သင္ဟာ လက္ကုိင္ဖုန္းကို ပံုမွန္ အသံုးျပဳေနသူတစ္ေယာက္ျဖစ္ေနရင္ တစ္ေန႔ကုိ သင္ရဲ႕ ဖုန္းနဲ႔ထိေတြ႕တဲ့အ ႀကိမ္ေပါင္း ၂၆၀၀ ေက်ာ္ရွိတယ္ဆုိတာ သင္ သိပါရဲ႕လား။ တစ္ခ်ိန္လံုး ဖုန္းအ သံုးျပဳသူတစ္ေယာက္အေနနဲ႔ ထိေတြ႕တဲ့ အခ်ိန္က အဲဒီထက္ေတာင္ ပုိႏုိင္ပါေသး တယ္။
လက္ကုိင္ဖုန္းေတြဟာ ယေန႔ ေခတ္အခါမွာ လူတုိင္းအတြက္ မရွိမျဖစ္ ပစၥည္းတစ္ခုျဖစ္ေနပါၿပီ။ အိမ္သာသြား ရင္ေတာင္မွ လက္ကုိင္ဖုန္းပါမွ လုံေလာက္ မယ္လို႔ ေျပာရမယ့္ အေျခအေနပါပဲ … ။
သင့္လက္ကုိင္ဖုန္းကို စနစ္တက် အသံုးျပဳရင္ က်န္းမာေရးကို ထိခုိက္မႈ မရွိႏုိင္ေပမယ့္ ဖုန္းအသံုးျပဳပံု၊ အသံုးျပဳ နည္း မမွန္ကန္ရင္(ဥပမာ တစ္ခ်ိန္လံုး ဂိမ္းေဆာ့ေနတာ၊ အခ်ိန္ျပည့္ေဖ့စ္ဘြတ္ခ္ ၾကည့္ေနတာ၊ ဖုန္းကုိ နားနဲ႔ကပ္ၿပီး အ ခ်ိန္အၾကာႀကီး စကားေျပာေနတာ) က်န္းမာေရးကို ထိခုိက္ႏုိင္ပါတယ္။
ဒါ့အ ျပင္ သင့္ဖုန္းကုိ ထားတဲ့ေနရာေၾကာင့္ လည္း သင့္က်န္းမာေရးကို အေႏွာင့္အ ယွက္ျဖစ္ေစႏုိင္ပါတယ္။ ေအာက္ပါတုိ႔ ဟာ သင့္လက္ကုိင္ဖုန္းမထားသင့္တဲ့ ေနရာေတြပဲျဖစ္ပါတယ္ … ။
(1) ေဘာင္းဘီအေနာက္ဘက္အိတ္
ဒီေနရာက အမ်ဳိးသားေတြအတြက္ လက္ကုိင္ဖုန္းထားဖုိ႔ အႀကိဳက္ဆံုးေနရာ ပါ။ ေဘာင္းဘီအေနာက္ဘက္အိတ္မွာ ဖုန္းထည့္ထားတာေၾကာင့္ ဖုန္းခလုတ္နဲ႔ မေတာ္တဆထိမိၿပီး ဖုန္းေခၚမိသြားတာ မ်ဳိးေတြ ျဖစ္ႏုိင္သလုိ ႐ုတ္တရက္ထုိင္မိ တာေၾကာင့္ ဖုန္းမ်က္ႏွာျပင္ကြဲတာ၊ ဖုန္း ျပဳတ္က်ၿပီး ေပ်ာက္ရွတာေတြျဖစ္ႏုိင္ပါ တယ္။
ဒါ့အျပင္ အေနာက္ဘက္အိတ္မွာ ဖုန္းထည့္ထားတာေၾကာင့္ ေျခေထာက္ နာက်င္တဲ့ေ၀ဒနာခံစားရႏုိင္ပါတယ္ … ။
(2) ေဘာင္းဘီအေရွ႕ဘက္အိတ္တြင္ ထားျခင္း
ေဘာင္းဘီအေရွ႕ဘက္အိတ္မွာ ဖုန္းထားဖုိ႔လည္း မသင့္ေတာ္ပါဘူး။ အဲဒီ ေနရာမွာ ဖုန္းထည့္ထားတာက ဖုန္းကေန ထြက္လာတဲ့ သံလုိက္ေရာင္ျခည္ေတြ ေၾကာင့္ သုက္ပုိးအေရအတြက္နဲ႔ အရည္ အေသြးက်ဆင္းႏုိင္ပါတယ္။
(3) အတြင္းခံအက်ႌၾကားတြင္ ထားျခင္း
