ဓါတုေဆး၀ါးေတြ မသုံးပဲ သေဘၤာပင္ကို… အသားထူထူ၊ အေစ့နည္းနည္းနဲ႕ ႁပြတ္ခဲေနေအာင္ သီးေစမယ့္ နည္းလမ္းေကာင္းမ်ား

ဓါတုေဆး၀ါးေတြ မသုံးပဲ သေဘၤာပင္ကို… အသားထူထူ၊ အေစ့နည္းနည္းနဲ႕ ႁပြတ္ခဲေနေအာင္ သီးေစမယ့္ နည္းလမ္းေကာင္းမ်ား

သေဘၤာပင္ စိုက္တဲ့အခါ ဓာတုပစၥည္း၊ ဓာတ္ေျမၾသဇ ာမပါဘဲနဲ႔ အသားထူထူ၊ အေစ့နည္းနည္းနဲ႕ ႁပြတ္ခဲေနေအာင္ သီးေစခ်င္ရင္ ဒါေတြ လုပ္ရမယ္။

မ်ိဳးေစ့အေရာင္းဆိုင္မွာ… ယိုးဒယားမ်ိဳး (သို႔) ထိုင္ဝမ္မ်ိဳးလို႔ ေမးဝယ္ၿပီး အေစ့ကို ေရစင္စင္ ေဆးပါ။ တစ္ရက္ေနလွန္းၿပီးမွ ပ်ိဳးပင္ ေဖာက္ပါ။

အဲ့ဒီ ပ်ိဳးပင္ေလး (၇ ရက္) ျပည့္တဲ့အခါ ခြဲမစိုက္မီ အျမစ္ကို ေသျခာ စစ္ေဆးပါ။

အျမစ္က တစ္ေခ်ာင္းထဲ ထြက္ေနရင္ေတာ့ အဖိုပင္ ျဖစ္လို႔ မစိုက္ပါနဲ႔။ အျမစ္က တစ္ေခ်ာင္းထက္ပိုေနမွသာ အမပင္ ျဖစ္ပါတယ္။ အမပင္ စိုက္မွ အသီးသီး ပါတယ္။

ခြဲစိုက္မယ့္ေနရာကို….

(၁) တြင္းဝ တစ္ေပ၊ အနက္တစ္ေပခြဲ တူးၿပီး တြင္းထဲကို သစ္႐ြက္ေျခာက္ျဖစ္ေစ၊ ေကာက္႐ိုးေျခာက္ျဖစ္ေစ ထည့္ၿပီး မီးရႈိ႕ပါ။ ႏွစ္ႀကိမ္ျပဳလုပ္ရန္ လိုအပ္ပါသည္။ ျပာက်ၿပီးတာနဲ႔တြင္းထဲကို ေရအျပည့္ေလာင္းၿပီး တစ္ည ထားပါ။

(၂) အပင္စိုက္မယ့္ တြင္းေအာက္ေျခမွာ ထုံးမႈန႔္ ငါးဆယ္သားခန႔္ ျဖဴးၿပီး ထုံးေပၚမွာ ေျမေဆြး လက္ငါးသစ္ခန႔္ ထည့္ပါ။

(၃) လၻက္ရည္ဆိုင္ေတြမွာ စြန႔္ပစ္ထားၾကတဲ့ ႏွပ္ၿပီးသား အခ်ိဳေျခာက္ အဖတ္ေတြကိုယူ၊ ႏြားေခ်းေျခာက္ႏွင့္ ဆတူေရာသမေမႊၿပီး တစ္ေန လွန္းပါ။ ၿပီးလွ်င္… တြင္းထဲသို႔ တစ္ထြာခန႔္ ထပ္ျဖည့္ပါ။ ၎အေပၚမွ ထပ္မံ၍ ေျမေဆြးအျပည့္ ထည့္လိုက္ၿပီး ပ်ိဳးပင္ကို စိုက္ပ်ိဳးပါ။

(၄) ပ်ိဳးပင္(၂ ေပ) ခန႔္ ႀကီးလာတဲ့အခါ အပင္ရင္းပတ္လည္ကို မီးဖိုက ရတဲ့ ျပာမႈန႔္ရယ္၊ လၻက္ရည္ဆိုင္ေတြက စြန႔္ပစ္ထားတဲ့ အခ်ိဳေျခာက္ အဖတ္ေတြကို သမၿပီး အုံထားေပးပါ။

ၿခံက်ယ္ႀကီးနဲ႔ စီးပြားျဖစ္ စိုက္မယ္ဆိုရင္ေတာ့… ကားတစ္စီးနဲ႔ လၻက္ရည္ဆိုင္ အႏွံ႔သြားၿပီး စြန႔္ပစ္ထားတဲ့ လၻက္ေျခာက္ဖတ္ေတြကို လိုက္ သိမ္းေပေတာ့။

