ငယ်ရွယ်စဉ်က ရုပ်ရည်ချောမောလွန်းလို့ ဇနီးမယား အယောက် 30 အထိရှိခဲ့ပေမဲ့ လက်ရှိမှာတော့ တောင်းစားနေရတဲ့ အဘိုးအို

ငယ်ရွယ်စဉ်က ရုပ်ရည်ချောမောလွန်းလို့ ဇနီးမယား အယောက် 30 အထိရှိခဲ့ပေမဲ့ လက်ရှိမှာတော့ တောင်းစားနေရတဲ့ အဘိုးအို

လူတွေဟာ ငယ်ရွယ်စဉ် ကျန်းမာရေးကောင်းလို့ ရှာဖွေစုဆောင်းထားနိုင်ချိန်မှာ နောက်အနာဂတ်အတွက် သစ္စာရှိတဲ့လက်တွဲဖော် နဲ့ ဥစ္စာစည်းစိမ်တွေ ရှာဖွေထားကြရမှာပါ ။ အဲ့လို့ မကြိုးစားခဲ့ရင်တော့ အိုမင်ရင့်ရော်ချိန် အထီးကျန်ဆန်ပြီး ဘဝကိုခက်ခဲစွာဖြတ်သန်းကြရမှာ မုချပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း ဗီယက်နမ်နိုင်ငံ အနောက်ဖက်ပိုင်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ငယ်ရွယ်စဉ်က အရမ်းကိုရုပ်ရည်ချောမောလွန်းလို့ နာမည်ကြီးခဲ့သူပါ ။ နှာခေါင်းကလည်း အရမ်းလှပြီး ၊ မျက်နှာတစ်ခုလုံး ကြွေရုပ်လေးလို လှလွန်းလို့ သွားတဲ့နေရာတိုင်း မိန်းကလေးတွေ ဝိုင်းဝိုင်းလည်သူပါ ။ ဒါတင်မကသေးဘဲ သီချင်းဆိုခြင်း နဲ့ ကခုန်ခြင်းတွေမှာပါ ကျွမ်းကျင်လို့ နာမည်ကြီးတဲ့အနုပညာရှင်တွေတောင် သူ့ကို သတိထားစိတ်ဝင်စားခဲ့ကြရပါတယ် ။

ဒါကြောင့် ကောင်မလေးတွေ အသည်းစွဲဖြစ်ခဲ့တဲ့အမျိုးသားဟာ သွားတဲ့နေရာတိုင်း မိန်းကလေးတွေတမ်းတမ်းစွဲဖြစ်ခဲ့တာကြောင့် ဇနီးမယားအယောက်ပေါင်း 30 ကျော်အထိရှိခဲ့ကြောင်း သိရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားဟာ ဇနီးမယားတွေအပေါ် ချစ်မိခဲ့တာမျိုးမရှိခဲ့လို့ နောက်ဆုံးဇနီးတွေက သူ့ကို ထားရစ်ခဲ့ကြပါတယ် ။ ဇနီးမယားတွေများလွန်းလို့ သားသမီးတွေလည်း အမြောက်အများရှိခဲ့သူပါ ။

သို့်ပေမဲ့လည်း အသက်အရွယ်ရပြီး အိုမင်းရင့်ရော်ခဲ့ချိန်မှာတော့ တဲစုတ်ကဲ့သို့သော အိမ်လေးမှာသာ နေခဲ့ရပြီး ၊ နေ့စဉ်နေ့တိုင်း အလုပ်မရှိလို့ တောင်းရမ်းစားသောက်နေခဲ့ရတာပါ ။ အိုမင်းလာတာနဲ့အလျောက် ရောဂါတွေလည်းရှိလာခဲ့တာမို့ ခန္ဓာကိုယ်ဟာ မသန်စွမ်းတော့ဘဲ ရုပ်ဆိုးလာခဲ့ပါတော့တယ် ။ နေအိမ်မှာလည်း ပစ္စည်းအဟောင်းတွေစုထားလို့ အဟောင်းထည်တွေနဲ့ ပြည့်နှက်လို့ရှိနေပါတယ် ။ ဇနီးမယား နဲ့ သားသမီးအမြောက်အများရှိခဲ့ပေမဲ့လည်း အိုမင်းလာခဲ့ချိန်မှာ ပြုစုစောင့်ရှောက်သူ တစ်ယောက်တောင်မရှိခဲ့လို့ အထီးကျန်ဆုံးဘဝနဲ့ ဖြတ်သန်းနေရကြောင်း သိရှိရပါတယ် ။

 

.

 

.

 

Zawgyi




Jasmine (NIKHIT)

Leave a Comment