ဂီတာတစ်လက် ဝယ်​တော့မယ်ဆို.. သင်.. ဘာတွေ စစ်ဆေးပြီး ဝယ်ယူကြမလဲ 

ဂီတာတစ်လက် ဝယ်​တော့မယ်ဆို.. သင်.. ဘာတွေ စစ်ဆေးပြီး ဝယ်ယူကြမလဲ

ဂီတာတလတ် ဝယ်ယူတော့မယ်ဆိုရင်
နေရာ ၂ နေရာကို စစ်ရပါမယ်။
ဖလပ်နဲ့ ဘရိတ်ခုံ ဖြစ်ပါတယ်။

ဂီတာဖလပ်မှ Damage ဖြစ်နိူင်ချေ ( ၃ ) မျိုးရှိပါတယ်။
၁။ဂီတာဖလပ် အလယ်​နေရာတွင် ခွပ်နေခြင်း၊အလယ်နေရာများတွင် မြင့်တတ်နေခြင်း၊
၂။ဂီတာဖလပ် အရှေ့သို့ လိုက်ပါနေခြင်း၊
၃။ဂီတာဖလပ် အလယ်နေရာတွင် မို့တတ်နေခြင်း၊ဖလပ်အရှေ့သို့ အလွန်အမင် ဆိုက်ဆင်နေခြင်း

၁။ဂီတာဖလပ် အလယ်​နေရာတွင် ခွပ်နေခြင်း၊အလယ်နေရာများတွင် မြင့်တတ်နေခြင်း၊
စစ်ဆေးနိူင်ရန်အတွက် –
-ဂီတာကြိုးအား ညှိထားပေးပါ။
-ဂီတာ ဖလပ်ရဲ့ ဒုတိယဘားအကွက် ၆ ကြိုးအား ဘယ်လက်ညှိနဲ့ ဖိထားပါ။
ဂီတာဖလပ်ရဲ့ နောက်ဆုံးဘားအကွက် ၆ ကြိုးကိုလည်း ညာလက်ညှိနဲ့ ထပ် ဖိထားပေးပါ။
-လက်ညှိများသည် အ​ရှေ့နဲ့အနောက် တပြိုင်တည်းဖိထားတဲ့ အနေထားဖြင့် ၆ကြိုးကို အနိမ့်အမြင့်ကို ကြည့်ရမှာပါ။

-၆ကြိုးသည် ၄ ကွက်မြောက်မှစ၍ ၁၂ ကွက်မြောက်ရှိ ကြားနေရာ (တနည်း) အလယ်နေရာတွေမှာ ၆ ကြိုးသည် ဖလပ်အပေါရှိ ဘားချေားများနဲ့ နီးကပ်နေရပါမယ်။

-ဂီတာဖလပ် အလယ်နေရာများတွင် ၆ ကြိုးဟာ ဂီတာဘားများနဲ့ နီးကပ်နေခြင်း မရှိပဲ.. အလွန်မင် အရမ်းဟနေမယ်.. မြင့်တတ်နေတယ်ဆိုရင်တော့ ဖလပ်ခွပ်တယ်လို့ ယူဆနိူင်ပါတယ်။

ဒီလို ဖလပ်ခွပ်တဲ့ ဂီတာများ ရွေးချယ်မိရင် –
လူကြီးမင်းတို့ရဲ့ ဂီတာများဟာ ကျူနီတွေဝဲလို့
အသံတွေ ကြောင်ကာ..တီးရ ဆိုရ ခက်နေမှာ ဖြစ်ပါတယ်။

၂။ဂီတာ ဖလပ် အရှေ့သို့ လိုက်ပါနေခြင်း
စစ်ဆေးနိူင်ရန် –
-ဂီတာကြိုးများ ညှိထားပေးပါ။
-ဂီတာ ဖလပ် ဒုတိယ အကွက်မှ စ၍ 1 to 6 ကြိုး ၆ကြိုးစလုံးသည် အနောက်ဘရိတ်ရှိ နောက်တုံးအထိ ကြိုးများဟာ တပြေညီတည်း မြင့်တတ်နေတယ်ဆိုရင်တော့ ဖလပ်အရှေ့ကို လိုက်ပါနေတဲ့ ဂီတာလို့ ယူဆရပါမယ်။

