ကြိုက်တဲ့စာအိတ်ရွေးပါ။ ရေးထားတဲ့ စာတွေ ဖတ်ကြည့်လိုက် သင်ရဲ့စိတ်ထားကိုပြောပြပေးလိုက်မယ်
ကြိုက်တဲ့စာအိတ်ရွေးပါ။ ရေးထားတဲ့ စာတွေ ဖတ်ကြည့်လိုက် သင်ရဲ့စိတ်ထားကိုပြောပြပေးလိုက်မယ်
၁။ ဒီစာကို ဖတ်နေသူရေ, တစ်ခါတစ်လေမှာ မင်းဟာ အောင်မြင်မှာပါ ဆိုတာကို ဘယ်သူမှ မယုံကြ တာမျိုးရှိ တတ်ပါတယ်။ သူတို့တောင် မအောင်မြင် ခဲ့တာကို မင်းအောင်မြင်မယ်လို့ ဘယ်သူမှ မထင်တာ ဒါသဘာဝ ပါ။
မင်းတစ်ခုခု အမှားလုပ်မိတဲ့ အခါဖြစ်ဖြစ်၊ သူတို့ ဟဒါသထွက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်သွားရင်ဖြစ်ဖြစ် မင်းကို အရှုံးသမားလို့ လူတွေက ပြောကြ လိမ့်မယ်။ သူတို့ မင်းကို မနာလိုလို့ ပြောတာလည်း ဖြစ်နိုင် တာပဲ။
ပြောတဲ့သူဟာ မင်းရဲ့ မိသားစုဝင်လည်း ဖြစ်နိုင်သလို သူငယ်ချင်းလဲ ဖြစ်နေနိုင်ပါတယ်။ ဝမ်းမနည်းပါနဲ့။ မင်းတကယ် အရှုံးမပေး သရွေ့ မင်းမရှုံး ပါဘူး။ မင်းဟာ တစ်နေရာရာမှာတော့ အောင်မြင် မှာပါ။ ယုံကြည်ချက် ခိုင်ခိုင် ထားပါ။ မင်းဟာ မင်းထင် တာထက် လေးစားစရာကောင်းတဲ့ သူတစ်ယောက်ပါ။
၂။ ဒီစာကို ဖတ်နေသူရေ, မင်းက လူတိုင်းကို သနားကြင်နာ တတ်တယ် ထင်တယ်။ ဒါပေမယ့် မင်းကိုယ်မင်း ဒီလိုဖြစ်နေ တာကို မကြိုက်ဘူ းမလား။ မင်းပေးတဲ့ အချစ်အတိုင်း ပြန်မရတာများလို ့လေ။ ဒါပေမယ့် မပြောင်းလဲ လိုက်ပါနဲ့။
မင်းဟာလူတွေ လုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်နေသူပါ။ အလကားလုပ်ယူလို့ရတဲ့ ကြင်နာမှု၊ ဖေးမမှုကိုတောင် တွန့်တိုနေတဲ့ လောကကြီးမှာ မင်းက ရက်ရောတဲ့ မေတ္တာရှင်တစ်ယောက်ဖြစ်နေရတာ ဂုဏ်ယူ လိုက်စမ်း ပါ။
တစ်ချိန်ချိန်မှာ မင်းချစ်တာ ထက်တောင် မင်းကို ပိုချစ်မယ့်သူတွေ တစ်ယောက်မ က ပေါ်လာ ပါလိမ့် မယ်။ ကြင်နာမှု ဆိုတာ ရောင်ပြန်ဟပ်ပါတယ်။
၃။ ဒီစာကို ဖတ်နေသူရေ, မင်းဟာ ဟန်ဆောင်ကောင်းနိုင်သူကြီးတစ်ယောက်ပါ။ လူတွေက မင်းကို ခံစားချက်မရှိ အေးစက် စက်ကြီးလို ့ထင်တတ် ကြတယ်။ အမှန်တော့ မင်းက ကြင်နာတတ်တဲ့လူ တစ်ယောက်ဖြစ် ခဲ့ပါတယ်။