အမ်ဳိးသမီးေတြအေနနဲ႔ ဆုိင္ကယ္ စီးတဲ့အခါမွာ ဖုန္းျပဳတ္က်မွာစုိးလုိ႔ အ တြင္းခံအက်ႌၾကား အလြယ္ညႇပ္လုိက္တာ မ်ဳိး ရွိတတ္ပါတယ္။ ဒီလုိထည့္ထားတာ က ဖုန္းကလာတဲ့ ေရာင္ျခည္ေတြေၾကာင့္ သားျမတ္ကင္ဆာျဖစ္ႏုိင္ေျချမင့္မားႏုိင္ ပါတယ္။
(4) ေပါင္တံအထိအရွည္ရွိတဲ့ စလင္း ဘက္အိတ္ေသးေသးအတြင္းတြင္ ထားျခင္း
ဒီလုိမ်ဳိး ဖုန္းသယ္ေဆာင္တတ္သူ ေတြက တင္ပဆံုနဲ႔ ေပါင္တံတစ္၀ုိက္က အ႐ုိးေတြ အားနည္းသြားႏုိင္ပါတယ္။ စလင္းဘက္အိတ္ေသးေသးအသံုးျပဳ မယ့္အစား အိတ္ႀကီးႀကီးအသံုးျပဳၿပီး သယ္ေဆာင္သြားပါ။
(5) အေရျပားႏွင့္ ထိကပ္စြာ ထား ျခင္း
လက္ကုိင္ဖုန္းနဲ႔စကားေျပာတဲ့အခါ မွာ ဘလူးတုသ္ကုိ အသံုးမျပဳဘဲ ဒါမွ မဟုတ္ စပီကာမဖြင့္ဘဲ နားနဲ႔ကပ္ၿပီး အ သံုးျပဳတဲ့နည္းလမ္းကလည္း မွားပါ တယ္။
ဒီလုိအသံုးျပဳတာက ဖုန္းမ်က္ႏွာ ျပင္ေပၚက ဘက္တီးရီးယားေတြက သင့္ အေရျပားေပၚ အလြယ္တကူ ေရာက္သြား ၿပီး အေရျပားျပႆနာေတြ ျဖစ္လာႏုိင္ ပါတယ္။ ဖုန္းေျပာခ်င္တဲ့အခါမွာ သင့္ မ်က္ႏွာနဲ႔ အနည္းငယ္ခြာၿပီး ေျပာပါ။
(6) တစ္ညတာလံုးဖုန္းအားသြင္း ထားျခင္း
ကၽြန္မတုိ႔အမ်ားစုဟာ တစ္ေန႔တာ လံုး ဖုန္းအသံုးျပဳထားတဲ့အတြက္ ေနာက္ တစ္ေန႔အသံုးျပဳတဲ့အခါ ဘက္ထရီအား အျပည့္ျဖစ္ေနဖုိ႔ တစ္ညတာလံုး ဖုန္းအား သြင္းေလ့ရွိၾကပါတယ္။ ဒီလုိဖုန္းအား သြင္းတာက ဖုန္းဘက္ထရီသက္တမ္း တုိေစၿပီး ဖုန္းပ်က္စီးလြယ္ႏုိင္ပါတယ္။
(7) အလြန္ေအးေသာေနရာတြင္ ထားျခင္း
သင့္လက္ကုိင္ဖုန္းထဲမွ ပါ၀င္ ပစၥည္းေတြအားလံုးဟာ အပူခ်ိန္အကြာ အျခားအနည္းငယ္အတြင္းမွာသာ ခံႏုိင္ ရည္ရွိေအာင္ တည္ေဆာက္ထားတာပါ။
သူခံႏုိင္ရည္ရွိတဲ့အပူခ်ိန္အကြာအျခား ထက္ ေက်ာ္လြန္ေနရင္ ဖုန္းပ်က္စီး လြယ္ပါတယ္။ ဥပမာအားျဖင့္ ျပင္ပအပူ ခ်ိန္ သုညဒီဂရီရွိတဲ့ေနရာမွာ ဖုန္းထားရာ ကေန Heater ဖြင့္ထားတဲ့အိမ္ထဲကုိ သယ္ေဆာင္လာတဲ့အခါမွာ ဖုန္းပ်က္စီး ႏုိင္ပါတယ္။
(8) အလြန္ပူေသာေနရာတြင္ ထား ျခင္း