ဒီလို အရှေ့လိုက်ပါတဲ့ ဂီတာများ ရွေးချယ်မိရင် –
လူကြီးမင်း ဂီတာသည် ကြိုးများ ညှိရခက်သလို၊
ကျူနီတွေ ဝဲနိူင်ပါတယ်။အခန့်မသင့်ရင် ကြိုးခဏခဏ ပြတ်တတ်ပါတယ်။

၃။ဂီတာဖလပ် အလယ်​နေရာတွင် မို့နေခြင်း
စစ်ဆေးနိူင်ရန် –
– ဂီတာကို ကြိုးညှိကြည့်ပါ။
-ဂီတာကြိုးများ ညှိတဲ့အခါ (သို့မဟုတ်) ကောဒ့်Chord ​များ ကိုင်တီးတဲ့အခါ ကြိုး တစ်ချောင်း.. နှစ်ချောင်းလောက်သာ ဘားငြိနေသလို မဟုတ်ပဲ..
​ 1 to 6 ကြိုး ၆ ကြိုးစလုံးဟာ ဘားတွေနဲ့ ကပ်နေလို့ တဂျိဂျိ.. တဂျိဂျိ အသံတွေပဲ ထွက်​နေမှာပါ။
-ဂီတာကြိုးညှိမရအောင်..ဂီတာတီးမရအောင် ကြိုး ၆ကြိုးစလုံး တဂျိဂျိနဲ့သာ အသံပဲထွက်​နေတယ်ဆို ဖလပ် အလယ်တွင် မို့နေတယ်လို့ ယူဆရပါမယ်။

ဒီလို ဖလပ်မို့တဲ့ဂီတာများ ရွေးချယ်မိရင်
ဂီတာ ပြုပြင်ဆိုင်သာ ပြေးကြပါလို့ အကြံပြုပါရစေ..

ဂီတာ ဘရိတ်ခုံ စစ်ဆေးခြင်း…
စစ်ဆေးနိူင်ရန် –
– ဂီတာဘရိတ်ခုံနေရာရှိ မျက်နှာဖုံးသည် မို့တတ်နေခြင်း၊ဖောင်းနေခြင်း မရှိရပါ။
-ဂီတာ ဘရိတ်ခုံသည်သည် ဂီတာဖလပ်ရှိရာ အရှေ့သို့ လန်နေခြင်းလည်း မရှိရပါ။

ဒီလို ဘရိတ်ခုံ လန်နေခြင်း၊မို့တတ်နေခြင်းအား ရွေးမိပါက
ဂီတာ ကျူနီများ အသံဝဲတတ်ပါသည်။
မျက်နှာဖုံ ရေရှည် မခံနိူင်ပါ။

ဂီတာကို ဘယ်လို အခြေနေဆို ဝယ်သင့်သလဲ
– အထက်ပါ ဖလပ် Damage ၃ မျိုးစလုံး Damage များမရှိခြင်း၊
– ဂီတာဘရိတ်ခုံ Damage မရှိခြင်း၊
-ဂီတာ ဖလပ်အနောက် ဇတ်ပိုးနေရာ Damage မရှိခြင်း
– ဂီတာကြိုးအနိမ့်အမြင့်သည် ရှေ့ဆုံး အကွက်မှ နောက်ဆုံး အကွက်ထိ တပြေညီ အနိမ့်၊အမြင့် ( 1 Cetimete ရဲ့တဝက်) သို့မဟုတ် – လက်သည်ခွံ တဝက်ထက်အနည်းငယ် လျော့တဲ့အနိမ့်အမြင့် တညီတည်းဆို ပိုအဆင်ပြေပါတယ်။

ကဲ.. ဂီတာချစ် မိတ်ဆွေများလည်း ဂီတနဲ့အတူ ပျော်ရွင်ပါစေကြောင်း ဆုမွန်ကောင်းပြုလျက်

ကျေးဇူးတင်ရှိစွာဖြင့်
Ko Thura Music
အမှတ် ၂ လမ်းမကြီး၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်ကျောင်းရှေ ့၊ ရန်ကုန်မြို့
Ph – 09792292006
#crd

Leave a Comment