အိမ်တိုင်းမရှိမဖြစ် အိမ်တွင်စိုက်သင့်သောအပင်၄ မျို:


သင်အိမ်နှင့်ပတ်ဝန်းကျင်တွင်သန့်ရှင်းလတ်ဆက်တဲ့လေကိုရှုရှိုက်နိုင်ဖို့အတွက်လေထုထဲမှမသန့်ရှင်းသောဖုန်မှုန့်နှင့် မမြင်ရတဲ့အဆိပ်အတောက်များကိုစုပ်ယူနိုင်သောအပင်တစ်မျိုးမျိုးကို စိုက်ပျိုးထားသင့်ပါတယ်လို့အကြံပြုပါရစေ..

အပင်စိုက်မယ်ဆိုရင်တော့ဖုန်မှုန့်နှင့် အဆိပ်အတောက်တွေကို စုပ်ယူနိုင်စေတဲ့အပင် (၄)မျိုးအကြောင်းမျှဝေပေးလိုက်ပါတယ်။

၁။ နဂါးလျှာပင်

 

 

နဂါးလျှာအပင်သည်သန်မာသောအပင်ဖြစ်ပြီးမည်သည့်ပတ်ဝန်းကျင်တွင်မဆိုစိုက်ပျိုးလို့ရသောအပင်ဖြစ်ပါတယ်။ဒါပေမဲ့နဂါးလျှာအပင်သည်နေရောင်ခြည်နှင့်ရေကိုသိပ့်မကြိုက်ကြသောအပင်ဖြစ်ပါတယ်။ အပင်၏ထူးခြားချက်မှာအိမ်ထဲတွင်စိုက်ပျိုးနိုင်ပါတယ်။

 

ဘာကြောင့်လဲဆိုတော့နဂါးလျှာအပင်ကညဘက်မှာအောက်စီဂျင်ကိုထုတ်လုပ်နိုင်သောကြောင့်ဖြစ်ပါတယ်။ အိမ်ထဲတွင်လေကောင်းလေသန့်ရစေပြီး အိမ်ကိုလန်းဆန်းစေပါတယ်။

၂။ Fren အပင်

 

 

Fren ဟုခေါ်သောအပင်သည်ထူးခြားသောပုံစံဖြင့်လှပပြီးပြုစုရလွယ်သည့်အပြင်ဖော်မာဒီဟိုက်၊ xylene ၊toluene ဓာတ်ကဲ့သို့သောအဆိပ်အတောက်များကိုစုပ်ယူနိုင်ပါတယ်။

၃။ Spotted Betel အပင်

ကွမ်းရွက်နဲ့တူသော spotted betel အပင်သည်လေထုကိုသန့်စင်ပေးပြီးအဆိပ်တောက်များကိုစုပ်ယူနိုင်သောကြောင့်မြေကြီးရောရေတွင်ပါစိုက်နိုင်သောအပင်ဖြစ်ပါတယ်။spotted betel အပင်ကို နေရောင်ခြည်နဲ့မကြာခဏထိပေးဖို့လိုအပ်ပါတယ်။

 

 

၄။ ရှားစောင်းလက်ပတ်အပင်

ရှားစောင်းလက်ပတ်အပင်သည်ကြီးထွားရန်လွယ်ကူမြန်ဆန်သောအပင်တစ်မျိုးဖြစ်ပါတယ်။ဆေးဝါးများ နှင့် အလှကုန်ပစ္စည်းများတွင်အသုံးပြုကြပါတယ်။ရှားစောင်းလက်ပတ်အပင်သည်ဖော်မယ်လ်ဒီဟိုက်ကဲ့သို့သောအဆိပ်များကိုစုပ်ယူရာတွင်လဲကူညီပေးပါတယ်။

 

ဖော်မယ်လ်ဒီဟိုက်ကိုအိမ်သုတ်ဆေးနဲ့ အိမ်ထောင်ပရိဘောများတွင်တွေ့ရနိုင်ပါတယ်။

ခရက်ဒစ်

Leave a Comment