အလြန္ပူတဲ့ေနရာမွာ ဖုန္းထားတာ ကလည္း ဖုန္းအတြင္းက ဘက္ထရီ အလြယ္တကူ ပ်က္စီးႏုိင္ပါတယ္။ သင္ ရဲ႕လက္ကုိင္ဖုန္းကုိ မီးဖုိလုိမ်ဳိး အပူခ်ိန္ ျမင့္မားတဲ့ေနရာနဲ႔ ေနေရာင္ျပင္းျပင္းနဲ႔ တုိက္႐ုိက္ထိေတြ႕မယ့္ေနရာေတြမွာ မထားသင့္ပါဘူး။
(9) သင့္ကေလးငယ္တြန္းလွည္း အတြင္းတြင္ ထည့္ထားျခင္း
ႏုိ႔စုိ႔ကေလးေတြရဲ႕ မိခင္ေတြအေနနဲ႔ သူတုိ႔ရဲ႕ လက္ကုိင္ဖုန္းေတြကုိ ကေလး ငယ္ရဲ႕ တြန္းလွည္းအတြင္းက အိတ္ေတြ ထဲမွာ ထည့္ထားေလ့ရွိတတ္ၾကပါတယ္။
သင္ကုိယ္၀န္ေဆာင္ထားစဥ္မွာ လက္ ကုိင္ဖုန္းသံုးတာေၾကာင့္ သေႏၶသားေတြ က လက္ကုိင္ဖုန္းနဲ႔ ထိေတြ႕မႈမ်ားတာ ဒါ မွမဟုတ္ ေမြးကင္းစကေလးငယ္ေတြ အေနနဲ႔ လက္ကုိင္ဖုန္းနဲ႔ ထိေတြ႕မႈမ်ား တာေတြေၾကာင့္ အာ႐ံုစူးစုိက္မရတဲ့ ျပႆနာနဲ႔ အတက္ႂကြလြန္ျပႆနာေတြ ျဖစ္လာႏုိင္ပါတယ္။
(10) သင့္ေခါင္းအံုးေအာက္တြင္ ထားျခင္း
ဒီလုိထားတတ္တာေၾကာင့္ က်န္းမာ ေရးျပႆနာမ်ဳိးစံုျဖစ္ႏုိင္ပါတယ္။ ပထမ ဆံုးအေနနဲ႔ ဖုန္းကလာတဲ့ ေရာင္ျခည္ ေတြေၾကာင့္ အိပ္စက္မႈေဟာ္မုန္းထုတ္ လုပ္မႈမွာ အေႏွာင့္အယွက္ျဖစ္သြားတဲ့အ တြက္ အိပ္မေပ်ာ္တာ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မရတာေတြ ျဖစ္လာႏုိင္ပါတယ္။
ဒါ့ အျပင္ ဖုန္းက ထြက္လာတဲ့ေရာင္ျခည္ ေတြေၾကာင့္ ေခါင္းမူးတာနဲ႔ ေခါင္းကုိက္ တာ စတဲ့ ေ၀ဒနာေတြ ခံစားရႏုိင္ပါတယ္။
ဖုန္းအားသြင္းထားတဲ့အခ်ိန္မွာ ေခါင္းအံုး ေအာက္ထဲ ထည့္ထားတာေၾကာင့္ ဖုန္း ေပါက္ကြဲတာ၊ မီးေလာင္တာေတြလည္း ျဖစ္လာႏုိင္ပါတယ္။
ဒါေၾကာင့္ သင့္လက္ ကုိင္ဖုန္းထားဖုိ႔ အသင့္ေတာ္ဆံုးက အိမ္ ျပင္ထြက္ရင္ အိတ္ႀကီးႀကီးထဲထည့္ သယ္ ေဆာင္တာ ဒါမွမဟုတ္ သင့္လက္နဲ႔ ကုိင္သြားတာေတြျဖစ္ၿပီး အိပ္တဲ့အခါမွာ အိပ္ရာခုတင္ေဘးနားက စားပြဲခံုေပၚမွာ တင္ထားတာမ်ဳိးေတြပါ။
( ေဒါက္တာခင္မိုးမိုး)
Unicode
“သင့်လက်ကိုင်ဖုန်း မထားသင့်သောနေရာ (၁၀) ခု”
