စင်ပေါ်မှာ သီချင်းဆိုတာတောင် ကလေးမလေးတစ်ယောက်ကို ထီးမိုးခိုင်းခဲ့တဲ့ အပြုအမူကြောင့် …

ပရိသတ်ကြီးရေ ကလေးဘဝ ကတည်းက ဆိုကရေးတီး သီချင်းဆိုပြိုင်ပွဲ တွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့သူလေး ဖြစ်ပြီး ငယ်စဥ်ထဲက

 

ပရိသတ်တွေရဲ့ သတိပြုမိမှုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အေးမြဖြူကတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

သူမဟာ ငယ်ရွယ်စဥ် ကလေး ဘဝထဲက ခေတ်ပေါ်သီချင်းများ သာမက မြန်မာသံစဥ်သီချင်းများကိုပါ သီဆိုနိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကတော့

နိုင်ငံကျော် သီချင်းဆိုပြိုင်ပွဲကြီး ဖြစ်တဲ့ Myanmar Idol Season (4) သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့

အောင်မြင်လာခဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိချိန်မှာလည်း အေးမြဖြူဟာ ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ်ဆိုသလို လုပ်ကိုင်နေတာ ပဲဖြစ်ပါတယ်။

နိုင်ငံရေး အခြေအနေတွေ ကြားထဲမှာပဲ ဝေဖန်မှုတွေ ခံနေရတဲ့ အေးမြဖြူ ဟာ ဒီတစ်ခါမှာလည်း သူမရဲ့ ရုပ်လေးနဲ့မလိုက်ဖက်တဲ့ လုပ်ရပ်တစ်ခုကို လုပ်လိုက်ပြန်တယ်ဆိုပြီး​

ထပ်မံပြီး လူပြောခံနေရပြန်တာကို တွေ့မြင်ရပါတယ်။ အဆိုတော်မလေးအေးမြဖြူက အလှူပွဲတစ်ခုရဲ့ စတိတ်စင်ပေါ်မှာ သီချင်းဆိုရာမှာ ကလေးမလေးတစ်ယောက်ကို

သူမ သီချင်းဆိုတဲ့ တလျှောက်လုံး ထီးဆောင်းခိုင်းထားတဲ့ အပြုအမူ ကြောင့် ပရိသတ်တွေက မာန်တက် မောက်မာလွန်းတယ်ဆိုပြီး မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ် ဆန္ဒပြပွဲတွေမှာလည်း ရွယ်တူ သူငယ်ချင်းတွေကြားမှာ ပြဿနာတွေ ဖြစ်ခဲ့ရပြီး ထိုစဥ်က သူမရဲ့ အပြုအမူတွေအတွက်လည်း

 

အစဥ်တစိုက် အားပေးလာခဲ့ကြတဲ့ ပရိသတ်တွေဟာ စိတ်ပျက်နေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါ မှာလည်း အေးမြဖြူကတော့ လူသိများ တဲ့ အဆိုတော်တစ်ယောက်အနေနဲ့

ပရိသတ်တွေ ရှေ့မှာ မလုပ်သင့်တဲ့အပြုအမူမျိုးကို လုပ်ခဲ့ပြန်လေရက်တယ် ဆိုပြီး ဒေါပွ ဝေဖန် ပြောဆိုလာကြတာကို ကြုံတွေ့နေရတာပဲ ဖြစ် ပါတယ်။

ယခုလုပ်ရက်ကြောင့် ပရိသတ်ပြည်သူများစွာရဲ့ ဝေဖန်ပြောဆိုမှုကို ခံနေရပေမယ့် တချို့သော သူမရဲ့ အမာခံပရိသတ်များကတော့ စင်ပေါ်မှာ သီဆိုတာဖြစ်ပေမယ့်

ထိုသို့သီဆိုစဥ်က အေးမြဖြူတစ်ယောက် နေမကောင်းလို့ အဆိုပါကလေးမလေးအား ထီးမိုးခိုင်းကာ ထီးရိပ်ခိုကာ သီဆိုဖျော်ဖြေခဲ့ရတာသာ ဖြစ်ကြောင်း ဖြေရှင်းထားတာကို တွေ့ရပါတယ်။

လူအများ ဝေဖန်ပြောကြားလျှက်ရှိသော အေးမြဖြူ ထီးမိုးခိုင်းပြီး သီချင်းသီဆိုသော ဗီဒီယိုဖိုင်အား ပရိသတ်များ ကြည့်ရှု့ဝေဖန်နိုင်ရန် အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

(Zawgyiဖြင့် ဖတ်ရန်)



သူမဟာ ငယ်ရွယ်စဉ် ကလေးဘဝထဲက ခေတ်ပေါ်သီချင်းများ သာမက မြန်မာသံစဉ်သီချင်းများကိုပါ သီဆိုနိုင်ခဲ့သူ တစ်ဉီးဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကတော့

 





 




 




Leave a Comment