ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်

ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း

ဆီချက်လေးမွှေးအောင်ချက်ပြီး ကြာရှည်သိမ်းထားချင်သူများအတွက်ပါရှင်.. ဆီချက်ချက်ဖို့ ကြက်သွန်နီပါးပါးညီညီ ကြက်သွန်ဖြူပါးပါးညီညီ လှီးထားပါ..

အထူအပါးမညီရင် အကျက်လဲ မညီတတ်လို့ပါရှင်.. ကြာရှည်ထားချင်ရင်တော့ ဆီသန့်ကို သုံးပေးပါနော်.. တခုခုအရင်ကြော်ထားမိတဲ့ဆီကို မသုံးပဲ ဆီသစ်ကိုသာ သုံးပါရှင်

အပြင်မှာထားရင် ၂ ပတ်လောက်ထားလို့ရပါတယ်ရေခဲသေတ္တာထဲသိမ်းရင်တော့ ၃ လလောက် အထားခံပါတယ်.. လေလုံတဲ့ ပုလင်းလေးနဲ့ထားရင်ပျော့မသွားပဲ ကြွပ်ရွနေပါတယ်.. ကြက်သွန်နီကို အရင်ကြော် ရွှေရောင်သန်းလာရင် ဆယ်ပြီး ဖွကာဆီ စစ်ထားပါ။

မဖွပေးရင် အထဲဘက်ကအပူချိန်ကြောင့် ကျွမ်းသွားတတ်ပါတယ်.. ကြက်သွန်ဖြူကြော်ရင်တော့ ဆီဒယ်အိုးထဲ ဒန်ဇကာလေးခံပြီးကြော်တာက အဆင်ပြေဆုံးပါ.. ကြက်သွန်ဖြူက ကျွမ်းလွယ်ပါတယ်..

ကြက်သွန်နီကြော်လိုလဲ ဆယ်လိုက်ရင် ထွေးပြီး ပါမလာပါဘူး..ဆယ်နေရင်းက ဆီထဲပြန်ပြန်ပါသွားတတ်တာမို့ လက်မမြန်ရင် ကျွမ်းပြီးတူးကုန်ရော.. တူးတော့ ခါးပြီး မွှေးလဲမမွှေးတော့ပါဘူး..

ဒါ့ကြောင့်ဆီဒယ်အိုးထဲဇကာခံပြီး ကြော်တာက အရမ်းအဆင်ပြေပါတယ်.. ကြက်သွန်ဖြူကြော်လဲ ဆယ်ပြီးပြီဆိုမှ မီးပိတ်ပြီး ဆီအိုးထဲ ဆနွင်းမှုန့်ခပ်ပါရှင်..

ဆနွင်းကတူးရင် အရမ်းခါးပါတယ်.. ဆနွင်းအထည့်စောရင် ဆနွင်းတူးပြီး ဆီချက်က ခါးသက်သက်ဖြစ်စေပါတယ်.. ကြက်သွန်နီကြော်၊ ဖြူကြော်ဆီအေးပြီဆိုမှ

ပုလင်းလေးထဲ ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် အသုပ်စားချင်တဲ့အချိန် ထသုပ်လို့ လွယ်ကူမြန်ဆန်ပါတယ်.

Crd

Zawgyi
ဆီခ်က္ေလးေမႊးေအာင္ခ်က္ၿပီး ၾကာရွည္သိမ္းထားခ်င္သူမ်ားအတြက္ပါရွင္.. ဆီခ်က္ခ်က္ဖို႔ ၾကက္သြန္နီပါးပါးညီညီ ၾကက္သြန္ျဖဴပါးပါးညီညီ လွီးထားပါ..

အထူအပါးမညီရင္ အက်က္လဲ မညီတတ္လို႔ပါရွင္.. ၾကာရွည္ထားခ်င္ရင္ေတာ့ ဆီသန႔္ကို သုံးေပးပါေနာ္.. တခုခုအရင္ေၾကာ္ထားမိတဲ့ဆီကို မသုံးပဲ ဆီသစ္ကိုသာ သုံးပါရွင္

အျပင္မွာထားရင္ ၂ ပတ္ေလာက္ထားလို႔ရပါတယ္ေရခဲေသတၱာထဲသိမ္းရင္ေတာ့ ၃ လေလာက္ အထားခံပါတယ္.. ေလလုံတဲ့ ပုလင္းေလးနဲ႕ထားရင္ေပ်ာ့မသြားပဲ ႂကြပ္႐ြေနပါတယ္.. ၾကက္သြန္နီကို အရင္ေၾကာ္ ေ႐ႊေရာင္သန္းလာရင္ ဆယ္ၿပီး ဖြကာဆီ စစ္ထားပါ။

မဖြေပးရင္ အထဲဘက္ကအပူခ်ိန္ေၾကာင့္ ကြၽမ္းသြားတတ္ပါတယ္.. ၾကက္သြန္ျဖဴေၾကာ္ရင္ေတာ့ ဆီဒယ္အိုးထဲ ဒန္ဇကာေလးခံၿပီးေၾကာ္တာက အဆင္ေျပဆုံးပါ.. ၾကက္သြန္ျဖဴက ကြၽမ္းလြယ္ပါတယ္..

ၾကက္သြန္နီေၾကာ္လိုလဲ ဆယ္လိုက္ရင္ ေထြးၿပီး ပါမလာပါဘူး..ဆယ္ေနရင္းက ဆီထဲျပန္ျပန္ပါသြားတတ္တာမို႔ လက္မျမန္ရင္ ကြၽမ္းၿပီးတူးကုန္ေရာ.. တူးေတာ့ ခါးၿပီး ေမႊးလဲမေမႊးေတာ့ပါဘူး..

ဒါ့ေၾကာင့္ဆီဒယ္အိုးထဲဇကာခံၿပီး ေၾကာ္တာက အရမ္းအဆင္ေျပပါတယ္.. ၾကက္သြန္ျဖဴေၾကာ္လဲ ဆယ္ၿပီးၿပီဆိုမွ မီးပိတ္ၿပီး ဆီအိုးထဲ ဆႏြင္းမႈန႔္ခပ္ပါရွင္..

ဆႏြင္းကတူးရင္ အရမ္းခါးပါတယ္.. ဆႏြင္းအထည့္ေစာရင္ ဆႏြင္းတူးၿပီး ဆီခ်က္က ခါးသက္သက္ျဖစ္ေစပါတယ္.. ၾကက္သြန္နီေၾကာ္၊ ျဖဴေၾကာ္ဆီေအးၿပီဆိုမွ

ပုလင္းေလးထဲ ထည့္ၿပီး ေရခဲေသတၱာထဲထည့္ထားရင္ အသုပ္စားခ်င္တဲ့အခ်ိန္ ထသုပ္လို႔ လြယ္ကူျမန္ဆန္ပါတယ္.

Crd

Leave a Comment