သင်ဟာ လက်ကိုင်ဖုန်းကို ပုံမှန် အသုံးပြုနေသူတစ်ယောက်ဖြစ်နေရင် တစ်နေ့ကို သင်ရဲ့ ဖုန်းနဲ့ထိတွေ့တဲ့အ ကြိမ်ပေါင်း ၂၆၀၀ ကျော်ရှိတယ်ဆိုတာ သင် သိပါရဲ့လား။ တစ်ချိန်လုံး ဖုန်းအ သုံးပြုသူတစ်ယောက်အနေနဲ့ ထိတွေ့တဲ့ အချိန်က အဲဒီထက်တောင် ပိုနိုင်ပါသေး တယ်။
လက်ကိုင်ဖုန်းတွေဟာ ယနေ့ ခေတ်အခါမှာ လူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်နေပါပြီ။ အိမ်သာသွား ရင်တောင်မှ လက်ကိုင်ဖုန်းပါမှ လုံလောက် မယ်လို့ ပြောရမယ့် အခြေအနေပါပဲ … ။
သင့်လက်ကိုင်ဖုန်းကို စနစ်တကျ အသုံးပြုရင် ကျန်းမာရေးကို ထိခိုက်မှု မရှိနိုင်ပေမယ့် ဖုန်းအသုံးပြုပုံ၊ အသုံးပြု နည်း မမှန်ကန်ရင်(ဥပမာ တစ်ချိန်လုံး ဂိမ်းဆော့နေတာ၊ အချိန်ပြည့်ဖေ့စ်ဘွတ်ခ် ကြည့်နေတာ၊ ဖုန်းကို နားနဲ့ကပ်ပြီး အ ချိန်အကြာကြီး စကားပြောနေတာ) ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
ဒါ့အ ပြင် သင့်ဖုန်းကို ထားတဲ့နေရာကြောင့် လည်း သင့်ကျန်းမာရေးကို အနှောင့်အ ယှက်ဖြစ်စေနိုင်ပါတယ်။ အောက်ပါတို့ ဟာ သင့်လက်ကိုင်ဖုန်းမထားသင့်တဲ့ နေရာတွေပဲဖြစ်ပါတယ် … ။
(1) ဘောင်းဘီအနောက်ဘက်အိတ်
ဒီနေရာက အမျိုးသားတွေအတွက် လက်ကိုင်ဖုန်းထားဖို့ အကြိုက်ဆုံးနေရာ ပါ။ ဘောင်းဘီအနောက်ဘက်အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ဖုန်းခလုတ်နဲ့ မတော်တဆထိမိပြီး ဖုန်းခေါ်မိသွားတာ မျိုးတွေ ဖြစ်နိုင်သလို ရုတ်တရက်ထိုင်မိ တာကြောင့် ဖုန်းမျက်နှာပြင်ကွဲတာ၊ ဖုန်း ပြုတ်ကျပြီး ပျောက်ရှတာတွေဖြစ်နိုင်ပါ တယ်။
ဒါ့အပြင် အနောက်ဘက်အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ခြေထောက် နာကျင်တဲ့ဝေဒနာခံစားရနိုင်ပါတယ် … ။
(2) ဘောင်းဘီအရှေ့ဘက်အိတ်တွင် ထားခြင်း
ဘောင်းဘီအရှေ့ဘက်အိတ်မှာ ဖုန်းထားဖို့လည်း မသင့်တော်ပါဘူး။ အဲဒီ နေရာမှာ ဖုန်းထည့်ထားတာက ဖုန်းကနေ ထွက်လာတဲ့ သံလိုက်ရောင်ခြည်တွေ ကြောင့် သုက်ပိုးအရေအတွက်နဲ့ အရည် အသွေးကျဆင်းနိုင်ပါတယ်။
(3) အတွင်းခံအင်္ကျီကြားတွင် ထားခြင်း