တစ္ခုထပ္မွာရမွာက… နံနက္ေစာေစာႏွင့္ ေနဝင္ၿပီးခ်ိန္၌ တစ္ေန႔ ႏွစ္ႀကိမ္ ေရမွန္မွန္ ေလာင္းရပါမယ္။ မွတ္ခ်က္… အဝါေရာင္ အသားရွိတဲ့ သေဘၤာသီးကို အနီေရာင္ျဖစ္ေစခ်င္ရင္ေတာ့…

က်င္းေအာက္ေျခမွာ ျဖဴးထားတဲ့ ထုံးမႈန႔္ကို ဖြဲျပာနဲ႔ ေျမက်က္အမႈန႔္ အနည္းငယ္ေရာစပ္ၿပီး စိုက္ပါ။အဝါသီးဟာ အနီသီး ျဖစ္သြားၿပီး ပက္ပက္စက္စက္လည္း သီးပါ သတဲ့။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဓါတုဆေးဝါးတွေ မသုံးပဲ သင်္ဘောပင်ကို… အသားထူထူ၊ အစေ့နည်းနည်းနဲ့ ပြွတ်ခဲနေအောင် သီးစေမယ့် နည်းလမ်းကောင်းများ
သင်္ဘောပင် စိုက်တဲ့အခါ ဓာတုပစ္စည်း၊ ဓာတ်မြေသြဇ ာမပါဘဲနဲ့ အသားထူထူ၊ အစေ့နည်းနည်းနဲ့ ပြွတ်ခဲနေအောင် သီးစေချင်ရင် ဒါတွေ လုပ်ရမယ်။

မျိုးစေ့အရောင်းဆိုင်မှာ… ယိုးဒယားမျိုး (သို့) ထိုင်ဝမ်မျိုးလို့ မေးဝယ်ပြီး အစေ့ကို ရေစင်စင် ဆေးပါ။ တစ်ရက်နေလှန်းပြီးမှ ပျိုးပင် ဖောက်ပါ။

အဲ့ဒီ ပျိုးပင်လေး (၇ ရက်) ပြည့်တဲ့အခါ ခွဲမစိုက်မီ အမြစ်ကို သေခြာ စစ်ဆေးပါ။

အမြစ်က တစ်ချောင်းထဲ ထွက်နေရင်တော့ အဖိုပင် ဖြစ်လို့ မစိုက်ပါနဲ့။ အမြစ်က တစ်ချောင်းထက်ပိုနေမှသာ အမပင် ဖြစ်ပါတယ်။ အမပင် စိုက်မှ အသီးသီး ပါတယ်။

ခွဲစိုက်မယ့်နေရာကို….

(၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲ တူးပြီး တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ၊ ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီး မီးရှို့ပါ။ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပြာကျပြီးတာနဲ့တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ည ထားပါ။

(၂) အပင်စိုက်မယ့် တွင်းအောက်ခြေမှာ ထုံးမှုန့် ငါးဆယ်သားခန့် ဖြူးပြီး ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့် ထည့်ပါ။

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်ထားကြတဲ့ နှပ်ပြီးသား အချိုခြောက် အဖတ်တွေကိုယူ၊ နွားချေးခြောက်နှင့် ဆတူရောသမမွှေပြီး တစ်နေ လှန်းပါ။ ပြီးလျှင်… တွင်းထဲသို့ တစ်ထွာခန့် ထပ်ဖြည့်ပါ။ ၎င်းအပေါ်မှ ထပ်မံ၍ မြေဆွေးအပြည့် ထည့်လိုက်ပြီး ပျိုးပင်ကို စိုက်ပျိုးပါ။

(၄) ပျိုးပင်(၂ ပေ) ခန့် ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုက ရတဲ့ ပြာမှုန့်ရယ်၊ လ္ဘက်ရည်ဆိုင်တွေက စွန့်ပစ်ထားတဲ့ အချိုခြောက် အဖတ်တွေကို သမပြီး အုံထားပေးပါ။

ခြံကျယ်ကြီးနဲ့ စီးပွားဖြစ် စိုက်မယ်ဆိုရင်တော့… ကားတစ်စီးနဲ့ လ္ဘက်ရည်ဆိုင် အနှံ့သွားပြီး စွန့်ပစ်ထားတဲ့ လ္ဘက်ခြောက်ဖတ်တွေကို လိုက် သိမ်းပေတော့။

တစ်ခုထပ်မှာရမှာက… နံနက်စောစောနှင့် နေဝင်ပြီးချိန်၌ တစ်နေ့ နှစ်ကြိမ် ရေမှန်မှန် လောင်းရပါမယ်။ မှတ်ချက်… အဝါရောင် အသားရှိတဲ့ သင်္ဘောသီးကို အနီရောင်ဖြစ်စေချင်ရင်တော့…

ကျင်းအောက်ခြေမှာ ဖြူးထားတဲ့ ထုံးမှုန့်ကို ဖွဲပြာနဲ့ မြေကျက်အမှုန့် အနည်းငယ်ရောစပ်ပြီး စိုက်ပါ။အဝါသီးဟာ အနီသီး ဖြစ်သွားပြီး ပက်ပက်စက်စက်လည်း သီးပါ သတဲ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Comment