ဒါပေမယ့် မင်းလူ့လောကကြီးရဲ့ အမှောင်ဘက်ခြမ်းကို မြင်ခဲ့လိုက်ရတဲ့အတွက် မင်းလူတွေကို စိတ်ပျက်ပြီး အဖက် မလုပ်ချင်တော့ ဘူး။ မင်းပေးခဲ့တဲ့ အနစ်နာခံမှုတွေ နှလုံးသားတွေကို လူတွေက နင်းခြေဖျက်စီး ပစ်တာကို ခံခဲ့ ရတယ်။
အဲ့ဒီနာကျင်မှုတွေကို မင်းအတွင်း စိတ်ထဲမှာ သိုသိပ်ထား ရတဲ့ အတွက် မင်းက လောကဓံကို တောင့်ခံနိုင်တဲ့ လူတစ်ယောက်ဖြစ်နေ ပါပြီ၊ မင်းဟာ ဘယ်သူဖြိုဖြို မပြိုနိုင်တဲ့ တောင်တစ်လုံးဖြစ်နေ ပါပြီ။
မင်းဟာ သေချာပေါက်အောင်မြင်မယ့် လူတစ်ယောက်ပါ။ တစ်နေ့မှာ မင်းရဲ့ ရင်ဘတ်ထဲက ဒဏ်ရာ အမာရွတ်တွေကို “အရမ်းနာခဲ့ မှာပဲနော်” လို့ပြော လာမယ့် လူတစ်ယောက် မင်းဆီရောက်လာ ပါလိမ့် မယ်။
၄။ ဒီစာက်ု ဖတ်နေသူရေ, မင်းအကြားချင်ဆုံး စကားတွေကို ဘယ်သူမှ မပြောပေးကြဘူးမလား။ အခု ငါပြောပြ မယ် မှတ်ထား …. မင်းဟာ သူငယ်ချင်းကောင်း ပီသတဲ့ သူပါ။ မင်းဟာ ဘာမှပြင်စရာ မလိုတော့အောင် ပြီးပြည့် စုံနေပါပြီ။
မင်းအပြုံးက လူတွေကို ပျော်စေတယ်။ မင်းဟာ တစ်ဖက်သားကို စာနာတတ်တယ်။ လူတွေရဲ့ ခံစားချက်တွေကို ဂရုစိုက်ပေး တယ်။ မင်းကို ချစ်ကြ တယ်။ မင်းကို ဂရုစိုက် ကြတယ်။ မင်းကလည်း လူတွေကို ပြန်ဂရုစိုက်ပေးတယ်။
မင်းဟာ သိပ်ခင်ဖို့ကောင်းတဲ့ သူပဲ။ မင်းဟာ လောကကြီးကို နေချင်စဖွယ် ဖြစ်အောင် လုပ်ပေးနေတဲ့ လူတစ်ယောက်ပဲ။ အဲ့ဒီ အတွက် လောကကြီးက ကျေးဇူးတင်နေ ပါတယ်။ ဆက်ကြိုးစားပါ။
၅။ ဒီစာကို ဖတ်နေသူရေ, မင်းဟာ လူတစ်ယောက်ယောက်ကို ချစ်မိနေ တယ်လို့ ထင် တယ်။ ယောင်တောင်ပေါင်တောင် လုပ်မနေ ပါနဲ့။ ပြောစရာ ရှိတာပြောချ လိုက်ပါ။ အချိန်တွေက သွားနေတာနော် ရပ်နေတာ မဟုတ် ဘူး။ အချစ်မှာ ကျားမ မရှိဘူး။
အသည်းနှလုံး ရှိသူတိုင်း ချစ်ကြတာပဲ၊ ရှက်စရာ မဟုတ်ဘူး။ သူမင်းကို ငြင်းလည်း ငြင်းပေါ့။ မင်းဘဝကို အလင်းရောင်ပေးပြီး နွေးထွေးပေးမယ့် လူက ဒီလောက ကကြီးမှာ ရှိကို ရှိတယ်၊ ဒီတစ်ယောက်မှ မဟုတ်ဘူး ဆိုတာ သတိရပါ။ အဓိက မင်းဖွင့်ပြောဖြစ်ဖို့ပဲ။ ဒါမှ မင်းနောင်တရရမယ့် အဖြစ်တွေ မရှိပဲ ဘဝကို ရှင်သန်နိုင်မှာ။
Credit