အမျိုးသမီးတွေအနေနဲ့ ဆိုင်ကယ် စီးတဲ့အခါမှာ ဖုန်းပြုတ်ကျမှာစိုးလို့ အ တွင်းခံအင်္ကျီကြား အလွယ်ညှပ်လိုက်တာ မျိုး ရှိတတ်ပါတယ်။ ဒီလိုထည့်ထားတာ က ဖုန်းကလာတဲ့ ရောင်ခြည်တွေကြောင့် သားမြတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားနိုင် ပါတယ်။
(4) ပေါင်တံအထိအရှည်ရှိတဲ့ စလင်း ဘက်အိတ်သေးသေးအတွင်းတွင် ထားခြင်း
ဒီလိုမျိုး ဖုန်းသယ်ဆောင်တတ်သူ တွေက တင်ပဆုံနဲ့ ပေါင်တံတစ်ဝိုက်က အရိုးတွေ အားနည်းသွားနိုင်ပါတယ်။ စလင်းဘက်အိတ်သေးသေးအသုံးပြု မယ့်အစား အိတ်ကြီးကြီးအသုံးပြုပြီး သယ်ဆောင်သွားပါ။
(5) အရေပြားနှင့် ထိကပ်စွာ ထား ခြင်း
လက်ကိုင်ဖုန်းနဲ့စကားပြောတဲ့အခါ မှာ ဘလူးတုသ်ကို အသုံးမပြုဘဲ ဒါမှ မဟုတ် စပီကာမဖွင့်ဘဲ နားနဲ့ကပ်ပြီး အ သုံးပြုတဲ့နည်းလမ်းကလည်း မှားပါ တယ်။
ဒီလိုအသုံးပြုတာက ဖုန်းမျက်နှာ ပြင်ပေါ်က ဘက်တီးရီးယားတွေက သင့် အရေပြားပေါ် အလွယ်တကူ ရောက်သွား ပြီး အရေပြားပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။ ဖုန်းပြောချင်တဲ့အခါမှာ သင့် မျက်နှာနဲ့ အနည်းငယ်ခွာပြီး ပြောပါ။
(6) တစ်ညတာလုံးဖုန်းအားသွင်း ထားခြင်း
ကျွန်မတို့အများစုဟာ တစ်နေ့တာ လုံး ဖုန်းအသုံးပြုထားတဲ့အတွက် နောက် တစ်နေ့အသုံးပြုတဲ့အခါ ဘက်ထရီအား အပြည့်ဖြစ်နေဖို့ တစ်ညတာလုံး ဖုန်းအား သွင်းလေ့ရှိကြပါတယ်။ ဒီလိုဖုန်းအား သွင်းတာက ဖုန်းဘက်ထရီသက်တမ်း တိုစေပြီး ဖုန်းပျက်စီးလွယ်နိုင်ပါတယ်။
(7) အလွန်အေးသောနေရာတွင် ထားခြင်း
သင့်လက်ကိုင်ဖုန်းထဲမှ ပါဝင် ပစ္စည်းတွေအားလုံးဟာ အပူချိန်အကွာ အခြားအနည်းငယ်အတွင်းမှာသာ ခံနိုင် ရည်ရှိအောင် တည်ဆောက်ထားတာပါ။
သူခံနိုင်ရည်ရှိတဲ့အပူချိန်အကွာအခြား ထက် ကျော်လွန်နေရင် ဖုန်းပျက်စီး လွယ်ပါတယ်။ ဥပမာအားဖြင့် ပြင်ပအပူ ချိန် သုညဒီဂရီရှိတဲ့နေရာမှာ ဖုန်းထားရာ ကနေ Heater ဖွင့်ထားတဲ့အိမ်ထဲကို သယ်ဆောင်လာတဲ့အခါမှာ ဖုန်းပျက်စီး နိုင်ပါတယ်။
(8) အလွန်ပူသောနေရာတွင် ထား ခြင်း
