ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေ ါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်း ကြော င်းတွေ ရှင်းပြနေတယ်။
သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။
ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွ ယ်အိတ်လေးထဲ ထည့်တယ်။
အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေး အေး ဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။
မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။
ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ ခဏနေဦးသား။ အန်တီ သားပြောခမပေးရသေးဘူးလေ ဆိုတော့ ပြန်ထိုင်တယ်။
သားမငိုဘူးလို့ အန်တီ့ကိုဂတိပေးဆိုပြီး လက်သ န်းလေးနဲ့ ဂတိပြုတယ်။မေမေနဲ့ ဖေဖေရော ဆိုတော့ အမေနဲ့ အဖေက အဲဒီဘုရားထဲမှာပဲ သဲပန်းချီကားရောင်းတယ်တဲ့။
အဲဒီလိုနဲ့ အနားကနေ ရှိုက်ပြီး ထွက်သွားတယ်။ ဘုရားကနေပြန်ထွက်မယ်လုပ်တော့ သူ့အမေဆိုသူ(ကိုယ်ဝန်နဲ့)နဲ့အတူထိုင်ပြီး ငိုနေပြန်တယ်။ အမေကိုမေးတော့ အိပ်ရေးမဝလို့ပါတဲ့။
ပြန်စဉ်းစားမိတော့ ၄နှစ်အရွယ်ကလေးတယော က်ဟာ လွတ်လပ် ပေါ့ပါးစွာ ကစားပျော်ရွှင်နေချင်တာပေါ့။မနက်ဘယ်အချိန်က ထလာရသ ည်မသိ ကလေးပီပီ အိပ်ရေးမဝတော့ ဂျီကျချင်တာတောင် အမေ့နားမနေရ။
ငွေဝင်ဖို့ ဘုရားသမိုင်းတွေ လိုက်ရွတ်ပြပြီး မိသ ားစုကို တဖက်တလမ်း ကနေ ရှာပေးနေရတယ်။
မူကြိုတောင်မတက်ရသေးတဲ့ကလေး။စကာ းပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရပုံပေါ်တယ်။ သူတယောက်ဝင်ငွေက သူ့မိသားစု မှာ အများဆုံး ဖြစ်မလားမသိဘူး။
ချစ်စရာကောင်းလို့ သူ့ဘုရားသမိုင်းဆုံးဆုံး မဆုံးဆုံး ထောင်တန်လောက်တော့ပေးသွားကြတာပါ။ဘယ်လိုပြောရမလဲမသိတဲ့ ခံစားမှုနဲ့ ဘုရားကနေ ပြန်လာခဲ့ရတယ်။
Credit to Original
Unicode
ဘုရားသမိုင်းတွေ ရှင်းပြရင်း ရှိုက်ကြီး တငင်ငိုကြွေးနေ ခဲ့ရတဲ့ သနားစရာ ကလေးငယ် တစ်ယောက် ရဲ့ ဘဝ အဖြစ် …
ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်းကြောင်းတွေ ရှင်းပြနေတယ်။
သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။
ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွယ်အိတ်လေးထဲ ထည့်တယ်။
အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။
မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။
ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ ခဏနေဦးသား။ အန်တီ သားပြောခမပေးရသေးဘူးလေ ဆိုတော့ ပြန်ထိုင်တယ်။
သားမငိုဘူးလို့ အန်တီ့ကိုဂတိပေးဆိုပြီး လက်သန်းလေးနဲ့ ဂတိပြုတယ်။မေမေနဲ့ ဖေဖေရော ဆိုတော့ အမေနဲ့ အဖေက အဲဒီဘုရားထဲမှာပဲ သဲပန်းချီကားရောင်းတယ်တဲ့။
အဲဒီလိုနဲ့ အနားကနေ ရှိုက်ပြီး ထွက်သွားတယ်။ ဘုရားကနေပြန်ထွက်မယ်လုပ်တော့ သူ့အမေဆိုသူ(ကိုယ်ဝန်နဲ့)နဲ့အတူထိုင်ပြီး ငိုနေပြန်တယ်။ အမေကိုမေးတော့ အိပ်ရေးမဝလို့ပါတဲ့။
ပြန်စဉ်းစားမိတော့ ၄နှစ်အရွယ်ကလေးတယောက်ဟာ လွတ်လပ် ပေါ့ပါးစွာ ကစားပျော်ရွှင်နေချင်တာပေါ့။မနက်ဘယ်အချိန်က ထလာရသည်မသိ ကလေးပီပီ အိပ်ရေးမဝတော့ ဂျီကျချင်တာတောင် အမေ့နားမနေရ။
ငွေဝင်ဖို့ ဘုရားသမိုင်းတွေ လိုက်ရွတ်ပြပြီး မိသားစုကို တဖက်တလမ်း ကနေ ရှာပေးနေရတယ်။
မူကြိုတောင်မတက်ရသေးတဲ့ကလေး။စက ားပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရပုံပေါ်တယ်။ သူတယောက်ဝင်ငွေက သူ့မိသားစု မှာ အများဆုံး ဖြစ်မလားမသိဘူး။
ချစ်စရာကောင်းလို့ သူ့ဘုရားသမိုင်းဆုံးဆုံး မဆုံးဆုံး ထောင်တန်လောက်တော့ပေးသွားကြတာပါ။ဘယ်လိုပြောရမလဲမသိတဲ့ ခံစားမှုနဲ့ ဘုရားကနေ ပြန်လာခဲ့ရတယ်။
Credit to Original