ်တာ။
အခုရွှေဈေးကဆက်ကျဦးမှာပဲပြည်တွင်းမှာလည်း ဒီဇင်ဘာလလောက်ဆိုတွင်းတွေကတူးဖော်တဲ့လုပ်ငန်းတွေပြန်စတော့မှာအဲ့ချိန်ရွှေကလည်းအများကြီး ပြန်ထွက်လာမယ်။ပြည်တွင်းမှာလည်းအခုချိန်ကအလုပ်အကိုင်ပါးဝင်ငွေနည်းတဲ့အချိန်ဆိုတော့အဝယ်သိပ်မရှိကြဘူး။အရောင်းပဲများတယ်။
ဘဏ်စနစ်နဲ့ပေးချေဖို့ကလည်းအရင်ကထဲကလုပ်နေတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ ဘဏ်စနစ်နဲ့လွှဲလို့ရတာကိုပဲ ရွှေသမားတွေကကျေးဇူးတင်နေရတာ၊ငွေထုပ်ကြီးပိုက်ပြီးသွားရတဲ့အလုပ်ကအချိန်လည်းကုန်၊အန္တရာယ်လည်းများတယ်” လို့ ဦးမျိုးမြင့်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဘဏ်အနေနဲ့ ရွှေတုံးရွှေခဲအရောင်းအဝယ်လုပ်ဆောင်ရာမှာသိန်း(၂၀၀)အထက်ကို ဘဏ်စနစ်နဲ့သာပေးချေလုပ်ဆောင်ဖို့ပြောကြားထားတာဖြစ်ပါတယ်။ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA) ကတော့ဒီနေ့ ရွှေအဖွင့်ဈေးကို အခေါက်ရွှေတစ်ကျပ်သား ၁၉၆၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒီနေ့ပြင်ပရွှေဈေးကွက်စဖွင့်ချိန်မှာအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ ဆိုင်တွေကရောင်းပြီး ဆိုင်ဝယ်ဈေး ၂၈၅၀၀၀၀ ကျပ် ဖြစ်ကာ ၁၅ ပဲရည်ကိုတော့ ကျပ် ၂၇ သိန်းအထက်ဈေးနဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့ရန်ကုန်မြို့ကရွှေဆိုင်တွေဆီကသိရပါတယ်။
ထိုပြင် ယနေ့ နေ့လည်(၁း၃၀) တစ်ကျပ်သားရွှေဈေးများ အခေါက်ရွှေရောင်းဈေး – ၂၈၆၀၀၀၀ ကျပ်အခေါက်ရွှေဝယ်ဈေး – ၂၈၁၀၀၀၀ ကျပ်၁၅ ပဲရည်ရွှေရောင်းဈေး – ၂၆၉၁၈၀၀ ကျပ်ဖြင့်လည်းကောင်း
(၂း၁၂)နာရီ မှာအခေါက်ရွှေရောင်းဈေး – ၂၈၅၀၀၀၀ ကျပ်၊အခေါက်ရွှေဝယ်ဈေး – ၂၈၂၀၀၀၀ ကျပ်၊၁၅ ပဲရည်ရွှေရောင်းဈေး – ၂၆၈၂၄၀၀ ကျပ်နှင့်
(၂း၄၅) နာရီမှာတစ်ကျပ်သားရွှေကိုအခေါက်ရွှေရောင်းဈေး – ၂၈၄၀၀၀၀ ကျပ်အခေါက်ရွှေဝယ်ဈေး – ၂၈၀၀၀၀၀ ကျပ်၊၁၅ ပဲရည်ရွှေရောင်းဈေး – ၂၆၇၂၉၀၀ကျပ် ဖြင့် မိနစ်အပိုင်းတွင်း ကျပ် တစ်သောင်းစီကျဆင်းလာတာပြီး ညနေ(၃း၅၄) နာရီမှာအခေါက်ရွှေရောင်းဈေး – ၂၈၃၀၀၀၀ ကျပ်အခေါက်ရွှေဝယ်ဈေး – ၂၇၉၀၀၀၀ ကျပ်၁၅ ပဲရည်ရွှေရောင်းဈေး – ၂၆၆၃၅၀၀ ကျပ်ဖြင့်စျေးပိတ်သွားတာပဲဖြစ်ပါတယ် crd