အလွန်ပူတဲ့နေရာမှာ ဖုန်းထားတာ ကလည်း ဖုန်းအတွင်းက ဘက်ထရီ အလွယ်တကူ ပျက်စီးနိုင်ပါတယ်။ သင် ရဲ့လက်ကိုင်ဖုန်းကို မီးဖိုလိုမျိုး အပူချိန် မြင့်မားတဲ့နေရာနဲ့ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့မယ့်နေရာတွေမှာ မထားသင့်ပါဘူး။
(9) သင့်ကလေးငယ်တွန်းလှည်း အတွင်းတွင် ထည့်ထားခြင်း
နို့စို့ကလေးတွေရဲ့ မိခင်တွေအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ကလေး ငယ်ရဲ့ တွန်းလှည်းအတွင်းက အိတ်တွေ ထဲမှာ ထည့်ထားလေ့ရှိတတ်ကြပါတယ်။
သင်ကိုယ်ဝန်ဆောင်ထားစဉ်မှာ လက် ကိုင်ဖုန်းသုံးတာကြောင့် သန္ဓေသားတွေ က လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများတာ ဒါ မှမဟုတ် မွေးကင်းစကလေးငယ်တွေ အနေနဲ့ လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများ တာတွေကြောင့် အာရုံစူးစိုက်မရတဲ့ ပြဿနာနဲ့ အတက်ကြွလွန်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
(10) သင့်ခေါင်းအုံးအောက်တွင် ထားခြင်း
ဒီလိုထားတတ်တာကြောင့် ကျန်းမာ ရေးပြဿနာမျိုးစုံဖြစ်နိုင်ပါတယ်။ ပထမ ဆုံးအနေနဲ့ ဖုန်းကလာတဲ့ ရောင်ခြည် တွေကြောင့် အိပ်စက်မှုဟော်မုန်းထုတ် လုပ်မှုမှာ အနှောင့်အယှက်ဖြစ်သွားတဲ့အ တွက် အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့ အပြင် ဖုန်းက ထွက်လာတဲ့ရောင်ခြည် တွေကြောင့် ခေါင်းမူးတာနဲ့ ခေါင်းကိုက် တာ စတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ဖုန်းအားသွင်းထားတဲ့အချိန်မှာ ခေါင်းအုံး အောက်ထဲ ထည့်ထားတာကြောင့် ဖုန်း ပေါက်ကွဲတာ၊ မီးလောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သင့်လက် ကိုင်ဖုန်းထားဖို့ အသင့်တော်ဆုံးက အိမ် ပြင်ထွက်ရင် အိတ်ကြီးကြီးထဲထည့် သယ် ဆောင်တာ ဒါမှမဟုတ် သင့်လက်နဲ့ ကိုင်သွားတာတွေဖြစ်ပြီး အိပ်တဲ့အခါမှာ အိပ်ရာခုတင်ဘေးနားက စားပွဲခုံပေါ်မှာ တင်ထားတာမျိုးတွေပါ။
( ဒေါက်တာခင်မိုးမိုး)